[Zawgyi]

Huawei ဟာ တ႐ုတ္ျပည္တြင္းေဈးကြက္ထဲမွာ P30 နဲ႔ P30 Pro ေတြကို Pre-order တင္ခြင့္ျပဳခဲ့ၿပီ ျဖစ္ပါတယ္။ ၿပီးခဲ့တဲ့ရက္က စတင္လိုက္တဲ့ အႀကိဳမွာယူမႈရဲ႕ ေအာင္ျမင္မႈကေတာ့ အားရစရာပါပဲ။ ပထမဆုံး Flash sale ဟာ ၁၀ စကၠန႔္အတြင္းမွာပဲ ၿပီးဆုံးသြားတယ္လို႔ သိရပါတယ္။

၁၀ စကၠန႔္အတြင္းမွာ Huawei ေရာင္းခ်လိုက္ရတဲ့ ေငြပမာဏက တ႐ုတ္ယြမ္ေငြ သန္း ၂၀၀ ျဖစ္တယ္လို႔ ဆိုပါတယ္။ Huawei ေရာင္းလိုက္ရတဲ့ ေငြပမာဏနဲ႔ ေရာင္းရတဲ့ ဖုန္းအလုံးေရကို (ေမာ္ဒယ္နဲ႔ မန္မိုရီအမ်ိဳးအစားခြဲျခားမႈအားလုံးကို ၿခဳံငုံၿပီး) ခန႔္မွန္းရမယ္ဆိုရင္ အလုံးေရ သုံးေသာင္းနဲ႔ ငါးေသာင္း ၾကားရွိမယ္လို႔ ဆိုရမွာပါ။

Huawei P30 ရဲ႕ အေျခခံေမာ္ဒယ္ဟာ 8/64GB ျဖစ္ပါတယ္။ ေဈးႏႈန္းက CNY3988 (၉ သိန္းဝန္းက်င္) ျဖစ္ပါတယ္။ Storage ႏွစ္ဆတိုးသြားတိုင္း ေဈးႏႈန္းက CNY300 (၆ေသာင္း ၇ေထာင္ဝန္းက်င္) ပိုေပးရပါတယ္။ 8/256GB ကေတာ့ CNY4788 (၁၀ သိန္း ၈ေသာင္းဝန္းက်င္) ျဖစ္ပါတယ္။ P30 Pro ကေတာ့ CNY5488 နဲ႔ 6788 (၁၂ သိန္း ၄ေသာင္းဝန္းက်င္နဲ႔ ၁၅ သိန္း ၃ ေသာင္းခြဲဝန္းက်င္) ၾကားမွာ ရွိပါတယ္။

Huawei ဟာ P30 နဲ႔ P30 Pro ေတြ ႀကိဳတင္မွာယူတဲ့ ပထမဆုံး အေယာက္ သုံးေထာင္ကို Tripod Selfie Stick တစ္ေခ်ာင္းစီ လက္ေဆာင္ေပးခဲ့တယ္လို႔ သိရပါတယ္။ အဆိုပါ ႀကိဳတင္မွာယူျခင္းကို Vmall နဲ႔ Huawei ရဲ႕ အြန္လိုင္းစတိုးေတြမွာ ျပဳလုပ္ႏိုင္တယ္လို႔ သိရပါတယ္။

Ref: GSMArena

[Unicode]

၁၀ စက္ကန့်အတွင်း ရောင်းလို့ကုန်သွားတဲ့ Huawei P30 နဲ့ P30 Pro

Huawei ဟာ တရုတ်ပြည်တွင်းဈေးကွက်ထဲမှာ P30 နဲ့ P30 Pro တွေကို Pre-order တင်ခွင့်ပြုခဲ့ပြီ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ရက်က စတင်လိုက်တဲ့ အကြိုမှာယူမှုရဲ့ အောင်မြင်မှုကတော့ အားရစရာပါပဲ။ ပထမဆုံး Flash sale ဟာ ၁၀ စက္ကန့်အတွင်းမှာပဲ ပြီးဆုံးသွားတယ်လို့ သိရပါတယ်။

၁၀ စက္ကန့်အတွင်းမှာ Huawei ရောင်းချလိုက်ရတဲ့ ငွေပမာဏက တရုတ်ယွမ်ငွေ သန်း ၂၀၀ ဖြစ်တယ်လို့ ဆိုပါတယ်။ Huawei ရောင်းလိုက်ရတဲ့ ငွေပမာဏနဲ့ ရောင်းရတဲ့ ဖုန်းအလုံးရေကို (မော်ဒယ်နဲ့ မန်မိုရီအမျိုးအစားခွဲခြားမှုအားလုံးကို ခြုံငုံပြီး) ခန့်မှန်းရမယ်ဆိုရင် အလုံးရေ သုံးသောင်းနဲ့ ငါးသောင်း ကြားရှိမယ်လို့ ဆိုရမှာပါ။

Huawei P30 ရဲ့ အခြေခံမော်ဒယ်ဟာ 8/64GB ဖြစ်ပါတယ်။ ဈေးနှုန်းက CNY3988 (၉ သိန်းဝန်းကျင်) ဖြစ်ပါတယ်။ Storage နှစ်ဆတိုးသွားတိုင်း ဈေးနှုန်းက CNY300 (၆သောင်း ၇ထောင်ဝန်းကျင်) ပိုပေးရပါတယ်။ 8/256GB ကတော့ CNY4788 (၁၀ သိန်း ၈သောင်းဝန်းကျင်) ဖြစ်ပါတယ်။ P30 Pro ကတော့ CNY5488 နဲ့ 6788 (၁၂ သိန်း ၄သောင်းဝန်းကျင်နဲ့ ၁၅ သိန်း ၃ သောင်းခွဲဝန်းကျင်) ကြားမှာ ရှိပါတယ်။

Huawei ဟာ P30 နဲ့ P30 Pro တွေ ကြိုတင်မှာယူတဲ့ ပထမဆုံး အယောက် သုံးထောင်ကို Tripod Selfie Stick တစ်ချောင်းစီ လက်ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။ အဆိုပါ ကြိုတင်မှာယူခြင်းကို Vmall နဲ့ Huawei ရဲ့ အွန်လိုင်းစတိုးတွေမှာ ပြုလုပ်နိုင်တယ်လို့ သိရပါတယ်။

Ref: GSMArena