[Unicode]

Huawei က P30 , P30 Pro နဲ့ P30 Lite တို့ကို ဒီနှစ် အစောပိုင်းမှာ ကြေညာခဲ့ပါတယ်။ အခုတော့ P30 Lite (2020) ကို လာမယ့်နှစ်မှာ ကြေညာမယ်လို့ သတင်းထွက်လာပါတယ်။ အဲဒီ ဖုန်းရဲ့ အရောင်နဲ့ ဈေးနှုန်းတွေ MySmartPrice ကနေ ထွက်ပေါ်လာပါတယ်။ ဥရောပမှာ ၃၄၉ ယူရိုနဲ့ ရောင်းချနိုင်ပြီး မြန်မာငွေ ၅ သိန်း ၈ သောင်းလောက်ရှိနိုင်ပါတယ်။ Blue နဲ့ Breathing Crystal ၂ ရောင် ထုတ်လုပ်ထားပြီး ရောင်းချမယ့် အချိန်ကို မသိရသေးပါဘူး။ ၂၀၂၀ မှာ အစောဆုံး မိတ်ဆက်မယ့် Huawei ရဲ့ ဖုန်းတွေထဲက ၁ လုံး ဖြစ်ပါတယ်။

Huawei P30 Lite ရဲ့ Specs တွေကို ပြန်လည် ဖော်ပြလိုက်ပါတယ်။ အဲဒီဖုန်းမှာ ၆.၁၅ လက်မ Waterdrop Notch မျက်နှာပြင် ပါလာပြီး IPS LCD အမျိုးအစား ဖြစ်ပါတယ်။ Full HD+ Resolution ဖြစ်ပြီး Kirin 710 SoC မောင်းနှင်ထားပါတယ်။ 4/6GB RAM တွေ ရွေးချယ်နိုင်ပြီး 128GB Storage ပါလာပါတယ်။ microSD Card လည်း စိုက်နိုင်ပါတယ်။

P30 Lite ကို မော်ဒယ် ၂ ခု ထုတ်လုပ်ထားပြီး ၁ ခုမှာ 24MP ဆဲလ်ဖီး ကင်မရာနဲ့ အနောက်ဘက်မှာ 48MP+8MP Ultrawide+2MP Depth ကင်မရာတွေ ထည့်သွင်းထားပါတယ်။ နောက်မော်ဒယ်မှာ 32MP ဆဲလ်ဖီး ကင်မရာနဲ့ အနောက်ဘက်မှာ 24MP+8MP Ultrawide+2MP Depth ကင်မရာတွေ ပါပါတယ်။

P30 Lite မှာ 18W Fast Charging ပါတဲ့ 3,340mAh ဘက်ထရီ ပါပါတယ်။ အနောက်ဘက်မှာ လက်ဗွေရာ အာရုံခံ ကိရိယာ ထည့်ထားပါတယ်။ Android 9 Pie အခြေပြု EMUI 9.1 မောင်းနှင်ထားပါတယ်။ Peacock Blue, Midnight Black နဲ့ Pearl White အရောင်တွေ ထုတ်လုပ်ထားပါတယ်။

Ref : gizmochina

[Zawgyi]

Huawei P30 Lite (2020) ရဲ႕ အေရာင္နဲ႔ ေစ်းႏႈန္းေတြ ထြက္ေပၚလာ

Huawei က P30 , P30 Pro နဲ႔ P30 Lite တို႔ကို ဒီႏွစ္ အေစာပိုင္းမွာ ေၾကညာခဲ့ပါတယ္။ အခုေတာ့ P30 Lite (2020) ကို လာမယ့္ႏွစ္မွာ ေၾကညာမယ္လို႔ သတင္းထြက္လာပါတယ္။ အဲဒီ ဖုန္းရဲ႕ အေရာင္နဲ႔ ေစ်းႏႈန္းေတြ MySmartPrice ကေန ထြက္ေပၚလာပါတယ္။ ဥေရာပမွာ ၃၄၉ ယူရိုနဲ႔ ေရာင္းခ်ႏုိင္ၿပီး ျမန္မာေငြ ၅ သိန္း ၈ ေသာင္းေလာက္ရွိႏုိင္ပါတယ္။ Blue နဲ႔ Breathing Crystal ၂ ေရာင္ ထုတ္လုပ္ထားၿပီး ေရာင္းခ်မယ့္ အခ်ိန္ကို မသိရေသးပါဘူး။ ၂၀၂၀ မွာ အေစာဆံုး မိတ္ဆက္မယ့္ Huawei ရဲ႕ ဖုန္းေတြထဲက ၁ လံုး ျဖစ္ပါတယ္။

Huawei P30 Lite ရဲ႕ Specs ေတြကို ျပန္လည္ ေဖာ္ျပလိုက္ပါတယ္။ အဲဒီဖုန္းမွာ ၆.၁၅ လက္မ Waterdrop Notch မ်က္ႏွာျပင္ ပါလာၿပီး IPS LCD အမ်ိဳးအစား ျဖစ္ပါတယ္။ Full HD+ Resolution ျဖစ္ၿပီး Kirin 710 SoC ေမာင္းႏွင္ထားပါတယ္။ 4/6GB RAM ေတြ ေရြးခ်ယ္ႏုိင္ၿပီး 128GB Storage ပါလာပါတယ္။ microSD Card လည္း စိုက္ႏုိင္ပါတယ္။

P30 Lite ကို ေမာ္ဒယ္ ၂ ခု ထုတ္လုပ္ထားၿပီး ၁ ခုမွာ 24MP ဆဲလ္ဖီး ကင္မရာနဲ႔ အေနာက္ဘက္မွာ 48MP+8MP Ultrawide+2MP Depth ကင္မရာေတြ ထည့္သြင္းထားပါတယ္။ ေနာက္ေမာ္ဒယ္မွာ 32MP ဆဲလ္ဖီး ကင္မရာနဲ႔ အေနာက္ဘက္မွာ 24MP+8MP Ultrawide+2MP Depth ကင္မရာေတြ ပါပါတယ္။

P30 Lite မွာ 18W Fast Charging ပါတဲ့ 3,340mAh ဘက္ထရီ ပါပါတယ္။ အေနာက္ဘက္မွာ လက္ေဗြရာ အာရံုခံ ကိရိယာ ထည့္ထားပါတယ္။ Android 9 Pie အေျချပဳ EMUI 9.1 ေမာင္းနွင္ထားပါတယ္။ Peacock Blue, Midnight Black နဲ႔ Pearl White အေရာင္ေတြ ထုတ္လုပ္ထားပါတယ္။

Ref : gizmochina