[Zawgyi]

Huawei ဟာ P30 ကို ေက်ာဘက္ကင္မရာ ၄ လုံးနဲ႔ ထုတ္လုပ္မယ္လို႔ ေပါက္ၾကားမႈျဖစ္ေပၚေစခဲ့ၿပီးပါၿပီ။ အခုေတာ့ လာမယ့္ မတ္လ ၂၆ ရက္ေန႔က်ရင္ ျပင္သစ္မွာ P30, P30 Pro ေတြကို မိတ္ဆက္ေပးမယ္ဆိုတဲ့ သတင္းေနာက္မွာ P30 Lite အေၾကာင္းလည္း ဆက္ၿပီး ေပၚထြက္လာၿပီ ျဖစ္ပါတယ္။

P30 Lite နဲ႔ ပတ္သက္တဲ့ အခ်က္အလက္ ေပါက္ၾကားမႈကေတာ့ ၿပီးခဲ့တဲ့ရက္ကမွ ျဖစ္ေပၚလာတာပါ။ ထုံးစံအတိုင္း Case Maker ေတြကေန တစ္ဆင့္ ေပါက္ၾကားတာပါ။ Spigen ကတင္ခဲ့တဲ့ ႐ုပ္ပုံေတြအရ P30 Lite ရဲ႕ ေက်ာဘက္ကင္မရာ အေရအတြက္ကို သိခဲ့ၾကရပါတယ္။

P30 မိသားစုထဲမွာ အငယ္ဆုံးေလးျဖစ္မယ့္ P30 Lite ကလည္း ေက်ာဘက္ကင္မရာကို သုံးလုံးနဲ႔ ထြက္လာဖြယ္ ရွိေနတာပါ။ Case အရသိႏိုင္တာကေတာ့ ေက်ာဘက္မွာ Fingerprint Sensor ရွိေနတယ္ဆိုတာပါ။ (P30 နဲ႔ P30 Pro တို႔ကေတာ့ Under Display Fingerprint နဲ႔ ျဖစ္ပါလိမ့္မယ္) P30 Lite ရဲ႕ အေရွ႕ဘက္ မ်က္ႏွာျပင္မွာလည္း ေသးငယ္တဲ့ Water Drop Notch နဲ႔အတူ က်ဥ္းေျမာင္းတဲ့ Bezels ေတြက ဝန္းရံထားမယ္လို႔ သိရပါတယ္။

P30 Lite ရဲ႕ ေက်ာဘက္ကင္မရာသုံးလုံးဟာ အထက္ကေန ေအာက္ကို ေထာင္လိုက္ တြဲေပးထားတာပါ။ ဒါေပမယ့္ အထက္က ကင္မရာႏွစ္လုံးက တစ္တြဲလိုပုံစံျဖစ္ၿပီး ဒီႏွစ္လုံးနဲ႔ ေအာက္ဆုံးက တတိယကင္မရာၾကားမွာေတာ့ Flash တစ္ခု ျခားထားမွာ ျဖစ္ပါတယ္။

P30 Lite ဟာ 3.5mm Headphone Jack နဲ႔ပဲ ထြက္လာမယ့္လို႔ ယူဆရပါတယ္။ ေအာက္ေျခဘက္မွာေတာ့ USB-C ေပါက္ ပါဝင္လာတယ္လို႔ ဆိုရမွာပါ။ ခန႔္မွန္းခ်က္အရေတာ့ Mid-Range Chipset နဲ႔ထြက္လာဖြယ္ရွိပါတယ္။ Kirin 710 Chipset လည္း ျဖစ္လာႏိုင္ပါတယ္။

Ref: GSMArena

[Unicode]

Case Renders ကေနတစ္ဆင့္ ဒီဇိုင္းပုံစံ ေပါက္ၾကားလာတဲ့ P30 Lite

Huawei ဟာ P30 ကို ကျောဘက်ကင်မရာ ၄ လုံးနဲ့ ထုတ်လုပ်မယ်လို့ ပေါက်ကြားမှုဖြစ်ပေါ်စေခဲ့ပြီးပါပြီ။ အခုတော့ လာမယ့် မတ်လ ၂၆ ရက်နေ့ကျရင် ပြင်သစ်မှာ P30, P30 Pro တွေကို မိတ်ဆက်ပေးမယ်ဆိုတဲ့ သတင်းနောက်မှာ P30 Lite အကြောင်းလည်း ဆက်ပြီး ပေါ်ထွက်လာပြီ ဖြစ်ပါတယ်။

P30 Lite နဲ့ ပတ်သက်တဲ့ အချက်အလက် ပေါက်ကြားမှုကတော့ ပြီးခဲ့တဲ့ရက်ကမှ ဖြစ်ပေါ်လာတာပါ။ ထုံးစံအတိုင်း Case maker တွေကနေ တစ်ဆင့် ပေါက်ကြားတာပါ။ Spigen ကတင်ခဲ့တဲ့ ရုပ်ပုံတွေအရ P30 Lite ရဲ့ ကျောဘက်ကင်မရာ အရေအတွက်ကို သိခဲ့ကြရပါတယ်။

P30 မိသားစုထဲမှာ အငယ်ဆုံးလေးဖြစ်မယ့် P30 Lite ကလည်း ကျောဘက်ကင်မရာကို သုံးလုံးနဲ့ ထွက်လာဖွယ် ရှိနေတာပါ။ Case အရသိနိုင်တာကတော့ ကျောဘက်မှာ Fingerprint Sensor ရှိနေတယ်ဆိုတာပါ။ (P30 နဲ့ P30 Pro တို့ကတော့ Under Display Fingerprint နဲ့ ဖြစ်ပါလိမ့်မယ်) P30 Lite ရဲ့ အရှေ့ဘက် မျက်နှာပြင်မှာလည်း သေးငယ်တဲ့ Water drop notch နဲ့အတူ ကျဉ်းမြောင်းတဲ့ Bezels တွေက ဝန်းရံထားမယ်လို့ သိရပါတယ်။

P30 Lite ရဲ့ ကျောဘက်ကင်မရာသုံးလုံးဟာ အထက်ကနေ အောက်ကို ထောင်လိုက် တွဲပေးထားတာပါ။ ဒါပေမယ့် အထက်က ကင်မရာနှစ်လုံးက တစ်တွဲလိုပုံစံဖြစ်ပြီး ဒီနှစ်လုံးနဲ့ အောက်ဆုံးက တတိယကင်မရာကြားမှာတော့ Flash တစ်ခု ခြားထားမှာ ဖြစ်ပါတယ်။

P30 Lite ဟာ 3.5mm headphone jack နဲ့ပဲ ထွက်လာမယ့်လို့ ယူဆရပါတယ်။ အောက်ခြေဘက်မှာတော့ USB-C ပေါက် ပါဝင်လာတယ်လို့ ဆိုရမှာပါ။ ခန့်မှန်းချက်အရတော့ Mid-range Chipset နဲ့ထွက်လာဖွယ်ရှိပါတယ်။ Kirin 710 Chipset လည်း ဖြစ်လာနိုင်ပါတယ်။

Ref: GSMArena