[Zawgyi]

ၿပီးခဲ့တဲ့ ႏွစ္ကုန္ပိုင္းတုန္းက မိတ္ဆက္ခဲ့တဲ့ Huawei P Smart ဟာ ေနာက္ဆုံးမွာေတာ့ Huawei P Smart Pro အျဖစ္ အဆင့္ျမႇင့္တင္ၿပီး ထြက္ေပၚလာပါၿပီ။ Huawei P Smart Pro ကို Android Enterprise Directory မွာ ေဖာ္ျပထားတာကို ေတြ႕ျမင္ေနရၿပီ ျဖစ္ပါတယ္။

Android Enterprise Directory ကတစ္ဆင့္ ထပ္ၿပီးသိရတာက ဒီဟန္းဆက္ဟာ 6.5-inch မ်က္ႏွာျပင္အ႐ြယ္အစားျဖစ္ၿပီး 4GB of RAM နဲ႔ သိုေလွာင္မႈပမာဏ 64GB ရွိတယ္ဆိုတာပါပဲ။ ထပ္ၿပီးသိရတာကေတာ့ Android 9.0 Pie ေမာင္းႏွင္မယ္ဆိုတာပဲ ျဖစ္ပါတယ္။

Huawei P Smart Pro ဟာ လက္ေဗြဖတ္စနစ္ ပါဝင္လာမွာျဖစ္ေပမယ့္ သမား႐ိုးက်အတိုင္း ေက်ာဘက္ကိုယ္ထည္ေပၚမွာ တပ္ဆင္ေပးထားမလား၊ ဒါမွမဟုတ္ မ်က္ႏွာျပင္ေအာက္မွာ ထည့္သြင္းေပးထားမလား ဆိုတာကိုေတာ့ ရွင္းရွင္းလင္းလင္း မသိရေသးတဲ့အေျခအေန ျဖစ္ပါတယ္။ Huawei P Smart မွာ 3,400mAh ဘက္ထရီပမာဏကို တပ္ဆင္ေပးထားတာေၾကာင့္ Huawei P Smart Pro မွာေတာ့ ဒီပမာဏထက္ မနည္းတဲ့ ဘက္ထရီပဲ ျဖစ္မယ္လို႔ ခန႔္မွန္းရပါတယ္။

ဒါ့အျပင္ လက္ရွိသုံးသပ္မႈေတြမွာ Huawei P Smart Pro ရဲ႕ အေပၚဘက္ Bezel က က်ဥ္းေျမာင္းေနတာေၾကာင့္ Honor 9X နဲ႔ 9X Pro တို႔လိုပဲ Pop-up Selfie ကင္မရာ ပါဝင္လာႏိုင္တယ္လို႔လည္း ခန႔္မွန္းထားၾကပါတယ္။ အခုအခ်ိန္မွာေတာ့ Huawei P Smart Pro အေၾကာင္းကို မ်ားမ်ားစားစား မသိရေသးဘူးဆိုေပမယ့္ သိပ္မၾကာခင္အခ်ိန္အတြင္း အခ်က္အလက္ေပါက္ၾကားမႈေတြ ထပ္မံျမင္ေတြ႕ရဦးမယ္လို႔ ေမွ်ာ္လင့္ရပါတယ္။

Ref: GSM Arena

[Unicode]

မကြာခင်ပွဲထွက်လာနိုင်တဲ့ Huawei P Smart Pro

ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်းတုန်းက မိတ်ဆက်ခဲ့တဲ့ Huawei P Smart ဟာ နောက်ဆုံးမှာတော့ Huawei P Smart Pro အဖြစ် အဆင့်မြှင့်တင်ပြီး ထွက်ပေါ်လာပါပြီ။ Huawei P Smart Pro ကို Android Enterprise Directory မှာ ဖော်ပြထားတာကို တွေ့မြင်နေရပြီ ဖြစ်ပါတယ်။

Android Enterprise Directory ကတစ်ဆင့် ထပ်ပြီးသိရတာက ဒီဟန်းဆက်ဟာ 6.5-inch မျက်နှာပြင်အရွယ်အစားဖြစ်ပြီး 4GB of RAM နဲ့ သိုလှောင်မှုပမာဏ 64GB ရှိတယ်ဆိုတာပါပဲ။ ထပ်ပြီးသိရတာကတော့ Android 9.0 Pie မောင်းနှင်မယ်ဆိုတာပဲ ဖြစ်ပါတယ်။

Huawei P Smart Pro ဟာ လက်ဗွေဖတ်စနစ် ပါဝင်လာမှာဖြစ်ပေမယ့် သမားရိုးကျအတိုင်း ကျောဘက်ကိုယ်ထည်ပေါ်မှာ တပ်ဆင်ပေးထားမလား၊ ဒါမှမဟုတ် မျက်နှာပြင်အောက်မှာ ထည့်သွင်းပေးထားမလား ဆိုတာကိုတော့ ရှင်းရှင်းလင်းလင်း မသိရသေးတဲ့အခြေအနေ ဖြစ်ပါတယ်။ Huawei P Smart မှာ 3,400mAh ဘက်ထရီပမာဏကို တပ်ဆင်ပေးထားတာကြောင့် Huawei P Smart Pro မှာတော့ ဒီပမာဏထက် မနည်းတဲ့ ဘက်ထရီပဲ ဖြစ်မယ်လို့ ခန့်မှန်းရပါတယ်။

ဒါ့အပြင် လက်ရှိသုံးသပ်မှုတွေမှာ Huawei P Smart Pro ရဲ့ အပေါ်ဘက် Bezel က ကျဉ်းမြောင်းနေတာကြောင့် Honor 9X နဲ့ 9X Pro တို့လိုပဲ Pop-up Selfie ကင်မရာ ပါဝင်လာနိုင်တယ်လို့လည်း ခန့်မှန်းထားကြပါတယ်။ အခုအချိန်မှာတော့ Huawei P Smart Pro အကြောင်းကို များများစားစား မသိရသေးဘူးဆိုပေမယ့် သိပ်မကြာခင်အချိန်အတွင်း အချက်အလက်ပေါက်ကြားမှုတွေ ထပ်မံမြင်တွေ့ရဦးမယ်လို့ မျှော်လင့်ရပါတယ်။

Ref: GSM Arena