Huawei ကုမ္ပဏီဟာ P Smart စီးရီးအတွက် အဖွဲ့ဝင်သစ်ကို မိတ်ဆက်လာခဲ့ပြီး P Smart S လို့ အမည်ပေးထားပါတယ်။ သူ့မှာ Kirin 710F ချစ်ပ်ဆက်နဲ့ 4/128GB မန်မိုရီတို့ ပါဝင်ပါတယ်။

P Smart S မှာ EMUI 10.1 အုပ်ထားတဲ့ Android 10 OS ကို အသုံးပြုရမှာဖြစ်ပေမယ့် Google Mobile Services (GMS) တော့ မပါလာပါဘူး။ ဒါ့ကြောင့် Huawei ရဲ့ Mobile Services နဲ့ AppGallery တို့ကနေ App တွေကို ရယူရမှာပါ။ မျက်နှာပြင်ကတော့ 6.4” OLED Display ဖြစ်ပြီး Fingerprint ကိုလည်း Display ထဲမှာပဲ ထည့်သွင်းလာပါတယ်။

ကင်မရာပိုင်းမှာ Huawei P Smart S ဟာ စုစုပေါင်းကင်မရာလေးလုံးပါဝင်ပြီး ရှေ့ဘက်မှာ 16MP ဆဲလ်ဖီးကင်မရာနဲ့ နောက်ဘက် Triple-camera အတွဲပါ။ အဓိကကင်မရာ 48MP ကို 8MP Ultrawide နဲ့ 2MP Depth Sensor တွေနဲ့ ဝန်းရံထားပါတယ်။ ဘက္ထရီက 4,000 mAh ဖြစ်ပြီး 10W USB-C အားသွင်းကြိုးနဲ့ပါ။

Huawei P Smart S ဖုန်းဟာ Breathing Crystal နဲ့ Midnight Black အရောင်နှစ်မျိုးနဲ့ ရောက်ရှိလာပြီး ယူရို ၂၅၉.၉ (မြန်မာငွေ လေးသိန်းတစ်သောင်းခန့်) ကျသင့်မှာပါ။

Ref – GSMArena