[Zawgyi]

Huawei ရဲ႕ P30 Pro ေတြဟာ ေက်ာဘက္ကင္မရာ ၄ လုံးနဲ႔ထြက္ေပၚလာတာျဖစ္ၿပီး စမတ္ဖုန္းေလာကမွာေတာ့ အေတာ္ေလးကို နာမည္ရခဲ့ပါတယ္။ လြန္ခဲ့တဲ့ မတ္လတုန္းက တရားဝင္မိတ္ဆက္လာတဲ့ P30 Pro ေတြဟာ 40MP အဓိက ကင္မရာ သုံးထားတယ္ဆိုေပမယ့္ ပုံရိပ္အရည္အေသြးပိုင္းနဲ႔ပတ္သက္ၿပီး လိုအပ္ခ်က္အနည္းငယ္ေတာ့ ရွိေနဆဲ ျဖစ္ပါတယ္။

အခုအခ်ိန္မွာေတာ့ တ႐ုတ္အေျခစိုက္ ကုမၸဏီဟာ Firmware Update ကို ထုတ္လႊတ္ေပးလိုက္ၿပီး ဒီ Update မွာ P30 Pro ရဲ႕ ပုံရိပ္အရည္အေသြးပိုင္းနဲ႔ပတ္သက္ၿပီး သိသိသာသာ ေကာင္းမြန္သြားေစတဲ့ ျပဳျပင္မႈေတြ ထည့္သြင္းေပးထားတယ္လို႔ သိရပါတယ္။ 316MB ဝန္းက်င္ ရွိတဲ့ Firmware Update ဟာ ပုံရိပ္ေတြရဲ႕ အရည္အေသြးနဲ႔ အေရာင္အေသြးပိုင္းကို ပိုၿပီးေကာင္းမြန္ေစတာလည္း ျဖစ္ပါတယ္။

ဒါေၾကာင့္ Firmware Update လုပ္ၿပီးခ်ိန္မွာ Huawei P30 Pro နဲ႔႐ိုက္ကူးထားတဲ့ ပုံရိပ္ေတြဟာ အရင္ကထက္ပိုၿပီး သဘာဝဆန္လာသလို လက္ေတြ႕နဲ႔လည္းပိုၿပီး တူညီလာတယ္လို႔ ဆိုပါတယ္။ အေရာင္အနိမ့္အျမင့္ကို အေလးအနက္ထား ခ်ိန္ညႇိေပးထားၿပီး HDR အယ္လဂိုရီသမ္ပိုင္းမွာလည္း ပိုၿပီးေျပျပစ္ညီညာလာတယ္လို႔ သိရပါတယ္။ အေရာင္အေသြးစိုေျပမႈပိုင္းကလည္း ပိုၿပီးသဘာဝနဲ႔နီးကပ္လာတယ္လို႔ ဆိုပါတယ္။

ဒါ့အျပင္ Update (9.1.0.161) ဟာ Selfie Video ေတြနဲ႔ေျပာင္းလဲေနတဲ့ေနာက္ခံပုံရိပ္ေတြကို သုံးထားတဲ့အခါ Lockscreen notification ေတြမွာ ႀကဳံေတြ႕ရတတ္တဲ့ ျပႆနာအခ်ိဳ႕ကိုလည္း ေျဖရွင္းေပးထားတယ္လို႔ ဆိုပါတယ္။ GSMArena ရဲ႕ အဆိုအရေတာ့ ဒီ Update ရရွိမႈဟာ ေဈးကြက္တစ္ခုနဲ႔တစ္ခု အခ်ိန္တူညီမွာမဟုတ္ဘူးလို႔ သိရပါတယ္။

Ref: GSMArena

[Unicode]

Huawei P30 Pro ရဲ့ ပုံရိပ်အရည်အသွေးကို သိသိသာသာ ကောင်းမွန်သွားစေတဲ့ Firmware Update ထွက်ရှိ

Huawei ရဲ့ P30 Pro တွေဟာ ကျောဘက်ကင်မရာ ၄ လုံးနဲ့ထွက်ပေါ်လာတာဖြစ်ပြီး စမတ်ဖုန်းလောကမှာတော့ အတော်လေးကို နာမည်ရခဲ့ပါတယ်။ လွန်ခဲ့တဲ့ မတ်လတုန်းက တရားဝင်မိတ်ဆက်လာတဲ့ P30 Pro တွေဟာ 40MP အဓိက ကင်မရာ သုံးထားတယ်ဆိုပေမယ့် ပုံရိပ်အရည်အသွေးပိုင်းနဲ့ပတ်သက်ပြီး လိုအပ်ချက်အနည်းငယ်တော့ ရှိနေဆဲ ဖြစ်ပါတယ်။

အခုအချိန်မှာတော့ တရုတ်အခြေစိုက် ကုမ္ပဏီဟာ Firmware Update ကို ထုတ်လွှတ်ပေးလိုက်ပြီး ဒီ Update မှာ P30 Pro ရဲ့ ပုံရိပ်အရည်အသွေးပိုင်းနဲ့ပတ်သက်ပြီး သိသိသာသာ ကောင်းမွန်သွားစေတဲ့ ပြုပြင်မှုတွေ ထည့်သွင်းပေးထားတယ်လို့ သိရပါတယ်။ 316MB ဝန်းကျင် ရှိတဲ့ Firmware Update ဟာ ပုံရိပ်တွေရဲ့ အရည်အသွေးနဲ့ အရောင်အသွေးပိုင်းကို ပိုပြီးကောင်းမွန်စေတာလည်း ဖြစ်ပါတယ်။

ဒါကြောင့် Firmware Update လုပ်ပြီးချိန်မှာ Huawei P30 Pro နဲ့ရိုက်ကူးထားတဲ့ ပုံရိပ်တွေဟာ အရင်ကထက်ပိုပြီး သဘာဝဆန်လာသလို လက်တွေ့နဲ့လည်းပိုပြီး တူညီလာတယ်လို့ ဆိုပါတယ်။ အရောင်အနိမ့်အမြင့်ကို အလေးအနက်ထား ချိန်ညှိပေးထားပြီး HDR အယ်လဂိုရီသမ်ပိုင်းမှာလည်း ပိုပြီးပြေပြစ်ညီညာလာတယ်လို့ သိရပါတယ်။ အရောင်အသွေးစိုပြေမှုပိုင်းကလည်း ပိုပြီးသဘာဝနဲ့နီးကပ်လာတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် Update (9.1.0.161) ဟာ Selfie Video တွေနဲ့ပြောင်းလဲနေတဲ့နောက်ခံပုံရိပ်တွေကို သုံးထားတဲ့အခါ Lockscreen notification တွေမှာ ကြုံတွေ့ရတတ်တဲ့ ပြဿနာအချို့ကိုလည်း ဖြေရှင်းပေးထားတယ်လို့ ဆိုပါတယ်။ GSMArena ရဲ့ အဆိုအရတော့ ဒီ Update ရရှိမှုဟာ ဈေးကွက်တစ်ခုနဲ့တစ်ခု အချိန်တူညီမှာမဟုတ်ဘူးလို့ သိရပါတယ်။

Ref: GSMArena