[Zawgyi]

ၿပီးခဲ့တဲ့ ရက္ပိုင္းတုန္းက @OnLeaks ကတစ္ဆင့္ Huawei P30 ပုံစံကို ေတြ႕ျမင္ခဲ့ၾကရၿပီျဖစ္ပါတယ္။ Huawei P30 ဟာ ေက်ာဘက္ ကင္မရာသုံးလုံးနဲ႔ ထြက္ေပၚလာဖို႔ ေသခ်ာသေလာက္ျဖစ္ေနသလို P30 Pro ကလည္း ေက်ာဘက္ ကင္မရာ ေလးလုံးနဲ႔ ထြက္ေပၚလာဖြယ္ရွိေနပါတယ္။

အခုတစ္ခါ ထပ္ၿပီးၾကားသိရတဲ့သတင္းကေတာ့ P30 နဲ႔ P30 Pro ႏွစ္မ်ိဳးစလုံးရဲ႕ မ်က္ႏွာျပင္ေတြဟာ OLED display ေတြပဲ သုံးထားမယ္ဆိုတဲ့ သတင္း ျဖစ္ပါတယ္။ ဒီဖုန္းႏွစ္လုံးကို OLED display ေတြပဲ သုံးမယ္ဆိုရင္ေတာ့ ႏွစ္မ်ိဳးစလုံးမွာ In-Display fingerprint reader ေတြ ပါလာဖို႔ နီးစပ္ေနပါၿပီ။

Display အမ်ိဳးအစားေၾကာင့္ တစ္ဆက္တည္းမွာပဲ ေသခ်ာသေလာက္ျဖစ္သြားတာကေတာ့ Notch ပါ။ ဒီအေနအထားအရဆိုရင္ေတာ့ 3D face scanner အတြက္ ခပ္ႀကီးႀကီး Notch သုံးစရာမလိုေတာ့ဘဲ ေသးငယ္တဲ့ Teardrop Notch ပဲ သုံးေတာ့မွာပါ။ (ေရွ႕မွာထြက္ခဲ့တဲ့ ေပါက္ၾကားမႈေတြနဲ႔ ဆက္စပ္လိုက္ရင္ အေတာ္ေလးကို ေသခ်ာသြားပါၿပီ။)

Huawei P30 ကေတာ့ 6.1-inch မ်က္ႏွာျပင္ (P20 နဲ႔ မ်က္ႏွာျပင္အ႐ြယ္အစားတူ) ျဖစ္လာမယ္လို႔သိရၿပီး P30 Pro ကေတာ့ 6.5-inch မ်က္ႏွာျပင္ အ႐ြယ္အစား ျဖစ္လာမယ္လို႔ သိရပါတယ္။ ကင္မရာပိုင္းကေတာ့ အားလုံးသိၿပီးတဲ့အတိုင္း P30 ဟာ ေက်ာဘက္ကင္မရာသုံးလုံးျဖစ္ၿပီး အလယ္ကင္မရာကေတာ့ (Sony IMX600 module) ျဖစ္ပါလိမ့္မယ္။

အစမွာ ေျပာခဲ့တဲ့ P30 Pro ရဲ႕ ကင္မရာေလးလုံးဆိုတာကလည္း တရားဝင္နီးပါးေလာက္ ေသခ်ာေနတာပါ။ ဒီအထဲက ကင္မရာတစ္လုံးကေတာ့ (စတုတၳေျမာက္ကင္မရာ ျဖစ္ႏိုင္ပါတယ္) ပယ္ရီစကုပ္ (Periscope) အမ်ိဳးအစားျဖစ္ၿပီး High optical zoom ျဖစ္မယ္လို႔ ဆိုပါတယ္။ ကင္မရာဟာ 6-series Sony sensor သစ္ကို သုံးထားမယ္လို႔ ဆိုပါတယ္။ (1/1.8” 38MP IMX607 ျဖစ္ႏိုင္တယ္လို႔ေတာ့ ဆိုပါတယ္။)

ဖုန္းႏွစ္လုံးစလုံးကေတာ့ Kirin 980 chipset သုံးမယ္လို႔ သိရပါတယ္။ P30 အတြက္ 8GB RAM ကို အေျခခံေမာ္ဒယ္အျဖစ္ ထုတ္လုပ္မွာျဖစ္ၿပီး P30 Pro အတြက္ 12GB RAM ကို အေျခခံအျဖစ္ ထုတ္လုပ္မယ္လို႔လည္း သိရပါတယ္။ Charging ကေတာ့ 22.5W ျဖစ္သြားမယ္လို႔ ဆိုပါတယ္။ 3.5mm headphone jack လည္း ျပန္ပါလာပါလိမ့္မယ္။

Ref: GSMArena

[Unicode]

Huawei P30 နဲ့ P30 Pro နှစ်မျိုးစလုံးမှာ OLED တွေပဲ သုံးထားဖွယ်ရှိ

ပြီးခဲ့တဲ့ ရက်ပိုင်းတုန်းက @OnLeaks ကတစ်ဆင့် Huawei P30 ပုံစံကို တွေ့မြင်ခဲ့ကြရပြီဖြစ်ပါတယ်။ Huawei P30 ဟာ ကျောဘက် ကင်မရာသုံးလုံးနဲ့ ထွက်ပေါ်လာဖို့ သေချာသလောက်ဖြစ်နေသလို P30 Pro ကလည်း ကျောဘက် ကင်မရာ လေးလုံးနဲ့ ထွက်ပေါ်လာဖွယ်ရှိနေပါတယ်။

အခုတစ်ခါ ထပ်ပြီးကြားသိရတဲ့သတင်းကတော့ P30 နဲ့ P30 Pro နှစ်မျိုးစလုံးရဲ့ မျက်နှာပြင်တွေဟာ OLED display တွေပဲ သုံးထားမယ်ဆိုတဲ့ သတင်း ဖြစ်ပါတယ်။ ဒီဖုန်းနှစ်လုံးကို OLED display တွေပဲ သုံးမယ်ဆိုရင်တော့ နှစ်မျိုးစလုံးမှာ In-Display fingerprint reader တွေ ပါလာဖို့ နီးစပ်နေပါပြီ။

Display အမျိုးအစားကြောင့် တစ်ဆက်တည်းမှာပဲ သေချာသလောက်ဖြစ်သွားတာကတော့ Notch ပါ။ ဒီအနေအထားအရဆိုရင်တော့ 3D face scanner အတွက် ခပ်ကြီးကြီး Notch သုံးစရာမလိုတော့ဘဲ သေးငယ်တဲ့ Teardrop Notch ပဲ သုံးတော့မှာပါ။ (ရှေ့မှာထွက်ခဲ့တဲ့ ပေါက်ကြားမှုတွေနဲ့ ဆက်စပ်လိုက်ရင် အတော်လေးကို သေချာသွားပါပြီ။)

Huawei P30 ကတော့ 6.1-inch မျက်နှာပြင် (P20 နဲ့ မျက်နှာပြင်အရွယ်အစားတူ) ဖြစ်လာမယ်လို့သိရပြီး P30 Pro ကတော့ 6.5-inch မျက်နှာပြင် အရွယ်အစား ဖြစ်လာမယ်လို့ သိရပါတယ်။ ကင်မရာပိုင်းကတော့ အားလုံးသိပြီးတဲ့အတိုင်း P30 ဟာ ကျောဘက်ကင်မရာသုံးလုံးဖြစ်ပြီး အလယ်ကင်မရာကတော့ (Sony IMX600 module) ဖြစ်ပါလိမ့်မယ်။

အစမှာ ပြောခဲ့တဲ့ P30 Pro ရဲ့ ကင်မရာလေးလုံးဆိုတာကလည်း တရားဝင်နီးပါးလောက် သေချာနေတာပါ။ ဒီအထဲက ကင်မရာတစ်လုံးကတော့ (စတုတ္ထမြောက်ကင်မရာ ဖြစ်နိုင်ပါတယ်) ပယ်ရီစကုပ် (Periscope) အမျိုးအစားဖြစ်ပြီး High optical zoom ဖြစ်မယ်လို့ ဆိုပါတယ်။ ကင်မရာဟာ 6-series Sony sensor သစ်ကို သုံးထားမယ်လို့ ဆိုပါတယ်။ (1/1.8” 38MP IMX607 ဖြစ်နိုင်တယ်လို့တော့ ဆိုပါတယ်။)

ဖုန်းနှစ်လုံးစလုံးကတော့ Kirin 980 chipset သုံးမယ်လို့ သိရပါတယ်။ P30 အတွက် 8GB RAM ကို အခြေခံမော်ဒယ်အဖြစ် ထုတ်လုပ်မှာဖြစ်ပြီး P30 Pro အတွက် 12GB RAM ကို အခြေခံအဖြစ် ထုတ်လုပ်မယ်လို့လည်း သိရပါတယ်။ Charging ကတော့ 22.5W ဖြစ်သွားမယ်လို့ ဆိုပါတယ်။ 3.5mm headphone jack လည်း ပြန်ပါလာပါလိမ့်မယ်။

Ref: GSMArena