[Zawgyi]

Huawei ရဲ႕ Premium ေမာ္ဒယ္ဖုန္းတစ္လုံးျဖစ္တဲ့ Huawei P30 နဲ႔အတူ “Lite” ဗားရွင္းျဖစ္တဲ့ Huawei P30 Lite ကလည္း ထြက္ေပၚလာမယ္ဆိုတာ ေသခ်ာေနပါၿပီ။ ပိုၿပီးေသခ်ာသြားတာကေတာ့ ပိုလန္ရဲ႕ လက္လီအေရာင္းဆိုင္တစ္ဆိုင္က ဝက္ဘ္ဆိုက္မွာ P30 Lite အတြက္ ေဈးႏႈန္းတင္လိုက္လို႔ပဲ ျဖစ္ပါတယ္။

Page ကေတာ့ ဘာမွ မ်ားမ်ားစားစား ျပထားတာမဟုတ္ပါဘူး။ Huawei P30 Lite 128 GB Black ဆိုတဲ့ ေခါင္းစဥ္နဲ႔ ေဈးႏႈန္းကိုပဲ ေရးထားေသးတာပါ။ P30 Lite ရဲ႕ ပုံေတြလည္း ၾကည့္လို႔မရေသးပါဘူး။ အျခားအခ်က္အလက္ေတြလည္း မေဖာ္ျပထားေသးပါဘူး။ ဒါေပမယ့္လည္း အခုေတြ႕ျမင္ရသေလာက္နဲ႔တင္ P30 Lite မၾကာခင္ ျမင္ေတြ႕ရေတာ့မယ္ဆိုတာ အတည္ျပဳလို႔ရသြားပါၿပီ။

TENAA က ရရွိတဲ့ အခ်က္အလက္ေတြကတစ္ဆင့္ သိႏိုင္တာကေတာ့ Huawei P30 Lite ဟာ 6.15-inch 1080p+ မ်က္ႏွာျပင္နဲ႔ ျဖစ္ပါတယ္။ အသုံးျပဳထားတဲ့ Chipset ကေတာ့ Kirin 710 ပါ။ ထြက္ေပၚထားခဲ့တဲ့ ပုံေတြထဲကအတိုင္း ေက်ာဘက္ကင္မရာ သုံးလုံးနဲ႔ျဖစ္ပါတယ္။ မ်က္ႏွာျပင္မွာေတာ့ Waterdrop Notch နဲ႔အတူ Selfie ကင္မရာ တစ္လုံး ရွိမွာပါ။

အေနာက္ကင္မရာ သုံးလုံးက 20MP အဓိကကင္မရာရယ္၊ 16MP နဲ႔ 2MP အသီးသီးရွိတဲ့ တြဲဖက္ကင္မရာ ႏွစ္လုံးရယ္နဲ႔ ျဖစ္ပါတယ္။ အေရွ႕ Selfie ကင္မရာကေတာ့ Megapixel ဘယ္ေလာက္ပါမလဲဆိုတာကို အခုထိ မသိရေသးပါဘူး။ 18W fast charging စနစ္ ပါဝင္မွာျဖစ္ေပမယ့္ ဘက္ထရီကေတာ့ 3,240mAh ပမာဏပဲ ျဖစ္ပါတယ္။ ေဈးႏႈန္းကေတာ့ PLN 1,599 လို႔ေဖာ္ျပထားတာေၾကာင့္ $418 ဝန္းက်င္ ျဖစ္ပါတယ္။ ျမန္မာေငြနဲ႔ဆိုရင္ေတာ့ က်ပ္ ၆ သိန္း ၃ ေသာင္းခြဲ ဝန္းက်င္ ျဖစ္ပါလိမ့္မယ္။

Ref: GSMArena

[Unicode]

ပိုလန်လက်လီအရောင်းဆိုင်ရဲ့ Web Page မှာ Huawei P30 Lite ဈေးနှုန်းဖော်ပြထား

Huawei ရဲ့ Premium မော်ဒယ်ဖုန်းတစ်လုံးဖြစ်တဲ့ Huawei P30 နဲ့အတူ “Lite” ဗားရှင်းဖြစ်တဲ့ Huawei P30 Lite ကလည်း ထွက်ပေါ်လာမယ်ဆိုတာ သေချာနေပါပြီ။ ပိုပြီးသေချာသွားတာကတော့ ပိုလန်ရဲ့ လက်လီအရောင်းဆိုင်တစ်ဆိုင်က ဝက်ဘ်ဆိုက်မှာ P30 Lite အတွက် ဈေးနှုန်းတင်လိုက်လို့ပဲ ဖြစ်ပါတယ်။

Page ကတော့ ဘာမှ များများစားစား ပြထားတာမဟုတ်ပါဘူး။ Huawei P30 Lite 128 GB Black ဆိုတဲ့ ခေါင်းစဉ်နဲ့ ဈေးနှုန်းကိုပဲ ရေးထားသေးတာပါ။ P30 Lite ရဲ့ ပုံတွေလည်း ကြည့်လို့မရသေးပါဘူး။ အခြားအချက်အလက်တွေလည်း မဖော်ပြထားသေးပါဘူး။ ဒါပေမယ့်လည်း အခုတွေ့မြင်ရသလောက်နဲ့တင် P30 Lite မကြာခင် မြင်တွေ့ရတော့မယ်ဆိုတာ အတည်ပြုလို့ရသွားပါပြီ။

TENAA က ရရှိတဲ့ အချက်အလက်တွေကတစ်ဆင့် သိနိုင်တာကတော့ Huawei P30 Lite ဟာ 6.15-inch 1080p+ မျက်နှာပြင်နဲ့ ဖြစ်ပါတယ်။ အသုံးပြုထားတဲ့ Chipset ကတော့ Kirin 710 ပါ။ ထွက်ပေါ်ထားခဲ့တဲ့ ပုံတွေထဲကအတိုင်း ကျောဘက်ကင်မရာ သုံးလုံးနဲ့ဖြစ်ပါတယ်။ မျက်နှာပြင်မှာတော့ Waterdrop Notch နဲ့အတူ Selfie ကင်မရာ တစ်လုံး ရှိမှာပါ။

အနောက်ကင်မရာ သုံးလုံးက 20MP အဓိကကင်မရာရယ်၊ 16MP နဲ့ 2MP အသီးသီးရှိတဲ့ တွဲဖက်ကင်မရာ နှစ်လုံးရယ်နဲ့ ဖြစ်ပါတယ်။ အရှေ့ Selfie ကင်မရာကတော့ Megapixel ဘယ်လောက်ပါမလဲဆိုတာကို အခုထိ မသိရသေးပါဘူး။ 18W fast charging စနစ် ပါဝင်မှာဖြစ်ပေမယ့် ဘက်ထရီကတော့ 3,240mAh ပမာဏပဲ ဖြစ်ပါတယ်။ ဈေးနှုန်းကတော့ PLN 1,599 လို့ဖော်ပြထားတာကြောင့် $418 ဝန်းကျင် ဖြစ်ပါတယ်။ မြန်မာငွေနဲ့ဆိုရင်တော့ ကျပ် ၆ သိန်း ၃ သောင်းခွဲ ဝန်းကျင် ဖြစ်ပါလိမ့်မယ်။

Ref: GSMArena