[Zawgyi]

Huawei P Smart (2019) ျပင္သစ္မွာဝယ္ယူရရွိႏိုင္ေတာ့မယ္လို႔သိရပါတယ္။ဒီသတင္းဟာHuawei ရဲ႕တရားဝင္Website ေပၚမွာေတာ့မေတြ႕ရေသးပါဘူး။ဒါေပမယ့္ျပင္သစ္ကRetailer Boulanger မွာရေနၿပီလို႔GSMarena ကေဖာ္ျပထားပါတယ္။ဘာပဲျဖစ္ျဖစ္Specs ေတြကိုေတာ့သိလိုက္ရပါတယ္။(အခုေတာ့Page ကိုျပန္ဖ်က္လိုက္တယ္လို႔ဆိုပါတယ္)

Huawei P Smart (2019) ဟာ6.2-inch က်ယ္ဝန္းတဲ့မ်က္ႏွာျပင္နဲ႔ျဖစ္ၿပီးTeardrop Notch လည္းပါဝင္ပါတယ္။Resolution ကေတာ့1080p+ လို႔သိရပါတယ္။အသုံးျပဳထားတဲ့Chipset ကKirin 710 ျဖစ္တဲ့အတြက္P Smart+ နဲ႔အတူတူပဲလို႔ဆိုရမွာပါ။ဒါ့အျပင္ဒီVersion မွာေတာ့Memory Configuration ကေ႐ြးခ်ယ္စရာမရွိဘဲ3GB RAM နဲ႔64GB Storage အတြဲအဖက္တစ္မ်ိဳးတည္းပဲရရွိမယ္လို႔ဆိုပါတယ္။

Huawei P Smart (2019) ဟာHybrid Dual SIM slot ပါဝင္တယ္လို႔သိရပါတယ္။ဒါေၾကာင့္MicroSD နဲ႔လည္းStorage ကိုတိုးခ်ဲ႕လို႔ရမွာျဖစ္ပါတယ္။Huawei P Smart အတြက္အေရာင္ကGradient Blue ျဖစ္ပါတယ္။ေက်ာဘက္မွာ13MP+2MP ကင္မရာႏွစ္လုံးတပ္ဆင္ထားသလိုTeardrop Notch ထဲကSelfie ကင္မရာကေတာ့8MP ျဖစ္တယ္လို႔သိရပါတယ္။

ကင္မရာပိုင္းကေတာ့ၿပီးခဲ့တဲ့ႏွစ္ကထြက္ခဲ့တဲ့P Smart နဲ႔တူညီေနတယ္လို႔ဆိုရမွာပါ။ေက်ာဘက္မွာကင္မရာႏွစ္လုံးနဲ႔အတူFingerprint Reader တပ္ဆင္ေပးထားပါတယ္။ပါဝင္တဲ့ဘက္ထရီပမာဏကေတာ့3,400mAh ျဖစ္ၿပီးmicroUSB နဲ႔အားသြင္းရမွာပါ။Huawei P Smart (2019) ကိုလာမယ့္ႏွစ္ဇန္နဝါရီလ၂ရက္ေန႔မွတရားဝင္ေရာင္းခ်မယ္လို႔လည္းၾကားသိရပါတယ္။

Ref: GSMarena

[Unicode]

Huawei P Smart (2019) ပြင်သစ်မှာဝယ်ယူရရှိနိုင်တော့မယ်လို့သိရပါတယ်။ဒီသတင်းဟာHuawei ရဲ့တရားဝင်Website ပေါ်မှာတော့မတွေ့ရသေးပါဘူး။ဒါပေမယ့်ပြင်သစ်ကRetailer Boulanger မှာရနေပြီလို့GSMarena ကဖော်ပြထားပါတယ်။ဘာပဲဖြစ်ဖြစ်Specs တွေကိုတော့သိလိုက်ရပါတယ်။(အခုတော့Page ကိုပြန်ဖျက်လိုက်တယ်လို့ဆိုပါတယ်)

Huawei P Smart (2019) ဟာ6.2-inch ကျယ်ဝန်းတဲ့မျက်နှာပြင်နဲ့ဖြစ်ပြီးTeardrop Notch လည်းပါဝင်ပါတယ်။Resolution ကတော့1080p+ လို့သိရပါတယ်။အသုံးပြုထားတဲ့Chipset ကKirin 710 ဖြစ်တဲ့အတွက်P Smart+ နဲ့အတူတူပဲလို့ဆိုရမှာပါ။ဒါ့အပြင်ဒီVersion မှာတော့Memory Configuration ကရွေးချယ်စရာမရှိဘဲ3GB RAM နဲ့64GB Storage အတွဲအဖက်တစ်မျိုးတည်းပဲရရှိမယ်လို့ဆိုပါတယ်။

Huawei P Smart (2019) ဟာHybrid Dual SIM slot ပါဝင်တယ်လို့သိရပါတယ်။ဒါကြောင့်MicroSD နဲ့လည်းStorage ကိုတိုးချဲ့လို့ရမှာဖြစ်ပါတယ်။Huawei P Smart အတွက်အရောင်ကGradient Blue ဖြစ်ပါတယ်။ကျောဘက်မှာ13MP+2MP ကင်မရာနှစ်လုံးတပ်ဆင်ထားသလိုTeardrop Notch ထဲကSelfie ကင်မရာကတော့8MP ဖြစ်တယ်လို့သိရပါတယ်။

ကင်မရာပိုင်းကတော့ပြီးခဲ့တဲ့နှစ်ကထွက်ခဲ့တဲ့P Smart နဲ့တူညီနေတယ်လို့ဆိုရမှာပါ။ကျောဘက်မှာကင်မရာနှစ်လုံးနဲ့အတူFingerprint Reader တပ်ဆင်ပေးထားပါတယ်။ပါဝင်တဲ့ဘက်ထရီပမာဏကတော့3,400mAh ဖြစ်ပြီးmicroUSB နဲ့အားသွင်းရမှာပါ။Huawei P Smart (2019) ကိုလာမယ့်နှစ်ဇန်နဝါရီလ၂ရက်နေ့မှ တရားဝင်ရောင်းချမယ်လို့လည်းကြားသိရပါတယ်။

Ref: GSMarena