[Zawgyi]


Huawei P Smart 2020


Huawei nova 6


Huawei MatePad Pro



Ref : gsmarena

[Unicode]

Huawei P Smart 2020, nova 6 နဲ့ MatePad Pro ရဲ့ ဓါတ်ပုံတွေ ထွက်ပေါ်လာ

ပြီးခဲ့တဲ့လထဲက သတင်းထွက်နေတဲ့ Huawei P Smart 2020, nova 6 နဲ့ MatePad Pro ရဲ့ ဓါတ်ပုံတွေ ထွက်ပေါ်လာပါတယ်။

Huawei P Smart 2020
Huawei P Smart 2020 ရဲ့ အကြောင်းအရင် ပြောချင်ပါတယ်။ ပြီးခဲ့တဲ့လက အဲဒီဖုန်းရဲ့ သတင်းအချက်အလက်တွေ TENAA ကနေ ထွက်လာခဲ့ပြီး အနက်နဲ့ အစိမ်းရောင်တွေ ထုတ်လုပ်ထားပါတယ်။ အခုထွက်လာတဲ့ ပုံတွေမှာ အစိမ်းရောင် အပြင် ပင်လယ်ပြာရောင်ကိုပါ တွေ့ရပါတယ်။

Huawei nova 6
ဒီဖုန်းရဲ့ ဓါတ်ပုံနဲ့ သတင်းအချက်အလက်တွေအရင်ကလည်း ထွက်ပေါ်ခဲ့ဖူးပါတယ်။ အရှေ့ဘက်မှာ ကင်မရာ ၂ လုံးကို ဆေးတောင့်ပုံသဏ္ဍာန် Punch Hole မှာ တပ်ဆင်ထားပါတယ်။ အနောက်ဘက်မှာ ကင်မရာ ၄ လုံးကို ဘယ်ဘက်အထက်မှာ ဒေါင်လိုက် တွေ့ရပါတယ်။ အပြာရောင်ထုတ်လုပ်ထားပါတယ်။ အခုထွက်လာတဲ့ ပုံအရ အရှေ့ ကင်မရာ ၂ လုံးပါတာ ပိုသေချာသွားပြီး အပြာရောင် အပြင် ခရမ်းနဲ့ အနက်ရောင်ကိုလည်း တွေ့ရပါတယ်။ Lock Screen မှာ ဒီဇင်ဘာလ ၅ ရက်နေ့ကို ဖော်ပြထားပြီး အဲဒီနေ့မှာ ကြေညာနိုင်ပါတယ်။

Huawei MatePad Pro
Huawei MatePad Pro ရဲ့ ဓါတ်ပုံတွေ ပြီးခဲ့တဲ့ လက ထွက်ပေါ်ခဲ့ပြီး တက်ဘလက်ရဲ့ ဒီဇိုင်းကို လေ့လာခွင့်ရခဲ့ပါတယ်။ အဲဒီပုံတွေအရ အဖြူနဲ့ အနက်ရောင်တွေ ထုတ်လုပ်ထားမှာ ဖြစ်ပါတယ်။ အခုထွက်လာတဲ့ ပုံတွေမှာ အစိမ်းနဲ့ လိမ္မော်ရောင်တွေကို ပြသထားပြီး Punch-hole Display ကိုလည်း မြင်ရပါတယ်။

အခုထွက်လာတဲ့ ပုံတွေမှာ သတင်းအချက်အလက်အသစ်တွေ သိပ်မပါလာပါဘူး။ အရင်သတင်းတွေအရ Huawei MatePad Pro မှာ USB-C Port နဲ့ မျက်နှာပြင်အောက်လက်ဗွေရာ အာရုံခံ ကိရိယာ တပ်ဆင်ထားမှာပါ။ ဒစ်ဂျစ်တယ် ဘောပင်နဲ့ သံလိုက် ကီးဘုတ်ထည့်သွင်းထားမှာပါ။

Ref : gsmarena