Zawgyi

ၿပီးခဲ့တဲ့အပတ္က သတင္းေပါက္ၾကားခဲ့တဲ့ Huawei P Smart Z စမတ္ဖုန္းကို Amazon ရဲ႕ အီတလီဝက္ဆုိက္ေပၚေရာက္လာတာ ျမင္ခဲ့ရတဲ့အတြက္ သူ႕ရဲ႕ေစ်းႏႈန္းနဲ႔ Specs ေတြကို သိရွိခြင့္ရလိုက္ပါတယ္။

P Smart Z ဖုန္းဟာ ယူရုိ ၂၁၀ ဝန္းက်င္ (ျမန္မာေငြ သုံးသိန္းေျခာက္ေသာင္းနီးပါး) က်သင့္မယ္လို႔ သတင္းထြက္ခဲ့ေပမယ့္ Amazon ရဲ႕အေရာင္းဝက္ဆုိက္မွာေတာ့ ယူရို ၂၇၉ (ျမန္မာေငြ ေလးသိန္းခုနစ္ေသာင္းေက်ာ္) သတ္မွတ္ထားပါတယ္။

ၿပီးခဲ့တဲ့အပတ္က သတင္းထြက္ေပၚလာခဲ့တဲ့ Specs ေတြကိုေတာ့ အြန္လိုင္းအေရာင္းစတုိးရဲ႕ေက်းဇူးနဲ႔ ေသခ်ာသိရွိလိုက္ရၿပီး P Smart Z ဖုန္းအသစ္မွာ Kirin 710 ခ်စ္ပ္ဆက္၊ 4GB RAM မန္မုိရီနဲ႔ 6.59” လက္မအရြယ္ FHD+ Display ပါဝင္တာကို အတည္ျပဳႏုိင္ခဲ့ပါတယ္။

ကင္မရာပုိင္းမွာေတာ့ P Smart Z ရဲ႕ေနာက္ေက်ာမွာ Dual-camera ပါဝင္ၿပီး 16MP f/1.8 အဓိက Sensor နဲ႔တကြ 2MP f/2.4 တစ္ခုတုိ႔ျဖစ္ပါတယ္။ ေရွ႕ဘက္မွာေတာ့ 16MP ဆယ္ဖီကင္မရာပါဝင္ၿပီး ခုေနာက္ဆုံးေပၚ ေရပန္းစားေနတဲ့ Pop-up စတုိင္လ္ကို အသုံးျပဳလာတယ္။ ဒါေၾကာင့္ ေရွ႕ဘက္က မ်က္ႏွာျပင္ႀကီးတစ္ခုလုံးဟာ Notch ေတြ Punch-hole ေတြမပါဘဲ က်ယ္ျပန္႔လြတ္လပ္ေနပါတယ္။

P Smart Z မွာေတာ့ Fingerprint ကို ေနာက္ေက်ာမွာပဲထည့္လာေပမယ့္ Face Unlock စနစ္လည္း ပါပါတယ္။ ဘကၳရီက 4,000 mAh ျဖစ္ကာ အနည္းဆုံး Black, Green, Blue ကာလာသုံးမ်ဳိးနဲ႔ ထြက္လာမယ့္ ဒီဖုန္းအသစ္ကို သိပ္မၾကာခင္ ျမင္ရေတာ့မွာျဖစ္ပါတယ္။

Ref – GSM Arena

Unicode

ပြီးခဲ့တဲ့အပတ်က သတင်းပေါက်ကြားခဲ့တဲ့ Huawei P Smart Z စမတ်ဖုန်းကို Amazon ရဲ့ အီတလီဝက်ဆိုက်ပေါ်ရောက်လာတာ မြင်ခဲ့ရတဲ့အတွက် သူ့ရဲ့ဈေးနှုန်းနဲ့ Specs တွေကို သိရှိခွင့်ရလိုက်ပါတယ်။

P Smart Z ဖုန်းဟာ ယူရို ၂၁၀ ဝန်းကျင် (မြန်မာငွေ သုံးသိန်းခြောက်သောင်းနီးပါး) ကျသင့်မယ်လို့ သတင်းထွက်ခဲ့ပေမယ့် Amazon ရဲ့အရောင်းဝက်ဆိုက်မှာတော့ ယူရို ၂၇၉ (မြန်မာငွေ လေးသိန်းခုနစ်သောင်းကျော်) သတ်မှတ်ထားပါတယ်။

ပြီးခဲ့တဲ့အပတ်က သတင်းထွက်ပေါ်လာခဲ့တဲ့ Specs တွေကိုတော့ အွန်လိုင်းအရောင်းစတိုးရဲ့ကျေးဇူးနဲ့ သေချာသိရှိလိုက်ရပြီး P Smart Z ဖုန်းအသစ်မှာ Kirin 710 ချစ်ပ်ဆက်၊ 4GB RAM မန်မိုရီနဲ့ 6.59” လက်မအရွယ် FHD+ Display ပါဝင်တာကို အတည်ပြုနိုင်ခဲ့ပါတယ်။

ကင်မရာပိုင်းမှာတော့ P Smart Z ရဲ့နောက်ကျောမှာ Dual-camera ပါဝင်ပြီး 16MP f/1.8 အဓိက Sensor နဲ့တကွ 2MP f/2.4 တစ်ခုတို့ဖြစ်ပါတယ်။ ရှေ့ဘက်မှာတော့ 16MP ဆယ်ဖီကင်မရာပါဝင်ပြီး ခုနောက်ဆုံးပေါ် ရေပန်းစားနေတဲ့ Pop-up စတိုင်လ်ကို အသုံးပြုလာတယ်။ ဒါကြောင့် ရှေ့ဘက်က မျက်နှာပြင်ကြီးတစ်ခုလုံးဟာ Notch တွေ Punch-hole တွေမပါဘဲ ကျယ်ပြန့်လွတ်လပ်နေပါတယ်။

P Smart Z မှာတော့ Fingerprint ကို နောက်ကျောမှာပဲထည့်လာပေမယ့် Face Unlock စနစ်လည်း ပါပါတယ်။ ဘက္ထရီက 4,000 mAh ဖြစ်ကာ အနည်းဆုံး Black, Green, Blue ကာလာသုံးမျိုးနဲ့ ထွက်လာမယ့် ဒီဖုန်းအသစ်ကို သိပ်မကြာခင် မြင်ရတော့မှာဖြစ်ပါတယ်။

Ref – GSM Arena