[Zawgyi]

Huawei P30 Pro ဟာ European Hardware Awards ကို  မၾကာခင္က ရရွိခဲ့ပါတယ္။ အဲဒီဆုကို နည္းပညာ အယ္ဒီတာေပါင္း ၁၀၀ ေက်ာ္က ေရြးခ်ယ္ေပးခဲ့တာ ျဖစ္ပါတယ္။ သူ႔ရဲ႕ SuperSpectrum နဲ႔ SuperZoom Camera နည္းပညာေၾကာင့္ ဒီဆုကို ရရွိခဲ့တာ ျဖစ္ပါတယ္။ အခုလည္း Mobile World Congress Shanghai မွာ Huawei P30 နဲ႔ P30 Pro မ်ားဟာ ၂၀၁၉ ခုႏွစ္အတြက္ အေကာင္းဆံုး စမတ္ဖုန္းဆုကို ရရွိခဲ့ပါတယ္။

ဒီဇိုင္း၊ စြမ္းေဆာင္ရည္နဲ႔ အသံုးျပဳရ ေကာင္းမြန္မႈမ်ား အေပၚ အေျခခံ တြက္ခ်က္ၿပီး အမွတ္ေပးခဲ့ၾကတာ ျဖစ္ပါတယ္။ အဲဒီဆုကို မီဒီယာမ်ား၊ ေစ်းကြက္ ကြ်မ္းက်င္သူမ်ားနဲ႔ နယ္ပယ္အသီးသီးမွ နာမည္ေက်ာ္ၾကားသူမ်ားက ေရြးခ်ယ္ေပးခဲ့ၾကတာ ျဖစ္ပါတယ္။ သူရရွိတဲ့ ဆုက Asia Mobile Awards ျဖစ္ပါတယ္။

Huawei P30 Pro မွာ 10x Hybrid Zoom  နဲ႔ ထူးျခားဆန္းသစ္တဲ့ RYYB Sensor မ်ား ပါတဲ့ အေနာက္ကင္မရာ ေလးလံုး ထည့္သြင္းထားပါတယ္။ Huawei P30 Series မ်ား ၈၅ ရက္အတြင္း အလံုးေရ ၁၀ သန္း ေရာင္းခ်ရတယ္လို႔ ကုမၸဏီက ဇြန္လက သတင္းထုတ္ျပန္ခဲ့ပါတယ္။  P20 Series မ်ားထက္ ေရာင္းအား ပိုျမန္လာပါတယ္။ ေမလအကုန္မွာ Huawei က Device ေပါင္း သန္း ၁ဝ၀ ကို ေရာင္းခ်ထားႏိုင္ခဲ့ပါတယ္။ ယခင္ႏွစ္ကထက္ ေရာင္းအား ပိုျမန္လာတာျဖစ္ပါတယ္။

IDC ရဲ႕ စစ္တမ္းအရ ဟြာေ၀းဟာ ဒီႏွစ္ ပထမသံုးလအတြင္းမွာ စမတ္နာရီ အလံုးေရ ၅ သန္း ေရာင္းခ်ထားႏုိင္ပါတယ္။ တစ္ႏွစ္ထက္တစ္ႏွစ္ ၂၈၂ ရာခုိင္ႏႈန္း တိုးတက္လာတာ ျဖစ္ပါတယ္။ ဟြာေ၀းဟာ ေရာင္းအား အေကာင္းဆံုး စမတ္နာရီ ထုတ္လုပ္သူ ၃ ဦး စာရင္းမွာ ပါ၀င္ေနပါတယ္။

Ref : gsmarena

[Unicode]

MWC Shanghai ရဲ့ အကောင်းဆုံး စမတ်ဖုန်းဆု ရသွားတဲ့ Huawei P30 နဲ့ P30 Pro

Huawei P30 Pro ဟာ European Hardware Awards ကို မကြာခင်က ရရှိခဲ့ပါတယ်။ အဲဒီဆုကို နည်းပညာ အယ်ဒီတာပေါင်း ၁၀၀ ကျော်က ရွေးချယ်ပေးခဲ့တာ ဖြစ်ပါတယ်။ သူ့ရဲ့ SuperSpectrum နဲ့ SuperZoom Camera နည်းပညာကြောင့် ဒီဆုကို ရရှိခဲ့တာ ဖြစ်ပါတယ်။ အခုလည်း Mobile World Congress Shanghai မှာ Huawei P30 နဲ့ P30 Pro များဟာ ၂၀၁၉ ခုနှစ်အတွက် အကောင်းဆုံး စမတ်ဖုန်းဆုကို ရရှိခဲ့ပါတယ်။

ဒီဇိုင်း၊ စွမ်းဆောင်ရည်နဲ့ အသုံးပြုရ ကောင်းမွန်မှုများ အပေါ် အခြေခံ တွက်ချက်ပြီး အမှတ်ပေးခဲ့ကြတာ ဖြစ်ပါတယ်။ အဲဒီဆုကို မီဒီယာများ၊ ဈေးကွက် ကျွမ်းကျင်သူများနဲ့ နယ်ပယ်အသီးသီးမှ နာမည်ကျော်ကြားသူများက ရွေးချယ်ပေးခဲ့ကြတာ ဖြစ်ပါတယ်။ သူရရှိတဲ့ ဆုက Asia Mobile Awards ဖြစ်ပါတယ်။

Huawei P30 Pro မှာ 10x Hybrid Zoom နဲ့ ထူးခြားဆန်းသစ်တဲ့ RYYB Sensor များ ပါတဲ့ အနောက်ကင်မရာ လေးလုံး ထည့်သွင်းထားပါတယ်။ Huawei P30 Series များ ၈၅ ရက်အတွင်း အလုံးရေ ၁၀ သန်း ရောင်းချရတယ်လို့ ကုမ္ပဏီက ဇွန်လက သတင်းထုတ်ပြန်ခဲ့ပါတယ်။ P20 Series များထက် ရောင်းအား ပိုမြန်လာပါတယ်။ မေလအကုန်မှာ Huawei က Device ပေါင်း သန်း ၁ဝ၀ ကို ရောင်းချထားနိုင်ခဲ့ပါတယ်။ ယခင်နှစ်ကထက် ရောင်းအား ပိုမြန်လာတာဖြစ်ပါတယ်။

IDC ရဲ့ စစ်တမ်းအရ ဟွာဝေးဟာ ဒီနှစ် ပထမသုံးလအတွင်းမှာ စမတ်နာရီ အလုံးရေ ၅ သန်း ရောင်းချထားနိုင်ပါတယ်။ တစ်နှစ်ထက်တစ်နှစ် ၂၈၂ ရာခိုင်နှုန်း တိုးတက်လာတာ ဖြစ်ပါတယ်။ ဟွာဝေးဟာ ရောင်းအား အကောင်းဆုံး စမတ်နာရီ ထုတ်လုပ်သူ ၃ ဦး စာရင်းမှာ ပါဝင်နေပါတယ်။

Ref : gsmarena