[Zawgyi]

Huawei ဟာ သူ႔ရဲ႕ Budget ဖုန္းသစ္တစ္မ်ိဳးျဖစ္တဲ့ Huawei P Smart (2019) ကို ဒီႏွစ္မကုန္ခင္မွာ ျဖန႔္ျဖဴးဖို႔ ျပင္ဆင္ေနတယ္လို႔ သိရပါတယ္။ ဒီဖုန္းဟာ ကုမၸဏီက သိပ္မၾကာေသးမီကပဲ ျဖန႔္ျဖဴးလိုက္တဲ့ Honor 10 Lite ကို အေျခခံထားၿပီး အေသးအဖြဲေလးေတြပဲ ေျပာင္းလဲသြားမွာလို႔ သိရပါတယ္။

P Smart (2019) ဟာ Kirin 710 SoC အသုံးျပဳထားၿပီး 6.2-inch LCD 1080 x 2340 Pixel Resolution နဲ႔ ထြက္လာမယ္လို႔ သိရပါတယ္။ မ်က္ႏွာျပင္အခ်ိဳးက 19.9:9 ျဖစ္ၿပီး ထိပ္ Bezel ကို အေသးဆုံးျဖစ္ေအာင္ အားထုတ္ထားပါတယ္။ အေရွ႕ကင္မရာကေတာ့ ေသးငယ္တဲ့ Notch ထဲမွာ ရွိေနပါတယ္။

P Smart (2019) ဟာ Budget စမတ္ဖုန္းျဖစ္ေပမယ့္ Memory 4GB နဲ႔ သိုေလွာင္မႈအတြက္ 64GB ကေတာ့ အေျခခံအားျဖင့္ သုံးထားမယ္လို႔ ယူဆရပါတယ္။ အခုအခ်ိန္အထိ အတည္ျပဳလို႔မရေသးတဲ့ထဲမွာ ကင္မရာေတြ အေၾကာင္းလည္း ပါဝင္ပါတယ္။ Honor 10 Lite နဲ႔ သိပ္ၿပီးကြာဟမႈမရွိဘူးဆိုရင္ေတာ့ အေနာက္ကင္မရာ ႏွစ္လုံးဟာ 13MP အဓိက ကင္မရာနဲ႔ 2MP depth Sensor ဒုတိယ ကင္မရာကို သုံးမယ္လို႔ ေမွ်ာ္လင့္ရပါတယ္။ အေရွ႕ကင္မရာကေတာ့ 24MP ပဲ ျဖစ္မယ္လို႔ ေမွ်ာ္လင့္ရပါတယ္။

Huawei P Smart (2019) ကို 3,400mAh ဘက္ထရီ နဲ႔ MicroUSB ပဲ သုံးထားမယ္ဆိုရင္ အံ့ၾသစရာေတာ့ မဟုတ္ပါဘူး။ ဒါေပမယ့္ OS ပိုင္းမွာေတာ့ Android 9.0 Pie ကို သုံးလို႔ရမယ္လို႔ ေမွ်ာ္လင့္ႏိုင္မွာပါ။ ရရွိႏိုင္မယ့္ အေရာင္ေတြက Midnight Black နဲ႔ Aurora Blue တို႔ ျဖစ္ႏိုင္ဖြယ္ ရွိပါတယ္။ Huawei အေနနဲ႔ P Smart (2019) ကို လာမယ့္ ရသတၱပါတ္ အနည္းငယ္မွာ မိတ္ဆက္ၿပီး ေရာင္းခ်ေတာ့မယ္လို႔ ယူဆရပါတယ္။

Ref: GSMarena

[Unicode]

Huawei ဟာ သူ့ရဲ့ Budget ဖုန်းသစ်တစ်မျိုးဖြစ်တဲ့ Huawei P Smart (2019) ကို ဒီနှစ်မကုန်ခင်မှာ ဖြန့်ဖြူးဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။ ဒီဖုန်းဟာ ကုမ္ပဏီက သိပ်မကြာသေးမီကပဲ ဖြန့်ဖြူးလိုက်တဲ့ Honor 10 Lite ကို အခြေခံထားပြီး အသေးအဖွဲလေးတွေပဲ ပြောင်းလဲသွားမှာလို့ သိရပါတယ်။

P Smart (2019) ဟာ Kirin 710 SoC အသုံးပြုထားပြီး 6.2-inch LCD 1080 x 2340 Pixel Resolution နဲ့ ထွက်လာမယ်လို့ သိရပါတယ်။ မျက်နှာပြင်အချိုးက 19.9:9 ဖြစ်ပြီး ထိပ် Bezel ကို အသေးဆုံးဖြစ်အောင် အားထုတ်ထားပါတယ်။ အရှေ့ကင်မရာကတော့ သေးငယ်တဲ့ Notch ထဲမှာ ရှိနေပါတယ်။

P Smart (2019) ဟာ Budget စမတ်ဖုန်းဖြစ်ပေမယ့် Memory 4GB နဲ့ သိုလှောင်မှုအတွက် 64GB ကတော့ အခြေခံအားဖြင့် သုံးထားမယ်လို့ ယူဆရပါတယ်။ အခုအချိန်အထိ အတည်ပြုလို့မရသေးတဲ့ထဲမှာ ကင်မရာတွေ အကြောင်းလည်း ပါဝင်ပါတယ်။ Honor 10 Lite နဲ့ သိပ်ပြီးကွာဟမှုမရှိဘူးဆိုရင်တော့ အနောက်ကင်မရာ နှစ်လုံးဟာ 13MP အဓိက ကင်မရာနဲ့ 2MP depth Sensor ဒုတိယ ကင်မရာကို သုံးမယ်လို့ မျှော်လင့်ရပါတယ်။ အရှေ့ကင်မရာကတော့ 24MP ပဲ ဖြစ်မယ်လို့ မျှော်လင့်ရပါတယ်။

Huawei P Smart (2019) ကို 3,400mAh ဘက်ထရီ နဲ့ microUSB ပဲ သုံးထားမယ်ဆိုရင် အံ့သြစရာတော့ မဟုတ်ပါဘူး။ ဒါပေမယ့် OS ပိုင်းမှာတော့ Android 9.0 Pie ကို သုံးလို့ရမယ်လို့ မျှော်လင့်နိုင်မှာပါ။ ရရှိနိုင်မယ့် အရောင်တွေက Midnight Black နဲ့ Aurora Blue တို့ ဖြစ်နိုင်ဖွယ် ရှိပါတယ်။ Huawei အနေနဲ့ P Smart (2019) ကို လာမယ့် ရသတ္တပါတ် အနည်းငယ်မှာ မိတ်ဆက်ပြီး ရောင်းချတော့မယ်လို့ ယူဆရပါတယ်။

Ref: GSMarena