[Zawgyi]

Huawei P30 မိသားစုေတြ ထြက္ေပၚလာဖို႔ အခ်ိန္နည္းနည္းလိုေသးေပမယ့္ P30 Lite နဲ႔ပတ္သက္တဲ့ အခ်က္အလက္ေတြကေတာ့ တရုတ္ဝက္ဆုိက္ TENAA ေပၚမွာ အျပည့္အစုံနီးပါး ျမင္ေတြ႕လာခဲ့ရပါၿပီ။

ေမွ်ာ္လင့္ထားတဲ့အတုိင္း Huawei P30 Lite စမတ္ဖုန္းမွာ 1080p+ Display တစ္ခုပါဝင္ၿပီး 6.15” လက္မအရြယ္ လို႔ပါ ထပ္သိရပါတယ္။ ရုိးရုိးဗားရွင္း P30 မွာေတာ့ ရြယ္တူပဲလို႔ဆုိႏုိင္တဲ့ 6.1” လက္မအရြယ္ 1080p+ Display ပဲပါမွာပါ။ Lite ေမာ္ဒယ္အတြက္ ဖုန္းကာဗာေတြလည္း ျမင္ရၿပီးသားဆုိေတာ့ Teardrop Notch တစ္ခုပါမွာကိုလည္း သိထားရတယ္။

P30 Lite စမတ္ဖုန္းမွာ 3,240 mAh ဘကၳရီထည့္သြင္းထားၿပီး 18W အားအျမန္သြင္းစနစ္လည္း ပါဝင္တယ္။ ကိုယ္ထည္အခ်ဳိးက 152.9 x 72.7 x 7.4mm ရွိမွာပါ။ Lite ေမာ္ဒယ္မွာေတာ့ Triple ကင္မရာအတြဲ ပါလာမွာျဖစ္ၿပီး 20+16+2MP လို႔သတင္းထြက္ေနတယ္။ ဖုန္းရဲ႕အဓိကဦးေႏွာက္အျဖစ္ ေဆာင္ရြက္မွာကေတာ့ Kirin 710 ခ်စ္ပ္ဆက္ပါပဲ။

Huawei ကုမၸဏီက တရားဝင္အတည္မျပဳရေသးေပမယ့္ P30 Lite အပါအဝင္ P30 မိသားစုဝင္ေတြကို မတ္လ ၂၆ ရက္ေန႔မွာ မိတ္ဆက္လာမယ္လို႔ ေမွ်ာ္လင့္ရတယ္။ ဒါေပမယ့္လည္း Lite ေမာ္ဒယ္ေတြဟာ အရင္ထြက္လာေလ့ရွိတဲ့အတြက္ အဲ့ဒီထက္ နည္းနည္းလည္း ေစာႏုိင္ပါတယ္။

Ref – GSM Arena

[Unicode]

Huawei P30 မိသားစုတွေ ထွက်ပေါ်လာဖို့ အချိန်နည်းနည်းလိုသေးပေမယ့် P30 Lite နဲ့ပတ်သက်တဲ့ အချက်အလက်တွေကတော့ တရုတ်ဝက်ဆိုက် TENAA ပေါ်မှာ အပြည့်အစုံနီးပါး မြင်တွေ့လာခဲ့ရပါပြီ။

မျှော်လင့်ထားတဲ့အတိုင်း Huawei P30 Lite စမတ်ဖုန်းမှာ 1080p+ Display တစ်ခုပါဝင်ပြီး 6.15” လက်မအရွယ် လို့ပါ ထပ်သိရပါတယ်။ ရိုးရိုးဗားရှင်း P30 မှာတော့ ရွယ်တူပဲလို့ဆိုနိုင်တဲ့ 6.1” လက်မအရွယ် 1080p+ Display ပဲပါမှာပါ။ Lite မော်ဒယ်အတွက် ဖုန်းကာဗာတွေလည်း မြင်ရပြီးသားဆိုတော့ Teardrop Notch တစ်ခုပါမှာကိုလည်း သိထားရတယ်။

P30 Lite စမတ်ဖုန်းမှာ 3,240 mAh ဘက္ထရီထည့်သွင်းထားပြီး 18W အားအမြန်သွင်းစနစ်လည်း ပါဝင်တယ်။ ကိုယ်ထည်အချိုးက 152.9 x 72.7 x 7.4mm ရှိမှာပါ။ Lite မော်ဒယ်မှာတော့ Triple ကင်မရာအတွဲ ပါလာမှာဖြစ်ပြီး 20+16+2MP လို့သတင်းထွက်နေတယ်။ ဖုန်းရဲ့အဓိကဦးနှောက်အဖြစ် ဆောင်ရွက်မှာကတော့ Kirin 710 ချစ်ပ်ဆက်ပါပဲ။

Huawei ကုမ္ပဏီက တရားဝင်အတည်မပြုရသေးပေမယ့် P30 Lite အပါအဝင် P30 မိသားစုဝင်တွေကို မတ်လ ၂၆ ရက်နေ့မှာ မိတ်ဆက်လာမယ်လို့ မျှော်လင့်ရတယ်။ ဒါပေမယ့်လည်း Lite မော်ဒယ်တွေဟာ အရင်ထွက်လာလေ့ရှိတဲ့အတွက် အဲ့ဒီထက် နည်းနည်းလည်း စောနိုင်ပါတယ်။

Ref – GSM Arena