[Zawgyi]

Huawei P30 Lite ဖုန္းဟာ လက္ရွိမွာ TENAA အပါအဝင္ ေထာက္ခံခ်က္ေတြကို ရယူေနတဲ့ အဆင့္ကို ေရာက္ရွိေနၿပီး မျပီးဆုံးေသးေပမယ့္ ေဝမွ်စရာ ဓါတ္ပုံေတြေတာ့ ျမင္လာခဲ့ရပါၿပီ။ Specs အခ်ဳိ႕ကို သိထားၿပီးျဖစ္ေပမယ့္ အျပည့္အစုံ မသိရေသးတဲ့ အခ်က္အလက္ေတြကိုေတာ့ ဆက္ၿပီး ေစာင့္ေမွ်ာ္ရဦးမွာပါ။

အခုခ်ိန္ထိ သိထားရတာကေတာ့ ေမာ္ဒယ္နံပါတ္ MAR-AL00 နဲ႔ဖုန္းဟာ လွ်ဳိ႕ဝွက္ကုတ္နာမည္ “Marie Claire” ျဖစ္ပါတယ္။ 6.15” လက္မအရြယ္ Screen တစ္ခုပါဝင္ၿပီး အခ်ဳိးအစားက 15.29 x 72.7 x 7.4 mm ရွိတယ္။ Dual-SIM စနစ္ျဖစ္ၿပီး 3,240 mAh ဘကၳရီ ပါဝင္မွာပါ။

အခု အသစ္ျမင္ေတြ႕ရတဲ့ပုံေတြမွာေတာ့ Screen ရဲ႕အေပၚဘက္မွာ ဆယ္ဖီကင္မရာအတြက္ Teardrop Notch တစ္ခု ပါဝင္တာကို ေတြ႕ရမွာျဖစ္ၿပီး ေနာက္ဘက္မွာ Triple-Camera အတြဲ ရွိေနပါတယ္။ ကုတ္နံပါတ္ MAR-TL00 စမတ္ဖုန္းလည္း ရွိေပမယ့္ ပုံစံခ်င္း တူေနတာေၾကာင့္ ကြဲျပားတဲ့ Carrier ကေန ေရာင္းခ်သြားမယ့္ ေမာ္ဒယ္လို႔ ယူဆရပါတယ္။

P30 Lite အတြက္ အေစာပုိင္းသတင္းေတြမွာ 6.15” လက္မ Display ဟာ 1080 x 2312p Resolution နဲ႔ 19.3:9 အခ်ဳိးရွိမယ္လို႔ ဆုိထားတယ္။ ကင္မရာကိုေတာ့ 20 + 16 + 2MP လို႔သတင္းထြက္ေနၿပီး Kirin 710 ခ်စ္ပ္ဆက္၊ 18W အားသြင္းစနစ္တုိ႔ ပါဝင္မွာပါ။ ဒီဖုန္းကို လာမယ့္ မတ္လ ၂၆ ရက္ေန႔မွာ တရားဝင္ ျမင္ေတြ႕ရမွာ ျဖစ္ပါတယ္။

Ref – GSM Arena

[Unicode]

Huawei P30 Lite ဖုန်းဟာ လက်ရှိမှာ TENAA အပါအဝင် ထောက်ခံချက်တွေကို ရယူနေတဲ့ အဆင့်ကို ရောက်ရှိနေပြီး မပြီးဆုံးသေးပေမယ့် ဝေမျှစရာ ဓါတ်ပုံတွေတော့ မြင်လာခဲ့ရပါပြီ။ Specs အချို့ကို သိထားပြီးဖြစ်ပေမယ့် အပြည့်အစုံ မသိရသေးတဲ့ အချက်အလက်တွေကိုတော့ ဆက်ပြီး စောင့်မျှော်ရဦးမှာပါ။

အခုချိန်ထိ သိထားရတာကတော့ မော်ဒယ်နံပါတ် MAR-AL00 နဲ့ဖုန်းဟာ လျှို့ဝှက်ကုတ်နာမည် “Marie Claire” ဖြစ်ပါတယ်။ 6.15” လက်မအရွယ် Screen တစ်ခုပါဝင်ပြီး အချိုးအစားက 15.29 x 72.7 x 7.4 mm ရှိတယ်။ Dual-SIM စနစ်ဖြစ်ပြီး 3,240 mAh ဘက္ထရီ ပါဝင်မှာပါ။

အခု အသစ်မြင်တွေ့ရတဲ့ပုံတွေမှာတော့ Screen ရဲ့အပေါ်ဘက်မှာ ဆယ်ဖီကင်မရာအတွက် Teardrop Notch တစ်ခု ပါဝင်တာကို တွေ့ရမှာဖြစ်ပြီး နောက်ဘက်မှာ Triple-camera အတွဲ ရှိနေပါတယ်။ ကုတ်နံပါတ် MAR-TL00 စမတ်ဖုန်းလည်း ရှိပေမယ့် ပုံစံချင်း တူနေတာကြောင့် ကွဲပြားတဲ့ Carrier ကနေ ရောင်းချသွားမယ့် မော်ဒယ်လို့ ယူဆရပါတယ်။

P30 Lite အတွက် အစောပိုင်းသတင်းတွေမှာ 6.15” လက်မ Display ဟာ 1080 x 2312p Resolution နဲ့ 19.3:9 အချိုးရှိမယ်လို့ ဆိုထားတယ်။ ကင်မရာကိုတော့ 20 + 16 + 2MP လို့သတင်းထွက်နေပြီး Kirin 710 ချစ်ပ်ဆက်၊ 18W အားသွင်းစနစ်တို့ ပါဝင်မှာပါ။ ဒီဖုန်းကို လာမယ့် မတ်လ ၂၆ ရက်နေ့မှာ တရားဝင် မြင်တွေ့ရမှာ ဖြစ်ပါတယ်။

Ref – GSM Arena