Huawei က P Smart Series ဖုန်း အသစ် ၁ လုံးကို ကြေညာလိုက်ပါတယ်။ Huawei P Smart 2021 ဖြစ်ပြီး မျက်နှာပြင် အထက် အလယ်မှာ Punch Hole ပါတဲ့ Huawei ရဲ့ ပထမဆုံး ဖုန်း အဖြစ် မှတ်တမ်းဝင်သွားပါတယ်။ Octa-core Kirin 710A Processor အသစ် မောင်းနှင်ထားပြီး အနောက်ကင်မရာ ၄ လုံး ပါပါတယ်။

Huawei P Smart 2021 မှာ ၆.၆၇ လက်မ IPS FullHD မျက်နှာပြင် ထည့်သွင်းထားပြီး 4GB RAM နဲ့ 128GB Storage ပါလာပါတယ်။ ဒါ့အပြင် microSD Card လည်း စိုက်နိုင်ပြီး Bluetooth 5.1 , LTE နဲ့ နားကြပ်ပေါက်တွေ ထောက်ပံ့ထားပါတယ်။

ကင်မရာတွေအကြောင်း ပြောရရင် 48MP Main , 8MP , 2MP Depth နဲ့ 2MP Macro ကင်မရာ ၄ လုံးကို အနောက်ဘက်နဲ့ 18MP ကင်မရာ ၁ လုံးကို အရှေ့ဘက်မှာ ထည့်သွင်းထားပါတယ်။ အနောက်ကင်မရာတွေကို ဒေါင်လိုက် တပ်ဆင်ထားပြီး LED Flash ၁ လုံးလည်း ထောက်ပံ့ထားပါတယ်။

22.5Watt Charging ပါတဲ့ အရွယ်ကြီး 5,000mAh ဘက်ထရီ ပါတဲ့အတွက် ဘက်ထရီ သက်တမ်းနဲ့ အားသွင်းနှုန်းက တန်ဖိုးနည်း ဖုန်း ၁ လုံးအတွက် ကောင်းတယ်လို့ ပြောနိုင်ပါတယ်။ ဒါပေမယ့် microUSB Port ပဲ ပါတာက သိပ်မမိုက်ပါဘူး။ ဆော့ဖ်ဝဲအကြောင်း ပြောရရင် EMUI 10.1 ထည့်ထားပြီး Huawei Mobile Services (HMS) နဲ့ AppGallery ပါလာပါတယ်။ ဩစတြေးလျမှာ ၂၀၀ ယူရို သတ်မှတ်ထားပြီး အောက်တိုဘာလမှာ ရောင်းမှာပါ။ မြန်မာငွေ ၃ သိန်းလောက် ရှိပြီး အနက်၊ ရွှေနဲ့ အစိမ်းရောင်တွေ ရွေးချယ်နိုင်ပါတယ်။

Ref : huaweicentral