[Zawgyi]

ပိုလန္ဘက္ကေန ေပါက္ၾကားလာတဲ့သတင္းအရ Huawei ဟာ P30 နဲ႔ P30 Pro ေတြကို လာမယ့္ မတ္လ ၂၈ ရက္ (ခန႔္မွန္း) ေရာက္ရင္ ျပင္သစ္ႏိုင္ငံ ပဲရစ္ၿမိဳ႕မွာ မိတ္ဆက္ေပးသြားမယ္လို႔ သိရပါတယ္။ ဒီသတင္းနဲ႔ တစ္ဆက္တည္း ေပါက္ၾကားလာတာက P30 နဲ႔ P30 Pro ႏွစ္မ်ိဳးစလုံးဟာ FullHD Display ေတြ ျဖစ္တယ္ဆိုတာပါ။

Huawei ရဲ႕ P20 Pro တုန္းကလည္း ကင္မရာပိုင္းနဲ႔ပတ္သက္ၿပီး အေတာ္ေလးကို အားရစရာေကာင္းခဲ့တာေၾကာင့္ P30 Pro နဲ႔ ပတ္သက္ၿပီး ကင္မရာပိုင္းကို စိတ္ဝင္စားမႈ မ်ားျပားပါတယ္။ P30 နဲ႔ P30 Pro တို႔ရဲ႕ တရားဝင္ Renders ေတြဟာ WinFuture ကေနတစ္ဆင့္ ေပါက္ၾကားလာတာ ျဖစ္ပါတယ္။

ထြက္ေပၚလာတဲ့ ပုံေတြျမင္ရသေလာက္ေတာ့ Huawei ဟာ ဒီဖုန္းေတြအတြက္ လုံးဝကို ဒီဇိုင္းပိုင္း အသစ္ျဖစ္ေအာင္ အားထုတ္ထားတယ္လို႔ ယုံၾကည္ရပါတယ္။ အထူးသျဖင့္ Notch ဟာ အေတာ္ေလးကို ေသးငယ္သြားတာကို ေတြ႕ရပါတယ္။ အလားတူပဲ Chin ကလည္း ပိုၿပီး ၾကည့္လို႔ ေကာင္းလာတယ္လို႔ ဆိုရမွာပါ။

P30 Pro မွာ ေက်ာဘက္ ကင္မရာသုံးလုံး ပါလာတာ အံ့အားသင့္စရာမဟုတ္ေပမယ့္ P 30 ကလည္း ေက်ာဘက္ကင္မရာသုံးလုံး ျဖစ္လာတာကေတာ့ ဝမ္းသာစရာလို႔ ဆိုရမွာပါ။ သတင္းၾကားရတာကေတာ့ Huawei ဟာ In-Display Sensor ပိုင္းမွာ ပိုၿပီး အဆင့္ျမင့္လာတယ္ဆိုတာပါပဲ။ ဒါေၾကာင့္ P30 Pro နဲ႔ P 30 ေတြရဲ႕ In-Display Sensor ေတြဟာ ဘယ္ေလာက္ထိ တိုးတက္လာတယ္ဆိုတာ စိတ္ဝင္စားစရာပါပဲ။

P30 Pro ရဲ႕ ေက်ာဘက္ကင္မရာ သုံးလုံးအနက္ တတိယတစ္လုံးဟာ 10x Optical Zoom တပ္ဆင္ထားတယ္လို႔ သိရပါတယ္။ ထြက္လာတဲ့ Render မွာၾကည့္ရင္လည္း တတိယကင္မရာေနရာမွာ ေလးေထာင့္ကြက္ပုံစံမ်ိဳးျဖစ္ေနၿပီး အျခားကင္မရာေတြနဲ႔ ျခားနားေနတာပါ။ ဒီကင္မရာရဲ႕ အလုပ္လုပ္ပုံကိုေတာ့ မသိရေသးပါဘူး။ ဒါ့အျပင္ P 30 ရဲ႕ ကင္မရာေတြ အေၾကာင္းလည္း မသိရေသးတာေၾကာင့္ ေပါက္ၾကားမႈေတြကိုပဲ ဆက္ၿပီးေစာင့္ေမွ်ာ္ရဦးမွာ ျဖစ္ပါတယ္။

Ref: 9To5Google

[Unicode]

Huawei P30 Pro နဲ့ P30 တို့ရဲ့ Renders များပေါ်ထွက်လာ

ပိုလန်ဘက်ကနေ ပေါက်ကြားလာတဲ့သတင်းအရ Huawei ဟာ P30 နဲ့ P30 Pro တွေကို လာမယ့် မတ်လ ၂၈ ရက် (ခန့်မှန်း) ရောက်ရင် ပြင်သစ်နိုင်ငံ ပဲရစ်မြို့မှာ မိတ်ဆက်ပေးသွားမယ်လို့ သိရပါတယ်။ ဒီသတင်းနဲ့ တစ်ဆက်တည်း ပေါက်ကြားလာတာက P30 နဲ့ P30 Pro နှစ်မျိုးစလုံးဟာ FullHD Display တွေ ဖြစ်တယ်ဆိုတာပါ။

Huawei ရဲ့ P20 Pro တုန်းကလည်း ကင်မရာပိုင်းနဲ့ပတ်သက်ပြီး အတော်လေးကို အားရစရာကောင်းခဲ့တာကြောင့် P30 Pro နဲ့ ပတ်သက်ပြီး ကင်မရာပိုင်းကို စိတ်ဝင်စားမှု များပြားပါတယ်။ P30 နဲ့ P30 Pro တို့ရဲ့ တရားဝင် Renders တွေဟာ WinFuture ကနေတစ်ဆင့် ပေါက်ကြားလာတာ ဖြစ်ပါတယ်။

ထွက်ပေါ်လာတဲ့ ပုံတွေမြင်ရသလောက်တော့ Huawei ဟာ ဒီဖုန်းတွေအတွက် လုံးဝကို ဒီဇိုင်းပိုင်း အသစ်ဖြစ်အောင် အားထုတ်ထားတယ်လို့ ယုံကြည်ရပါတယ်။ အထူးသဖြင့် Notch ဟာ အတော်လေးကို သေးငယ်သွားတာကို တွေ့ရပါတယ်။ အလားတူပဲ Chin ကလည်း ပိုပြီး ကြည့်လို့ ကောင်းလာတယ်လို့ ဆိုရမှာပါ။

P30 Pro မှာ ကျောဘက် ကင်မရာသုံးလုံး ပါလာတာ အံ့အားသင့်စရာမဟုတ်ပေမယ့် P 30 ကလည်း ကျောဘက်ကင်မရာသုံးလုံး ဖြစ်လာတာကတော့ ဝမ်းသာစရာလို့ ဆိုရမှာပါ။ သတင်းကြားရတာကတော့ Huawei ဟာ In-display sensor ပိုင်းမှာ ပိုပြီး အဆင့်မြင့်လာတယ်ဆိုတာပါပဲ။ ဒါကြောင့် P30 Pro နဲ့ P 30 တွေရဲ့ In-display sensor တွေဟာ ဘယ်လောက်ထိ တိုးတက်လာတယ်ဆိုတာ စိတ်ဝင်စားစရာပါပဲ။

P30 Pro ရဲ့ ကျောဘက်ကင်မရာ သုံးလုံးအနက် တတိယတစ်လုံးဟာ 10x optical zoom တပ်ဆင်ထားတယ်လို့ သိရပါတယ်။ ထွက်လာတဲ့ Render မှာကြည့်ရင်လည်း တတိယကင်မရာနေရာမှာ လေးထောင့်ကွက်ပုံစံမျိုးဖြစ်နေပြီး အခြားကင်မရာတွေနဲ့ ခြားနားနေတာပါ။ ဒီကင်မရာရဲ့ အလုပ်လုပ်ပုံကိုတော့ မသိရသေးပါဘူး။ ဒါ့အပြင် P 30 ရဲ့ ကင်မရာတွေ အကြောင်းလည်း မသိရသေးတာကြောင့် ပေါက်ကြားမှုတွေကိုပဲ ဆက်ပြီးစောင့်မျှော်ရဦးမှာ ဖြစ်ပါတယ်။

Ref: 9To5Google