[Zawgyi]

Google က သူ႔ရဲ႕ Enterprise Platform မွာ သံုးဖို႔ သင့္ေတာ္တဲ့ စမတ္ဖုန္းေတြကို Android’s Enterprise Database မွာ ေဖာ္ျပေလ့ရွိပါတယ္။ တစ္ခါတစ္ေလမွာ  မေၾကညာရေသးတဲ့ စမတ္ဖုန္းေတြကိုလည္း စာရင္းမွာ ေဖာ္ျပထားပါတယ္။ အခုလည္း ၂ ရက္အတြင္းမွာ Huawei nova 5T နဲ႔ Huawei P Smart Pro တို႔ စာရင္းထဲေရာက္လာပါတယ္။

Android Enterprise Directory အရ Huawei P Smart Pro မွာ 4GB RAM , 64GB Base Storage ပါလာမွာ ျဖစ္ၿပီး လက္ေဗြရာ အာရံုခံ ကိရိယာလည္း ထည့္သြင္းထားမွာ ျဖစ္ပါတယ္။ အဲဒီ စမတ္ဖုန္းရဲ႕ အေရွ႕ဘက္ကို ရိုက္ျပထားတဲ့ ဓါတ္ပံု ၁ ပံုကိုလည္း ျပသထားပါတယ္။ လက္ရွိမွာ ဒီသတင္းအခ်က္အလက္ေတြကိုသာ သိရပါေသးတယ္။

Huawei P Smart Pro ရဲ႕ မ်က္ႏွာျပင္ အရြယ္အစားဟာ အရင္မ်ိဳးဆက္ P Smart ထက္ ပိုႀကီးလာတာ ေသခ်ာပါတယ္။ P Smart မွာ ၅.၆၅ လက္မ မ်က္ႏွာျပင္ ထည့္သြင္းထားၿပီး Kirin 659 Chipset ေမာင္းႏွင္ထားပါတယ္။ Pro Model မွာ Kirin 810 Chipset အသစ္ ပါလာႏုိင္ပါတယ္။ ဓါတ္ပံုမွာ Pro Model ရဲ႕ မ်က္ႏွာျပင္အထက္မွ ေဘာင္ဟာ ပါးလႊာတဲ့ အတြက္ Honor 9X နဲ႔ 9X Pro တို႔မွာလို Pop-up Selfie Camera ထည့္သြင္းထားႏုိင္ပါတယ္။ လာမယ့္ ရက္သတၱပတ္ေတြမွာ အဲဒီ စမတ္ဖုန္းကို ေၾကညာႏုိင္ပါတယ္။

Ref : gsmarena

[Unicode]

Huawei P Smart Pro ရဲ့ Specs တွေ ထွက်ပေါ်လာ

Google က သူ့ရဲ့ Enterprise Platform မှာ သုံးဖို့ သင့်တော်တဲ့ စမတ်ဖုန်းတွေကို Android’s Enterprise Database မှာ ဖော်ပြလေ့ရှိပါတယ်။ တစ်ခါတစ်လေမှာ မကြေညာရသေးတဲ့ စမတ်ဖုန်းတွေကိုလည်း စာရင်းမှာ ဖော်ပြထားပါတယ်။ အခုလည်း ၂ ရက်အတွင်းမှာ Huawei nova 5T နဲ့ Huawei P Smart Pro တို့ စာရင်းထဲရောက်လာပါတယ်။

Android Enterprise Directory အရ Huawei P Smart Pro မှာ 4GB RAM , 64GB Base Storage ပါလာမှာ ဖြစ်ပြီး လက်ဗွေရာ အာရုံခံ ကိရိယာလည်း ထည့်သွင်းထားမှာ ဖြစ်ပါတယ်။ အဲဒီ စမတ်ဖုန်းရဲ့ အရှေ့ဘက်ကို ရိုက်ပြထားတဲ့ ဓါတ်ပုံ ၁ ပုံကိုလည်း ပြသထားပါတယ်။ လက်ရှိမှာ ဒီသတင်းအချက်အလက်တွေကိုသာ သိရပါသေးတယ်။

Huawei P Smart Pro ရဲ့ မျက်နှာပြင် အရွယ်အစားဟာ အရင်မျိုးဆက် P Smart ထက် ပိုကြီးလာတာ သေချာပါတယ်။ P Smart မှာ ၅.၆၅ လက်မ မျက်နှာပြင် ထည့်သွင်းထားပြီး Kirin 659 Chipset မောင်းနှင်ထားပါတယ်။ Pro Model မှာ Kirin 810 Chipset အသစ် ပါလာနိုင်ပါတယ်။ ဓါတ်ပုံမှာ Pro Model ရဲ့ မျက်နှာပြင်အထက်မှ ဘောင်ဟာ ပါးလွှာတဲ့ အတွက် Honor 9X နဲ့ 9X Pro တို့မှာလို Pop-up Selfie Camera ထည့်သွင်းထားနိုင်ပါတယ်။ လာမယ့် ရက်သတ္တပတ်တွေမှာ အဲဒီ စမတ်ဖုန်းကို ကြေညာနိုင်ပါတယ်။

Ref : gsmarena