[Zawgyi]

ဒီတစ္ေခါက္မွာေတာ့ ကြၽန္ေတာ္တို႔ MyTech Myanmar Page မွာ လူေတာ္ေတာ္မ်ားမ်ား လာလာေမးေနၾကတဲ့ Huawei P30 Lite ကို Review လုပ္ေပးလိုက္ပါတယ္။ P30 Lite ဟာ လက္ရွိ ျပည္တြင္းေစ်းကြက္ထဲမွာ ေငြက်ပ္ ၃၉၉,၀၀၀ နဲ႔ေရာင္းခ်ေနတဲ့ စမတ္ဖုန္းျဖစ္ၿပီး Triple Camera Setup ပါဝင္တာေၾကာင့္ လူေတာ္ေတာ္မ်ားမ်ားက စိတ္ဝင္စားေနၾကပါတယ္။ ဒါ့ေၾကာင့္ P30 Lite ကို ၂ရက္ၾကာ အသုံးျပဳၿပီးေနာက္ ေတြရွိခဲ့တဲ့ ကြၽန္ေတာ့ရဲ႕ အေတြ႕အႀကဳံေလးေတြကို ျပန္လည္ မွ်ေဝေပးလိုက္ပါတယ္။

Design & Build

P30 Lite ကို ျမင္ျမင္ခ်င္း ေႂကြသြားမိပါတယ္။ သူရဲ႕ ေဘာ္ဒီ အခ်ိဴးအေကြ႕ေလးေတြ ေသသပ္လွပမႈ၊ အျပာနဲ႔ ခရမ္းေရာင္ ေရာစပ္ထားတဲ့ ျပာတြတ္တြတ္အေရာင္ရဲ႕ စြဲေဆာင္မႈေလးေတြေၾကာင့္ ေႂကြမိတာပါ။ အဲ့ဒီအေရာင္ေလးကို Peacock Blue လို႔ ေခၚပါတယ္။ အနီးစပ္ဆုံး ေျပာရမယ္ဆိုရင္ Huawei Nova 3 ရဲ႕ ဒီဇိုင္းနဲ႔ သြားဆင္ပါတယ္။ ကိုင္ရတဲ့ အရသာက က်စ္က်စ္လစ္လစ္နဲ႔ ေပါ့ေပါ့ပါးပါးပါပဲ။ Flagship ဖုန္းတစ္လုံးကို ကိုင္ေနရသလိုမ်ိဴး ဖီလင္ကို မေပးစြမ္းႏိုင္ေပမယ့္ တျခားေသာ Mid-range ဖုန္းေတြထက္ေတာ့ သာပါတယ္။

3.5mm Headphone Jack ပါမယ္။ Card Slot ကို ဖုန္းရဲ႕ ဘယ္ဘက္ေဘးမွာ မဟုတ္ဘဲ အေပၚဘက္ကို ေျပာင္းလဲ တပ္ဆင္ေပးထားပါတယ္။ Hybrid Dual Card Slot အမ်ိဴးအစားျဖစ္တာေၾကာင့္ SIM ၂ကဒ္ စိုက္မယ္ဆိုရင္ MicroSD ကဒ္ ထပ္စိုက္လို႔ ရမွာ မဟုတ္ပါဘူး။

Display & Speaker

Resolution 1080 x 2312 Pixels ရွိတဲ့ 6.15” IPS LCD Display ကို အသုံးျပဳထားပါတယ္။ Pixel Density ကေတာ့ 415ppi (Pixel per Inch) ပါ။ Huawei Nova 3e (P20 Lite) တုန္းကလိုမ်ိဴး Chin နဲ႔ Notch ေတြက အႀကီးႀကီးေတြ မဟုတ္ေတာ့ဘဲ သိသိသာသာကို ေသးသြားပါတယ္။ Brightness နဲ႔ Touch Sensitivity ေတြက ေတာ္ေတာ္ေလး ေကာင္းတယ္၊ Color Reproduction ေတြကို အားရတယ္။ Thumbs Up ပါ။

Mono-Speaker ကို အသုံးျပဳထားပါတယ္။ အသံ အရမ္းႀကီးက်ယ္တဲ့ Speaker ေတြထဲမွာ မပါသလို အရမ္းတိုးေနတဲ့ Speaker မ်ိဴးလည္း မဟုတ္ဘူး။ Bass အသံေတြကို လုံလုံေလာက္ေလာက္ ေထာက္ပံ့မေပးႏိုင္တာလြဲလို႔ က်န္တဲ့ အပိုင္းေတြမွာ မဆိုးဘူးလို႔ ေျပာရမွာပါ။

Camera

Huawei P30 Lite အတြက္ အေရးႀကီးဆုံး အစိတ္အပိုင္းလို႔ ေျပာရမွာပါ။ ေနာက္ေက်ာဘက္မွာ Aperture f/1.8 အက်ယ္ရွိ 24MP Main Camera ကို 8MP Ultra-wide Lens + 2MP Depth Sensor ေတြနဲ႔ တြဲဖက္ၿပီး Triple Camera Setup အျဖစ္ တပ္ဆင္ထားပါတယ္။ ေရွ႕ဘက္မ်က္ႏွာျပင္မွာေတာ့ Aperture f/2.0 အက်ယ္ရွိ 32MP Sensor ကို တပ္ဆင္ထားမွာပါ။ Huawei P30 နဲ႔ P30 Pro တို႔မွာ တပ္ဆင္ထားတဲ့ Telephoto Lens ေတြအစား Depth Sensor ကို အစားထိုး အသုံးျပဳထားပါတယ္။ ဒါ့ေၾကာင့္ P30 Lite က P30 နဲ႔ P30 Pro တို႔လိုမ်ိဴး အေဝးႀကီးကို Zoom ဆြဲၿပီး ႐ိုက္ကူးလို႔ ရမွာ မဟုတ္ပါဘူး။

P30 Lite ရဲ႕ Triple Camera Setup ထဲမွာ ပါတဲ့ 24MP Main Camera က Nova 3 နဲ႔ 3i တုန္းကလိုမ်ိဴး ရွိသင့္၊ ရွိထိုက္တာထက္ ပိုတဲ့ အေရာင္လြန္ကဲမႈေတြ (Over Saturation) ျဖစ္ေနတာမ်ိဴး မေတြ႕ရေတာ့ဘူး။ Tone Reproduction နဲ႔ Sharpness ေတြ ပိုေကာင္းလာတယ္။ 8MP Ultra-wide Lens က ျမင္ကြင္းက်ယ္ ဓာတ္ပုံေတြ ႐ိုက္ကူးလို႔ရတဲ့ Camera ပါ။ သတိခ်ပ္စရာရွိတာက Wide နဲ႔ ႐ိုက္မယ္ဆိုရင္ ျမင္ကြင္းပိုက်ယ္သြားေပမယ့္ Color Saturation နဲ႔ Sharpness ေတြမွာေတာ့ Main Camera ေလာက္ေကာင္းမွာ မဟုတ္ပါဘူး။ ညဘက္လိုမ်ိဴး အလင္းေရာင္နည္းတဲ့ အခ်ိန္မွာ ႐ိုက္ကူးႏိုင္ဖို႔အတြက္ Night Mode ကို ထည့္ေပးထားေပမယ့္ Noise အရမ္းထၿပီး ပုံရိပ္ျပတ္သားမႈေတြ မရွိတာေၾကာင့္ Low Light Photography ကို အားမရဘူးလို႔ ေျပာပါရေစ။

 

Portrait Mode မွာ 2MP Depth Sensor ေက်းဇူးေၾကာင့္ Edge Detection ေတြအျဖတ္ေကာင္းေပမယ့္ ႐ုပ္ထြက္က Detail သိပ္မက်တာေလးေတြ ေတြ႕ရပါတယ္။ Selfie Camera က သူရဲ႕ Default Setting အတိုင္း Beauty Level 5 ကို ထား႐ိုက္မယ္ဆိုရင္ ျဖဴဖက္ျဖဴေရာက္ ျဖစ္ေနတာေၾကာင့္ 32MP Sensor ရဲ႕ အရည္အေသြး အျပည့္အဝကို ေတြ႕ရမွာ မဟုတ္ပါဘူး။ Beauty Level 0 ကို ထား႐ိုက္မယ္ဆိုရင္ေတာ့ Color Saturation ပိုေကာင္းလာၿပီး ျပတ္သားတဲ့ ႐ုပ္ထြက္ေတြကို ရရွိေစပါတယ္။

Performance

RAM အေနနဲ႔ 6GB ပါၿပီး Memory Storage ကေတာ့ 128GB ပါ။ Honor 8X, Huawei Nova 3i နဲ႔ Y9 (2019) တို႔မွာ အသုံးျပဳခဲ့တဲ့ Kirin 710 (12nm) SoC ကို P30 Lite မွာလည္း အသုံးျပဳထားပါတယ္။ Kirin 710 က Nova 3e (P20 Lite) မွာ အသုံးျပဳခဲ့တဲ့ Kirin 659 (16nm) SoC ထက္ အမ်ားႀကီး တိုးတက္ေကာင္းမြန္လာတာ မွန္ေပမယ့္ အနည္းဆုံးေတာ့ Huawei Nova 4 နဲ႔ Nova 3 တို႔လိုမ်ိဴး Kirin 970 (10nm) SoC ေလာက္ေတာ့ သုံးေပးသင့္တယ္လို႔ ျမင္မိပါတယ္။ ဒါေပမယ့္လည္း Kirin 710 မွာ ပါတဲ့ Mali-G51 MP4 GPU က PUBG Mobile နဲ႔ Asphalt 9 တို႔လိုမ်ိဴး Graphic Intensive ျဖစ္တဲ့ ဂိမ္းႀကီးေတြမွာေတာင္ အဆင္ေျပေျပ ေဆာ့ကစားႏိုင္တာ ေတြ႕ရပါတယ္။ PUBG Mobile မွာေတာ့ Graphic (HD) နဲ႔ Frame Rate (High) ကို ေျပာင္းေဆာ့လို႔ ရပါတယ္။ ဒါ့ေၾကာင့္ Mobile Legends ဂိမ္မာေတြအေနနဲ႔လည္း Huawei P30 Lite ရဲ႕ စြမ္းေဆာင္ရည္ကို စိတ္ပူစရာ မလိုေတာ့ပါဘူး။

Battery

၆လက္မေက်ာ္ LCD Display အတြက္ 3340mAh ဘက္ထရီဟာ ဒီေန႔ေခတ္ အေနအထားနဲ႔ၾကည့္မယ္ဆိုရင္ နည္းတယ္လို႔ ေျပာလို႔ရပါတယ္။ ဒါေပမယ့္ USB Type-C ကေန တစ္ဆင့္ အသုံးျပဳႏိုင္မယ့္ 18W အျမန္အားသြင္းစနစ္ကိုေတာ့ ထည့္သြင္းေပးထားပါတယ္။ သူရဲ႕ အျမန္အားသြင္းစနစ္ကို စမ္းသပ္ၿပီး ျပန္လည္ေဖာ္ျပေပးခ်င္ေပမယ့္ ကြၽန္ေတာ္ စမ္းသပ္အသုံးျပဳခြင့္ ရရွိခဲ့တဲ့ P30 Lite က Original Adapter ပါမလာခဲ့ပါဘူး။ ဒါေပမယ့္ သူရဲ႕ Power Consumption ကိုေတာ့ စမ္းသပ္ႏိုင္ခဲ့ပါတယ္။

P30 Lite ရဲ႕ ဘက္ထရီအား စားသုံးမႈကို စမ္းသပ္ဖို႔အတြက္ ဘက္ထရီအား အရမ္းစားတဲ့ Mobile Legends နဲ႔ PUBG Mobile ဂိမ္းေတြကို ေဆာ့ကစား ၾကည့္ခဲ့ပါတယ္။ Mobile Legends ကို မိနစ္ ၃၀ေက်ာ္ ေဆာ့ၾကည့္တဲ့အခါမွာ ဘက္ထရီအားက ၁၀% ေလာက္ကုန္တာ ေတြ႕ရၿပီး၊ PUBG Mobile ကို ၁နာရီေလာက္ ေဆာ့ၾကည့္တဲ့အခါမွာေတာ့ ဘက္ထရီအားက ၂၀% ေက်ာ္ကုန္တာ ေတြ႕ရပါတယ္။ ဒါ့ေၾကာင့္ ဂိမ္းေဆာ့လိုက္၊ Facebook, Instagram နဲ႔ Tik Tok တို႔လိုမ်ိဴး Application ေတြကို သုံးလိုက္၊ ဗီဒီယိုၾကည့္လိုက္ လုပ္မယ္ဆိုရင္ေတာ့ တေန႔တာလုံး သာသာယာယာ အသုံးျပဳႏိုင္မယ့္ အေနအထားပါ။

Conclusion

နိဂုန္းခ်ဴပ္အေနနဲ႔ ေျပာရမယ္ဆိုရင္ Huawei P30 Lite ရဲ႕ ဘက္ထရီနဲ႔ Low Light Photography ေတြကို သိပ္ၿပီး အားမရပါဘူး။ ဒါေပမယ့္ သူ႔ရဲ႕ ဒီဇိုင္း၊ Display နဲ႔ Ultra-wide Sensor ပါတဲ့ Triple Camera Setup ေတြက စိတ္ေက်နပ္မႈကို အျပည့္အဝ ေပးစြမ္းႏိုင္ပါတယ္။

Reviewer – ThaRa

[Unicode]

Huawei P30 Lite က ၄သိန်း ဝန်းကျင်ဆိုတဲ့ စျေးနဲ့ တန်လား ? (P30 Lite Review)

ဒီတစ်ခေါက်မှာတော့ ကျွန်တော်တို့ MyTech Myanmar Page မှာ လူတော်တော်များများ လာလာမေးနေကြတဲ့ Huawei P30 Lite ကို Review လုပ်ပေးလိုက်ပါတယ်။ P30 Lite ဟာ လက်ရှိ ပြည်တွင်းစျေးကွက်ထဲမှာ ငွေကျပ် ၃၉၉,၀၀၀ နဲ့ရောင်းချနေတဲ့ စမတ်ဖုန်းဖြစ်ပြီး Triple Camera Setup ပါဝင်တာကြောင့် လူတော်တော်များများက စိတ်ဝင်စားနေကြပါတယ်။ ဒါ့ကြောင့် P30 Lite ကို ၂ရက်ကြာ အသုံးပြုပြီးနောက် တွေရှိခဲ့တဲ့ ကျွန်တော့ရဲ့ အတွေ့အကြုံလေးတွေကို ပြန်လည် မျှဝေပေးလိုက်ပါတယ်။

Design & Build

P30 Lite ကို မြင်မြင်ချင်း ကြွေသွားမိပါတယ်။ သူရဲ့ ဘော်ဒီ အချိူးအကွေ့လေးတွေ သေသပ်လှပမှု၊ အပြာနဲ့ ခရမ်းရောင် ရောစပ်ထားတဲ့ ပြာတွတ်တွတ်အရောင်ရဲ့ စွဲဆောင်မှုလေးတွေကြောင့် ကြွေမိတာပါ။ အဲ့ဒီအရောင်လေးကို Peacock Blue လို့ ခေါ်ပါတယ်။ အနီးစပ်ဆုံး ပြောရမယ်ဆိုရင် Huawei Nova 3 ရဲ့ ဒီဇိုင်းနဲ့ သွားဆင်ပါတယ်။ ကိုင်ရတဲ့ အရသာက ကျစ်ကျစ်လစ်လစ်နဲ့ ပေါ့ပေါ့ပါးပါးပါပဲ။ Flagship ဖုန်းတစ်လုံးကို ကိုင်နေရသလိုမျိူး ဖီလင်ကို မပေးစွမ်းနိုင်ပေမယ့် တခြားသော Mid-range ဖုန်းတွေထက်တော့ သာပါတယ်။

3.5mm Headphone Jack ပါမယ်။ Card Slot ကို ဖုန်းရဲ့ ဘယ်ဘက်ဘေးမှာ မဟုတ်ဘဲ အပေါ်ဘက်ကို ပြောင်းလဲ တပ်ဆင်ပေးထားပါတယ်။ Hybrid Dual Card Slot အမျိူးအစားဖြစ်တာကြောင့် SIM ၂ကဒ် စိုက်မယ်ဆိုရင် MicroSD ကဒ် ထပ်စိုက်လို့ ရမှာ မဟုတ်ပါဘူး။

Display & Speaker

Resolution 1080 x 2312 pixels ရှိတဲ့ 6.15” IPS LCD Display ကို အသုံးပြုထားပါတယ်။ Pixel density ကတော့ 415ppi (pixel per inch) ပါ။ Huawei Nova 3e (P20 Lite) တုန်းကလိုမျိူး Chin နဲ့ Notch တွေက အကြီးကြီးတွေ မဟုတ်တော့ဘဲ သိသိသာသာကို သေးသွားပါတယ်။ Brightness နဲ့ Touch Sensitivity တွေက တော်တော်လေး ကောင်းတယ်၊ Color Reproduction တွေကို အားရတယ်။ Thumbs Up ပါ။

Mono-speaker ကို အသုံးပြုထားပါတယ်။ အသံ အရမ်းကြီးကျယ်တဲ့ Speaker တွေထဲမှာ မပါသလို အရမ်းတိုးနေတဲ့ Speaker မျိူးလည်း မဟုတ်ဘူး။ Bass အသံတွေကို လုံလုံလောက်လောက် ထောက်ပံ့မပေးနိုင်တာလွဲလို့ ကျန်တဲ့ အပိုင်းတွေမှာ မဆိုးဘူးလို့ ပြောရမှာပါ။

Camera

Huawei P30 Lite အတွက် အရေးကြီးဆုံး အစိတ်အပိုင်းလို့ ပြောရမှာပါ။ နောက်ကျောဘက်မှာ Aperture f/1.8 အကျယ်ရှိ 24MP Main Camera ကို 8MP Ultra-wide Lens + 2MP Depth Sensor တွေနဲ့ တွဲဖက်ပြီး Triple Camera Setup အဖြစ် တပ်ဆင်ထားပါတယ်။ ရှေ့ဘက်မျက်နှာပြင်မှာတော့ Aperture f/2.0 အကျယ်ရှိ 32MP Sensor ကို တပ်ဆင်ထားမှာပါ။ Huawei P30 နဲ့ P30 Pro တို့မှာ တပ်ဆင်ထားတဲ့ Telephoto Lens တွေအစား Depth Sensor ကို အစားထိုး အသုံးပြုထားပါတယ်။ ဒါ့ကြောင့် P30 Lite က P30 နဲ့ P30 Pro တို့လိုမျိူး အဝေးကြီးကို Zoom ဆွဲပြီး ရိုက်ကူးလို့ ရမှာ မဟုတ်ပါဘူး။

P30 Lite ရဲ့ Triple Camera Setup ထဲမှာ ပါတဲ့ 24MP Main Camera က Nova 3 နဲ့ 3i တုန်းကလိုမျိူး ရှိသင့်၊ ရှိထိုက်တာထက် ပိုတဲ့ အရောင်လွန်ကဲမှုတွေ (Over Saturation) ဖြစ်နေတာမျိူး မတွေ့ရတော့ဘူး။ Tone Reproduction နဲ့ Sharpness တွေ ပိုကောင်းလာတယ်။ 8MP Ultra-wide Lens က မြင်ကွင်းကျယ် ဓာတ်ပုံတွေ ရိုက်ကူးလို့ရတဲ့ Camera ပါ။ သတိချပ်စရာရှိတာက Wide နဲ့ ရိုက်မယ်ဆိုရင် မြင်ကွင်းပိုကျယ်သွားပေမယ့် Color Saturation နဲ့ Sharpness တွေမှာတော့ Main Camera လောက်ကောင်းမှာ မဟုတ်ပါဘူး။ ညဘက်လိုမျိူး အလင်းရောင်နည်းတဲ့ အချိန်မှာ ရိုက်ကူးနိုင်ဖို့အတွက် Night Mode ကို ထည့်ပေးထားပေမယ့် Noise အရမ်းထပြီး ပုံရိပ်ပြတ်သားမှုတွေ မရှိတာကြောင့် Low Light Photography ကို အားမရဘူးလို့ ပြောပါရစေ။

Portrait Mode မှာ 2MP Depth Sensor ကျေးဇူးကြောင့် Edge Detection တွေအဖြတ်ကောင်းပေမယ့် ရုပ်ထွက်က Detail သိပ်မကျတာလေးတွေ တွေ့ရပါတယ်။ Selfie Camera က သူရဲ့ Default Setting အတိုင်း Beauty Level 5 ကို ထားရိုက်မယ်ဆိုရင် ဖြူဖက်ဖြူရောက် ဖြစ်နေတာကြောင့် 32MP Sensor ရဲ့ အရည်အသွေး အပြည့်အဝကို တွေ့ရမှာ မဟုတ်ပါဘူး။ Beauty Level 0 ကို ထားရိုက်မယ်ဆိုရင်တော့ Color Saturation ပိုကောင်းလာပြီး ပြတ်သားတဲ့ ရုပ်ထွက်တွေကို ရရှိစေပါတယ်။

Performance

RAM အနေနဲ့ 6GB ပါပြီး Memory Storage ကတော့ 128GB ပါ။ Honor 8X, Huawei Nova 3i နဲ့ Y9 (2019) တို့မှာ အသုံးပြုခဲ့တဲ့ Kirin 710 (12nm) SoC ကို P30 Lite မှာလည်း အသုံးပြုထားပါတယ်။ Kirin 710 က Nova 3e (P20 Lite) မှာ အသုံးပြုခဲ့တဲ့ Kirin 659 (16nm) SoC ထက် အများကြီး တိုးတက်ကောင်းမွန်လာတာ မှန်ပေမယ့် အနည်းဆုံးတော့ Huawei Nova 4 နဲ့ Nova 3 တို့လိုမျိူး Kirin 970 (10nm) SoC လောက်တော့ သုံးပေးသင့်တယ်လို့ မြင်မိပါတယ်။ ဒါပေမယ့်လည်း Kirin 710 မှာ ပါတဲ့ Mali-G51 MP4 GPU က PUBG Mobile နဲ့ Asphalt 9 တို့လိုမျိူး Graphic Intensive ဖြစ်တဲ့ ဂိမ်းကြီးတွေမှာတောင် အဆင်ပြေပြေ ဆော့ကစားနိုင်တာ တွေ့ရပါတယ်။ PUBG Mobile မှာတော့ Graphic (HD) နဲ့ Frame Rate (High) ကို ပြောင်းဆော့လို့ ရပါတယ်။ ဒါ့ကြောင့် Mobile Legends ဂိမ်မာတွေအနေနဲ့လည်း Huawei P30 Lite ရဲ့ စွမ်းဆောင်ရည်ကို စိတ်ပူစရာ မလိုတော့ပါဘူး။

Battery

၆လက်မကျော် LCD Display အတွက် 3340mAh ဘက်ထရီဟာ ဒီနေ့ခေတ် အနေအထားနဲ့ကြည့်မယ်ဆိုရင် နည်းတယ်လို့ ပြောလို့ရပါတယ်။ ဒါပေမယ့် USB Type-C ကနေ တစ်ဆင့် အသုံးပြုနိုင်မယ့် 18W အမြန်အားသွင်းစနစ်ကိုတော့ ထည့်သွင်းပေးထားပါတယ်။ သူရဲ့ အမြန်အားသွင်းစနစ်ကို စမ်းသပ်ပြီး ပြန်လည်ဖော်ပြပေးချင်ပေမယ့် ကျွန်တော် စမ်းသပ်အသုံးပြုခွင့် ရရှိခဲ့တဲ့ P30 Lite က Original Adapter ပါမလာခဲ့ပါဘူး။ ဒါပေမယ့် သူရဲ့ Power Consumption ကိုတော့ စမ်းသပ်နိုင်ခဲ့ပါတယ်။

P30 Lite ရဲ့ ဘက်ထရီအား စားသုံးမှုကို စမ်းသပ်ဖို့အတွက် ဘက်ထရီအား အရမ်းစားတဲ့ Mobile Legends နဲ့ PUBG Mobile ဂိမ်းတွေကို ဆော့ကစား ကြည့်ခဲ့ပါတယ်။ Mobile Legends ကို မိနစ် ၃၀ကျော် ဆော့ကြည့်တဲ့အခါမှာ ဘက်ထရီအားက ၁၀% လောက်ကုန်တာ တွေ့ရပြီး၊ PUBG Mobile ကို ၁နာရီလောက် ဆော့ကြည့်တဲ့အခါမှာတော့ ဘက်ထရီအားက ၂၀% ကျော်ကုန်တာ တွေ့ရပါတယ်။ ဒါ့ကြောင့် ဂိမ်းဆော့လိုက်၊ Facebook, Instagram နဲ့ Tik Tok တို့လိုမျိူး Application တွေကို သုံးလိုက်၊ ဗီဒီယိုကြည့်လိုက် လုပ်မယ်ဆိုရင်တော့ တနေ့တာလုံး သာသာယာယာ အသုံးပြုနိုင်မယ့် အနေအထားပါ။

Conclusion

နိဂုန်းချူပ်အနေနဲ့ ပြောရမယ်ဆိုရင် Huawei P30 Lite ရဲ့ ဘက်ထရီနဲ့ Low Light Photography တွေကို သိပ်ပြီး အားမရပါဘူး။ ဒါပေမယ့် သူ့ရဲ့ ဒီဇိုင်း၊ Display နဲ့ Ultra-wide Sensor ပါတဲ့ Triple Camera Setup တွေက စိတ်ကျေနပ်မှုကို အပြည့်အဝ ပေးစွမ်းနိုင်ပါတယ်။

Reviewer – ThaRa