[Zawgyi]

Huawei ကေတာ့ လာမယ့္ MWC 2019 မွာ သူတို႔ရဲ႕ 5G စမတ္ဖုန္းနဲ႔ အတူ အျခားထုတ္ကုန္သစ္ေတြကိုလည္း မိတ္ဆက္ေပးသြားမွာ ျဖစ္ပါတယ္။ ျပသမယ့္ထဲက အခ်ိဳ႕ေတြကေတာ့ ေပါက္ၾကားမႈေတြအရ သိေနရပါၿပီ။ အခုထိ သိထားရသေလာက္ဆိုရင္ ကုမၸဏီဟာ ဒီပြဲမွာ သူတို႔ရဲ႕ 5G စမတ္ဖုန္းကို စမ္းသပ္မႈျပဳလုပ္ျပမွာ ျဖစ္ပါတယ္။

အလားတူပဲ Huawei ရဲ႕ Flagships ေတြျဖစ္တဲ့ P30 နဲ႔ P30 Pro ေတြအတြက္ သတင္းေပါက္ၾကားမႈေတြလည္း ျဖစ္ေပၚခဲ့ပါၿပီ။ Huawei Polish ဆီကေန ေပါက္ၾကားလာတဲ့ သတင္းကေတာ့ P30 ကို လာမယ့္မတ္လ ေနာက္ဆုံးပတ္ (မတ္လ ၂၈ ရက္ျဖစ္ဖြယ္ရွိ) ေရာက္ရင္ ပဲရစ္ၿမိဳ႕မွာ မိတ္ဆက္သြားမယ္ဆိုတာပဲ ျဖစ္ပါတယ္။

Huawei P30 နဲ႔ ပတ္သက္ရင္ ေက်ာဘက္ကင္မရာ ေလးလုံးဆိုတဲ့သတင္းက ထြက္ေပၚခဲ့တာ ၾကာပါၿပီ။ ဒါေပမယ့္ အခ်က္အလက္အေသးစိတ္ကေတာ့ အခုထိ ေျပာလို႔မရႏိုင္ေသးပါဘူး။ ကာဗာလုပ္သူေတြဆီက ထြက္ေပၚလာတဲ့ ႐ုပ္ပုံေတြကိုပဲ ေတြ႕ရွိရေသးတာျဖစ္ပါတယ္။ ဒါေပမယ့္ Huawei P30 နဲ႔ P30 Pro တို႔အေၾကာင္းအခ်ိဳ႕က ELE-L29 နဲ႔ VOG-L29 ဆိုတဲ့ လွ်ိဳ႕ဝွက္အမည္ေတြကတစ္ဆင့္ အနည္းငယ္ ထပ္မံသိရွိခြင့္ရခဲ့ပါတယ္။

ေပါက္ၾကားမႈအရ Huawei P30 နဲ႔ P30 Pro ႏွစ္မ်ိဳးစလုံးဟာ 1080 x 2340 resolution ေတြပဲ ျဖစ္တယ္လို႔ သိရွိခဲ့ရပါတယ္။ ဒါ့အျပင္ ႏွစ္မ်ိဳးစလုံးကလည္း Android 9 Pie နဲ႔ ထြက္လာမယ္လို႔ ဆိုပါတယ္။ ဒီအခ်က္ႏွစ္ခ်က္ကေတာ့ ထြက္ခဲ့ၿပီးသမွ် သတင္းေတြထဲမွာ အခိုင္မာဆုံးအျဖစ္ သတ္မွတ္ႏိုင္ပါတယ္။

အျခားထြက္ရွိထားတဲ့ ေကာလာဟလေတြကေတာ့ Huawei P30 နဲ႔ P30 Pro ႏွစ္မ်ိဳးစလုံးဟာ OLED panel အသုံးျပဳထားၿပီး Under display fingerprint reader ေတြ ပါဝင္လာမယ္လို႔ ဆိုပါတယ္။ SoC ကေတာ့ Kirin 980 chipset လို႔ ဆိုပါတယ္။

Ref: GSMArena

[Unicode]

Huawei P30, P30 Pro တွေဟာ FullHD Display ဖြစ်ပြီး Android 9 Pie နဲ့ထွက်လာမယ်

Huawei ကတော့ လာမယ့် MWC 2019 မှာ သူတို့ရဲ့ 5G စမတ်ဖုန်းနဲ့ အတူ အခြားထုတ်ကုန်သစ်တွေကိုလည်း မိတ်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။ ပြသမယ့်ထဲက အချို့တွေကတော့ ပေါက်ကြားမှုတွေအရ သိနေရပါပြီ။ အခုထိ သိထားရသလောက်ဆိုရင် ကုမ္ပဏီဟာ ဒီပွဲမှာ သူတို့ရဲ့ 5G စမတ်ဖုန်းကို စမ်းသပ်မှုပြုလုပ်ပြမှာ ဖြစ်ပါတယ်။

အလားတူပဲ Huawei ရဲ့ Flagships တွေဖြစ်တဲ့ P30 နဲ့ P30 Pro တွေအတွက် သတင်းပေါက်ကြားမှုတွေလည်း ဖြစ်ပေါ်ခဲ့ပါပြီ။ Huawei Polish ဆီကနေ ပေါက်ကြားလာတဲ့ သတင်းကတော့ P30 ကို လာမယ့်မတ်လ နောက်ဆုံးပတ် (မတ်လ ၂၈ ရက်ဖြစ်ဖွယ်ရှိ) ရောက်ရင် ပဲရစ်မြို့မှာ မိတ်ဆက်သွားမယ်ဆိုတာပဲ ဖြစ်ပါတယ်။

Huawei P30 နဲ့ ပတ်သက်ရင် ကျောဘက်ကင်မရာ လေးလုံးဆိုတဲ့သတင်းက ထွက်ပေါ်ခဲ့တာ ကြာပါပြီ။ ဒါပေမယ့် အချက်အလက်အသေးစိတ်ကတော့ အခုထိ ပြောလို့မရနိုင်သေးပါဘူး။ ကာဗာလုပ်သူတွေဆီက ထွက်ပေါ်လာတဲ့ ရုပ်ပုံတွေကိုပဲ တွေ့ရှိရသေးတာဖြစ်ပါတယ်။ ဒါပေမယ့် Huawei P30 နဲ့ P30 Pro တို့အကြောင်းအချို့က ELE-L29 နဲ့ VOG-L29 ဆိုတဲ့ လျှို့ဝှက်အမည်တွေကတစ်ဆင့် အနည်းငယ် ထပ်မံသိရှိခွင့်ရခဲ့ပါတယ်။

ပေါက်ကြားမှုအရ Huawei P30 နဲ့ P30 Pro နှစ်မျိုးစလုံးဟာ 1080 x 2340 resolution တွေပဲ ဖြစ်တယ်လို့ သိရှိခဲ့ရပါတယ်။ ဒါ့အပြင် နှစ်မျိုးစလုံးကလည်း Android 9 Pie နဲ့ ထွက်လာမယ်လို့ ဆိုပါတယ်။ ဒီအချက်နှစ်ချက်ကတော့ ထွက်ခဲ့ပြီးသမျှ သတင်းတွေထဲမှာ အခိုင်မာဆုံးအဖြစ် သတ်မှတ်နိုင်ပါတယ်။

အခြားထွက်ရှိထားတဲ့ ကောလာဟလတွေကတော့ Huawei P30 နဲ့ P30 Pro နှစ်မျိုးစလုံးဟာ OLED panel အသုံးပြုထားပြီး Under display fingerprint reader တွေ ပါဝင်လာမယ်လို့ ဆိုပါတယ်။ SoC ကတော့ Kirin 980 chipset လို့ ဆိုပါတယ်။

Ref: GSMArena