[Zawgyi]





[Unicode]

 

Huawei ကတော့ ဥရောပနဲ့ မြောက်အမေရိကဈေးကွက်ကို ဦးတည်ပြီးတော့ စမတ်ဖုန်းသစ်တစ်လုံး မိတ်ဆက်လာဖို့ ပြင်ဆင်နေပါပြီ။  အခုတော့ FCC ရဲ့ ဝဘ်ဆိုဒ်မှာ Huawei P Smart 2019 ဆိုတဲ့ဖုန်းတစ်လုံးက သူ့ရဲ့ Specs တွေနဲ့အတူ ရောက်လာခဲ့ပါပြီ။

ဖုန်းရဲ့ မော်ဒယ်လ်နံပါတ်ကိုတော့ POT-LX3 လို့ နာမည်ပေးထားပါတယ်။ FCC မှာ ပြထားတဲ့ ပုံကြမ်းတွေအတိုင်းဆို နောက်ဘက် Dual-Camera ကို ဒေါင်လိုက်ထားထားပြီး Fingerprint Scanner လည်း ရှိနေပါမယ်။ ရှေ့ဘက်မှာတော့ Notch တစ်ခုရှိနေပြီး ဆိုဒ်လေးလည်းအရမ်းသေးတဲ့အတွက်ကြောင့် သေချာပါတယ် Waterdrop Notch ပဲဖြစ်ဦးမှာပါပဲ။

Screen Size ကတော့ 6.2 inch, RAM 3GB, Internal Storage 32GB or 64GB နဲ့ ပထမ Original P Smart တုန်းက Kirin 659 နဲ့လာတဲ့အတွက် ဒီတစ်ခေါက်ကတော့ Kirin 710 နဲ့ လာမယ်လို့မှန်းရပါတယ်။ ပေးထားတဲံ LTE Bands တွေအရဆို Single SIM နဲ့ Dual-SIM ဆိုပြီး ၂မျိုးလာနိုင်ပြီး  Battery ကတော့ 3320mAh နဲ့ဖြစ်မှာပါ။

သူ့ကိုတော့ မကြာခင်မိတ်ဆက်လာတော့မှာဖြစ်ပြီး January လရဲ့ ပထမဆုံးသော ဖုန်းလေးလည်း ဖြစ်နိုင်ပါတယ်။ ဈေးနှုန်းကတော့ ပြထားတဲ့အတိုင်းဆို ၁၉၉ ယူရိုလောက်ရှိမှာဖြစ်ပါတယ်။