Huawei ရဲ့ P Series စမတ်ဖုန်းတွေက လက်ရှိအချိန်မှာ နာမည်ကြီးဂျာမန် ကင်မရာထုတ်လုပ်သူတစ်ဦးဖြစ်တဲ့ LEICA ကုမ္ပဏီနဲ့ ပူးပေါင်းပြီးတော့ လက်ရှိအကောင်းဆုံးလို့ ပြောရမယ့် စမတ်ဖုန်းတွေကင်မရာတွေကို ထုတ်လုပ်နေတာပဲဖြစ်ပါတယ်။

အခုအချိန်မှာလည်း Huawei ကနေ နောက်နှစ်အတွက် P 11 စမတ်ဖုန်းကို အကြီးကြီးကြံနေပြန်ပုံပါပဲ။ ဘယ်လောက်ထိတောင်လဲဆိုရင် နောက်ကျောဘက် Back Camera ကို Camera Lens ၃ လုံးနဲ့ 40MP Sensor အထိတပ်ဆင်သွားမယ်လို့ သိရပါတယ်။ ဒါ့အပြင် Zoom ဆွဲတဲ့နေရာမှာလည်း 5× Hybrid Zoom ပါဝင်မယ်လို့ သတင်းတွေထွက်ပေါ်လာတာပဲဖြစ်ပါတယ်။ ဒါ့အပြင် Selfie Camera ကလည်း 24 MP ပါဝင်လာမယ်လို့ သိရပါတယ်။

အခု သတင်းကိုတော့ ယုံကြည်ရတဲ့ သတင်း Source ဖြစ်တဲ့ Evan Blass ကနေ ထုတ်ဖော်ပြောကြားခဲ့တာဖြစ်ပြီး Evan Blass ကတော့ အခုသတင်းက Huawei ရဲ့ ကြော်ငြာ အေဂျင်စီတစ်ခုဆီကနေ ပေါက်ကြားလာခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

ထူးဆန်းတာတစ်ခုက Evan Blass က အခုသတင်းကိုပြောကြားခဲ့ပြီး မကြာခင်မှာပဲ အဆိုပါ ကြော်ငြာအေဂျင်စီကနေ အခုထွက်ပေါ်လာတဲ့ 40 MP Camera နဲ့ ပတ်သတ်တဲ့သတင်းတွေကို ဖယ်ရှားခဲ့တယ်လို့ သိရပါတယ်။ ဒါက Huawei P11 မှာ တကယ်ကို 40 MP Back Camera နဲ့ Camera Sensor ၃ ခုပါဝင်လာမယ်လို့ သက်သေခံနေသလိုပါပဲ။