Huawei က ဒီနှစ် အစောပိုင်းမှာ P30 Lite New Edition ကို ကြေညာခဲ့ပြီး အခုတော့ Huawei Germany Website က မကြာခင် P30 Pro New Edition ကို ချပြတော့မယ်လို့ သတင်းပေးထားပါတယ်။ P30 Lite မှာ ၂၀၁၉ ခုနှစ်ထုတ် မော်ဒယ်မှာလို Google Mobile Services (GMS) ပါလာပါတယ်။ မူလ မော်ဒယ်နဲ့ New Edition ရဲ့ ကွာခြားချက်က RAM နဲ့ Internal Storage ဖြစ်ပါတယ်။ နောက်ထုတ်မယ့် P30 Pro New Edition မှာလည်း အဲဒီအချက် တူညီနိုင်ပါတယ်။

Huawei ဟာ ၂၀၁၉ ခုနှစ် အစောပိုင်းမှာ စွမ်းရည်မြင့် P30 Pro ကို ပွဲထုတ်ခဲ့ပြီး GMS ပါတဲ့ ကုမ္ပဏီရဲ့ နောက်ဆုံးထုတ် စွမ်းရည်မြင့် စမတ်ဖုန်း ဖြစ်လာပါတယ်။ အဲဒီ စမတ်ဖုန်းရဲ့ Misty Lavender နဲ့ Mystic Blue အရောင်အသစ်တွေကို ဒုတိယနှစ်ဝက်မှာ ရောင်းချပေးခဲ့ပါတယ်။

အဲဒီနောက်မှာ EMUI 10 ကို အဲဒီဖုန်းအတွက် အဆင့်မြှင့်ပေးခဲ့ပြီး အခုတော့ EMUI 10.1 Beta ကို စမ်းသပ်နေပါတယ်။ အဲဒီအချိန်မှာပဲ Huawei Germany Website မှာ P30 Pro New Edition ရဲ့ အထောက်အထားတွေတွေ့လာရပါပြီ။

အဲဒီ ဖုန်းအတွက် ပရိုမိုးရှင်း ကာလကို မေလ ၁၅ ရက်ကနေ ဇွန်လ ၄ ရက်နေ့အထိ ပြုလုပ်မှာ ဖြစ်ပြီး Vodafone နဲ့ Otelo တို့ကနေ ဝယ်ယူတဲ့ အလုံးတွေမှာပဲ ပရိုမိုးရှင်း ရမှာပါ။ Huawei က အဲဒီဖုန်း ကြေညာမယ့် သတင်းကို မပြောသေးပါဘူး။

Ref : gizmochina