[Zawgyi]

Huawei ဟာ P30 ဖုန္းေတြကို သိပ္မၾကာခင္မွာပဲ တရားဝင္ ေၾကညာေတာ့မွာ ျဖစ္ပါတယ္။ တရားဝင္ မေၾကညာခင္စပ္ၾကားမွာေတာ့ ဒီဖုန္းႏွစ္လုံးနဲ႔ ပတ္သက္တဲ့ အေၾကာင္းအရာေတြဟာ တစ္မ်ိဳးၿပီးတစ္မ်ိဳး သတင္းထြက္ေနခဲ့ပါၿပီ။

ေနာက္ဆုံးေပါက္ၾကားလာတာကေတာ့ Huawei Singapore Site ဘက္က ျဖစ္ပါတယ္။ Huawei P30 နဲ႔ P30 Pro တို႔ရဲ႕ အေကာင္းဆုံး Features ေတြကိုေဖာ္ျပထားၿပီး ျဖန႔္ခ်ိမယ့္အေၾကာင္းနဲ႔ ပ႐ိုမိုးရွင္းအေၾကာင္းေတြကိုလည္း အေသးစိတ္နီးပါး ေဖာ္ျပခဲ့တာပါ။

Huawei P30 ဒါမွမဟုတ္ P30 Pro တစ္မ်ိဳးမ်ိဳးကို စတင္ျဖန႔္ခ်ိတဲ့ေနျဖစ္တဲ့ ဧၿပီလ ၆ ရက္ေန႔မွာ VivoCity ကေန ဝယ္ယူမယ္ဆိုရင္ Huawei Watch GT နဲ႔ JBL Clip 2 စပီကာ ေတြကို အခမဲ့ရရွိမယ္လို႔ သိရပါတယ္။ ဒီပစၥည္းႏွစ္မ်ိဳးေပါင္းတန္ဖိုးက $345 နီးပါး (၅ သိန္း ၂ ေသာင္းခြဲဝန္းက်င္) ရွွိပါတယ္။ ဥေရာပေဈးကြက္မွာေတာ့ Watch GT ကိုပဲ လက္ေဆာင္ေပးဖြယ္ရွိၿပီး စပီကာေတာ့ ပါဝင္ဖြယ္မရွိဘူးလို႔ သိပါတယ္။

Huawei P30 နဲ႔ P30 Pro တို႔ရဲ႕ အဓိကအခ်က္အလက္ေတြကေတာ့ ေပါက္ၾကားမႈေပါင္းမ်ားစြာေၾကာင့္ အလုံးစုံနီးပါး သိရွိၿပီး ျဖစ္ၾကမွာပါ။ P30 ဟာ Kirin 980 Chipset နဲ႔အတူ 6GB of RAM, Storage 128GB ပါဝင္လာမွာပါ။ ေက်ာဘက္မွာေတာ့ 40MP အဓိကကင္မရာနဲ႔အတူ 16MP (Ultrawide) +8MP (Telephoto) ကင္မရာေတြ ပါဝင္မွာပါ။ Selfie ကင္မရာကေတာ့ 32MP ျဖစ္ၿပီး 3,650mAh ဘက္ထရီနဲ႔ ျဖစ္ပါတယ္။

P30 Pro ကလည္း Kirin 980 Chipset နဲ႔ပါပဲ။ 8GB of RAM, Storage 128/256/512GB ေတြကို ေ႐ြးခ်ယ္ႏိုင္ပါလိမ့္မယ္။ ေက်ာဘက္မွာ 40MP (Wide) ကင္မရာနဲ႔အတူ 20MP (Ultrawide) + Periscope 8 MP ကင္မရာေတြကို တပ္ဆင္ထားတာ ျဖစ္ပါတယ္။ Selfie ကင္မရာကလည္း 32MP ျဖစ္ၿပီး ဘက္ထရီပမာဏကေတာ့ 4,200mAh ျဖစ္ပါတယ္။

ေရွ႕က ေပါက္ၾကားမႈေတြထဲမွာ မပါဝင္ဘဲ အသစ္အျဖစ္ ထပ္ၿပီးသိရတာကေတာ့ အလင္းေရာင္ အားနည္းေနခ်ိန္မွာေတာင္ အေကာင္းဆုံး႐ိုက္ကူးႏိုင္မယ့္ အဆင့္ျမင့္ကင္မရာစနစ္အျပင္ Dual-View Feature စနစ္ေတြ ပါဝင္တယ္ဆိုတာပါပဲ။ ျဖန႔္ခ်ိၿပီးတဲ့ေနာက္ OTA Update ရရွိၿပီးခ်ိန္မွာဆိုရင္ Dual-View Video Feature ကိုသုံးႏိုင္မယ္လို႔လည္း သိရပါတယ္။ ဒီ Feature ဟာ မ်က္ႏွာျပင္ကို ႏွစ္ပိုင္းခြဲလိုက္ၿပီး အေနာက္ကင္မရာႏွစ္လုံးကတစ္ဆင့္ Wide နဲ႔ Zoomed-in View ေတြကို ၾကည့္ရႈႏိုင္မွာျဖစ္ေၾကာင္း သိရပါတယ္။

Ref: GSMArena

[Unicode]

Huawei P30 နဲ့ P30 Pro တွေဟာ Dual Camera Video ရိုက်ကူးနိုင်မယ်လို့သိရ

Huawei ဟာ P30 ဖုန်းတွေကို သိပ်မကြာခင်မှာပဲ တရားဝင် ကြေညာတော့မှာ ဖြစ်ပါတယ်။ တရားဝင် မကြေညာခင်စပ်ကြားမှာတော့ ဒီဖုန်းနှစ်လုံးနဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေဟာ တစ်မျိုးပြီးတစ်မျိုး သတင်းထွက်နေခဲ့ပါပြီ။

နောက်ဆုံးပေါက်ကြားလာတာကတော့ Huawei Singapore Site ဘက်က ဖြစ်ပါတယ်။ Huawei P30 နဲ့ P30 Pro တို့ရဲ့ အကောင်းဆုံး Features တွေကိုဖော်ပြထားပြီး ဖြန့်ချိမယ့်အကြောင်းနဲ့ ပရိုမိုးရှင်းအကြောင်းတွေကိုလည်း အသေးစိတ်နီးပါး ဖော်ပြခဲ့တာပါ။

Huawei P30 ဒါမှမဟုတ် P30 Pro တစ်မျိုးမျိုးကို စတင်ဖြန့်ချိတဲ့နေဖြစ်တဲ့ ဧပြီလ ၆ ရက်နေ့မှာ VivoCity ကနေ ဝယ်ယူမယ်ဆိုရင် Huawei Watch GT နဲ့ JBL Clip 2 စပီကာ တွေကို အခမဲ့ရရှိမယ်လို့ သိရပါတယ်။ ဒီပစ္စည်းနှစ်မျိုးပေါင်းတန်ဖိုးက $345 နီးပါး (၅ သိန်း ၂ သောင်းခွဲဝန်းကျင်) ရှှိပါတယ်။ ဥရောပဈေးကွက်မှာတော့ Watch GT ကိုပဲ လက်ဆောင်ပေးဖွယ်ရှိပြီး စပီကာတော့ ပါဝင်ဖွယ်မရှိဘူးလို့ သိပါတယ်။

Huawei P30 နဲ့ P30 Pro တို့ရဲ့ အဓိကအချက်အလက်တွေကတော့ ပေါက်ကြားမှုပေါင်းများစွာကြောင့် အလုံးစုံနီးပါး သိရှိပြီး ဖြစ်ကြမှာပါ။ P30 ဟာ Kirin 980 chipset နဲ့အတူ 6GB of RAM, storage 128GB ပါဝင်လာမှာပါ။ ကျောဘက်မှာတော့ 40MP အဓိကကင်မရာနဲ့အတူ 16MP(ultrawide) +8MP(telephoto) ကင်မရာတွေ ပါဝင်မှာပါ။ Selfie ကင်မရာကတော့ 32MP ဖြစ်ပြီး 3,650mAh ဘက်ထရီနဲ့ ဖြစ်ပါတယ်။

P30 Pro ကလည်း Kirin 980 chipset နဲ့ပါပဲ။ 8GB of RAM, storage 128/256/512GB တွေကို ရွေးချယ်နိုင်ပါလိမ့်မယ်။ ကျောဘက်မှာ 40MP(Wide) ကင်မရာနဲ့အတူ 20MP(ultrawide) + Periscope 8 MP ကင်မရာတွေကို တပ်ဆင်ထားတာ ဖြစ်ပါတယ်။ Selfie ကင်မရာကလည်း 32MP ဖြစ်ပြီး ဘက်ထရီပမာဏကတော့ 4,200mAh ဖြစ်ပါတယ်။

ရှေ့က ပေါက်ကြားမှုတွေထဲမှာ မပါဝင်ဘဲ အသစ်အဖြစ် ထပ်ပြီးသိရတာကတော့ အလင်းရောင် အားနည်းနေချိန်မှာတောင် အကောင်းဆုံးရိုက်ကူးနိုင်မယ့် အဆင့်မြင့်ကင်မရာစနစ်အပြင် Dual-View feature စနစ်တွေ ပါဝင်တယ်ဆိုတာပါပဲ။ ဖြန့်ချိပြီးတဲ့နောက် OTA update ရရှိပြီးချိန်မှာဆိုရင် Dual-View Video Feature ကိုသုံးနိုင်မယ်လို့လည်း သိရပါတယ်။ ဒီ Feature ဟာ မျက်နှာပြင်ကို နှစ်ပိုင်းခွဲလိုက်ပြီး အနောက်ကင်မရာနှစ်လုံးကတစ်ဆင့် Wide နဲ့ Zoomed-in View တွေကို ကြည့်ရှုနိုင်မှာဖြစ်ကြောင်း သိရပါတယ်။

Ref: GSMArena