[Zawgyi]

Huawei ဟာ မေန႔ညတုန္းက က်င္းပသြားတဲ့ P30 Series မိတ္ဆက္ပြဲမွာ DxOMark က အကဲျဖတ္အမွတ္ေပးထားတဲ့ P30 Pro ရဲ႕ Camera Review ရလဒ္ေတြကို ထုတ္ေဖာ္ႂကြားဝါၿပီး မာကတ္တင္း ဆင္းခဲ့ပါတယ္။ ၂၀၁၈ခုႏွစ္တုန္းက ထြက္ရွိခဲ့တဲ့ P20 Pro ဟာ ကင္မရာအေကာင္းဆုံး စမတ္ဖုန္းအျဖစ္ DxOMark အမွတ္ေပးဇယားထိပ္မွာ တႏွစ္ပတ္လုံး ရပ္တည္ေနခဲ့တာျဖစ္ၿပီး၊ သူ႔ကို ေက်ာ္ျဖတ္ႏိုင္တဲ့ စမတ္ဖုန္း ေပၚထြန္းခဲ့ျခင္း မရွိပါဘူး။ ဒါေပမယ့္ အခုေတာ့ P20 Pro ရဲ႕ မ်ိဴးဆက္သစ္ စမတ္ဖုန္းျဖစ္တဲ့ P30 Pro ကပဲ စံခ်ိန္တင္ ရမွတ္ေတြကို ႐ိုက္ခ်ိဴးၿပီး နန္းထက္က ပုလႅင္ကို ရယူသိမ္းပိုက္သြားခဲ့ပါၿပီ။

Huawei P30 Pro မွာ 10MP ဓာတ္ပုံအရည္အေသြးကို ထုတ္ေပးတဲ့ Aperture f/1.6 အက်ယ္ရွိ 40MP (Wide) Camera, ျမင္ကြင္းက်ယ္နဲ႔ အႏုစိပ္ ဓာတ္ပုံေတြ ႐ိုက္ကူးႏိုင္မယ့္ Aperture f/2.2 အက်ယ္ရွိ 20MP (Ultra-wide) Camera, 5x Optical Zoom အထိ ေထာက္ပံ့ေပးထားတဲ့ Periscope 8MP Telephoto Lens နဲ႔ 3D TOF (Time of Flight) Camera ေတြကို တြဲဖက္ တပ္ဆင္ထားပါတယ္။ ေရွ႕ဘက္မ်က္ႏွာျပင္ Waterdrop Notch ထဲမွာေတာ့ Aperture f/2.0 အက်ယ္ရွိ 32MP (Wide) Camera ကို ထည့္သြင္းတပ္ဆင္ေပးထားပါတယ္။

Huawei P30 Pro ဟာ DxOMark အမွတ္ေပးဇယားထိပ္မွာ စုစုေပါင္း ရမွတ္ ၁၁၂မွတ္နဲ႔အတူ ဦးေဆာင္ ရပ္တည္ေနတာ ျဖစ္ၿပီး၊ သူရဲ႕ ေအာက္မွာေတာ့ Huawei Mate 20 Pro , P20 Pro နဲ႔ Samsung Galaxy S10 Plus တို႔က စုစုေပါင္း ရမွတ္ ၁၀၉မွတ္နဲ႔အတူ ဒုတိယေနရာမွာ ပူးတြဲရပ္တည္ေနၾကပါတယ္။ Selfie Camera အပိုင္းမွာေတာ့ Galaxy S10 Plus က အေကာင္းဆုံး စမတ္ဖုန္းအျဖစ္ သတ္မွတ္ခံထားၿပီး P30 Pro ကေတာ့ စတုတၳေနရာနဲ႔ပဲ ေက်နပ္လိုက္ရပါတယ္။

DxOMark ကေန ႐ိုက္ကူးေဖာ္ျပထားတဲ့ Huawei P30 Pro ရဲ႕ ဓာတ္ပုံေတြကို ေအာက္မွာ ၾကည့္ရွဴ႕ႏိုင္ပါတယ္။

Ref : DxOMark

[Unicode]

စမတ်ဖုန်း ကင်မရာလောကရဲ့ ဘုရင် (သို့မဟုတ်) Huawei P30 Pro

Huawei ဟာ မနေ့ညတုန်းက ကျင်းပသွားတဲ့ P30 Series မိတ်ဆက်ပွဲမှာ DxOMark က အကဲဖြတ်အမှတ်ပေးထားတဲ့ P30 Pro ရဲ့ Camera Review ရလဒ်တွေကို ထုတ်ဖော်ကြွားဝါပြီး မာကတ်တင်း ဆင်းခဲ့ပါတယ်။ ၂၀၁၈ခုနှစ်တုန်းက ထွက်ရှိခဲ့တဲ့ P20 Pro ဟာ ကင်မရာအကောင်းဆုံး စမတ်ဖုန်းအဖြစ် DxOMark အမှတ်ပေးဇယားထိပ်မှာ တနှစ်ပတ်လုံး ရပ်တည်နေခဲ့တာဖြစ်ပြီး၊ သူ့ကို ကျော်ဖြတ်နိုင်တဲ့ စမတ်ဖုန်း ပေါ်ထွန်းခဲ့ခြင်း မရှိပါဘူး။ ဒါပေမယ့် အခုတော့ P20 Pro ရဲ့ မျိူးဆက်သစ် စမတ်ဖုန်းဖြစ်တဲ့ P30 Pro ကပဲ စံချိန်တင် ရမှတ်တွေကို ရိုက်ချိူးပြီး နန်းထက်က ပုလ္လင်ကို ရယူသိမ်းပိုက်သွားခဲ့ပါပြီ။

Huawei P30 Pro မှာ 10MP ဓာတ်ပုံအရည်အသွေးကို ထုတ်ပေးတဲ့ Aperture f/1.6 အကျယ်ရှိ 40MP (Wide) Camera, မြင်ကွင်းကျယ်နဲ့ အနုစိပ် ဓာတ်ပုံတွေ ရိုက်ကူးနိုင်မယ့် Aperture f/2.2 အကျယ်ရှိ 20MP (Ultra-wide) Camera, 5x Optical Zoom အထိ ထောက်ပံ့ပေးထားတဲ့ Periscope 8MP Telephoto Lens နဲ့ 3D TOF (Time of Flight) Camera တွေကို တွဲဖက် တပ်ဆင်ထားပါတယ်။ ရှေ့ဘက်မျက်နှာပြင် Waterdrop Notch ထဲမှာတော့ Aperture f/2.0 အကျယ်ရှိ 32MP (Wide) Camera ကို ထည့်သွင်းတပ်ဆင်ပေးထားပါတယ်။

Huawei P30 Pro ဟာ DxOMark အမှတ်ပေးဇယားထိပ်မှာ စုစုပေါင်း ရမှတ် ၁၁၂မှတ်နဲ့အတူ ဦးဆောင် ရပ်တည်နေတာ ဖြစ်ပြီး၊ သူရဲ့ အောက်မှာတော့ Huawei Mate 20 Pro , P20 Pro နဲ့ Samsung Galaxy S10 Plus တို့က စုစုပေါင်း ရမှတ် ၁၀၉မှတ်နဲ့အတူ ဒုတိယနေရာမှာ ပူးတွဲရပ်တည်နေကြပါတယ်။ Selfie Camera အပိုင်းမှာတော့ Galaxy S10 Plus က အကောင်းဆုံး စမတ်ဖုန်းအဖြစ် သတ်မှတ်ခံထားပြီး P30 Pro ကတော့ စတုတ္ထနေရာနဲ့ပဲ ကျေနပ်လိုက်ရပါတယ်။

DxOMark ကနေ ရိုက်ကူးဖော်ပြထားတဲ့ Huawei P30 Pro ရဲ့ ဓာတ်ပုံတွေကို အောက်မှာ ကြည့်ရှူ့နိုင်ပါတယ်။

Ref : DxOMark