[Zawgyi]

Huawei P30 မွာ Samsung Display ေတြကို အသုံးျပဳထားတယ္ဆိုတာ သိၾကေပမယ့္ P30 Pro မွာေတာ့ ဘယ္သူ႔ဆီက Display ေတြကို ဝယ္ယူသုံးစြဲထားတယ္ဆိုတာ မသိခဲ့ၾကပါဘူး။ ဒီေန႔မွာေတာ့ အဆိုပါ ေမးခြန္းအတြက္ အေျဖတစ္ခု ထြက္ေပၚလာပါၿပီ။

တ႐ုတ္ႏိုင္ငံ အေျခစိုက္ Display ကုမၸဏီတစ္ခုျဖစ္တဲ့ BOE ရဲ႕ Vice President ျဖစ္သူ Yuan Wei ဟာ သူတို႔ရဲ႕ Display ေတြကို Huawei P30 Pro မွာ အသုံးျပဳထားေၾကာင္း အရိပ္အႁမြက္အေနနဲ႔ သြယ္ဝိုက္ေျပာဆိုသြားခဲ့ပါတယ္။ ဒါ့ေၾကာင့္ Huawei ဟာ P30 အတြက္ Samsung Display ေတြကို အသုံးျပဳထားၿပီး၊ P30 Pro အတြက္ BOE Display ေတြကို အသုံးျပဳထားတယ္လို႔ ေျပာရမွာပါ။ Huawei အေနနဲ႔ သူတို႔ရဲ႕ Flagship စမတ္ဖုန္းေတြမွာ BOE Display ေတြကို အသုံးျပဳတာဟာ ပထမဦးဆုံး အႀကိမ္ေတာ့ မဟုတ္ပါဘူး။ ၿပီးခဲ့တဲ့ ၂၀၁၈ခုႏွစ္ ေအာက္တိုဘာလတုန္းက ထြက္ရွိခဲ့တဲ့ Mate 20 Pro မွာလည္း BOE Display ေတြကို အသုံးျပဳခဲ့ဖူးပါတယ္။

Huawei P30 မွာ Resolution 1080 x 2340 pixels ရွိတဲ့ ၆.၁လက္မ မ်က္ႏွာျပင္ အက်ယ္ရွိ သာမန္ Flat OLED Display အမ်ိဴးအစားကို အသုံးျပဳထားၿပီး P30 Pro မွာေတာ့ Resolution 1080 x 2340 pixels ရွိတဲ့ ၆.၄၇လက္မ မ်က္ႏွာျပင္ အက်ယ္ရွိ Curved OLED Display အမ်ိဴးအစားကို အသုံးျပဳထားပါတယ္။ ေမာ္ဒယ္ ၂မ်ိဴးစလုံးဟာ 19.5:9 Aspect ratio Display ေတြျဖစ္ၾကၿပီး DCI-P3 Color Gamut ကိုလည္း ေထာက္ပံ့ေပးထားပါတယ္။

Ref : Gizmochina

[Unicode]

BOE Display တွေကို အသုံးပြုထားတဲ့ Huawei P30 Pro

Huawei P30 မှာ Samsung Display တွေကို အသုံးပြုထားတယ်ဆိုတာ သိကြပေမယ့် P30 Pro မှာတော့ ဘယ်သူ့ဆီက Display တွေကို ဝယ်ယူသုံးစွဲထားတယ်ဆိုတာ မသိခဲ့ကြပါဘူး။ ဒီနေ့မှာတော့ အဆိုပါ မေးခွန်းအတွက် အဖြေတစ်ခု ထွက်ပေါ်လာပါပြီ။

တရုတ်နိုင်ငံ အခြေစိုက် Display ကုမ္ပဏီတစ်ခုဖြစ်တဲ့ BOE ရဲ့ Vice President ဖြစ်သူ Yuan Wei ဟာ သူတို့ရဲ့ Display တွေကို Huawei P30 Pro မှာ အသုံးပြုထားကြောင်း အရိပ်အမြွက်အနေနဲ့ သွယ်ဝိုက်ပြောဆိုသွားခဲ့ပါတယ်။ ဒါ့ကြောင့် Huawei ဟာ P30 အတွက် Samsung Display တွေကို အသုံးပြုထားပြီး၊ P30 Pro အတွက် BOE Display တွေကို အသုံးပြုထားတယ်လို့ ပြောရမှာပါ။ Huawei အနေနဲ့ သူတို့ရဲ့ Flagship စမတ်ဖုန်းတွေမှာ BOE Display တွေကို အသုံးပြုတာဟာ ပထမဦးဆုံး အကြိမ်တော့ မဟုတ်ပါဘူး။ ပြီးခဲ့တဲ့ ၂၀၁၈ခုနှစ် အောက်တိုဘာလတုန်းက ထွက်ရှိခဲ့တဲ့ Mate 20 Pro မှာလည်း BOE Display တွေကို အသုံးပြုခဲ့ဖူးပါတယ်။

Huawei P30 မှာ Resolution 1080 x 2340 pixels ရှိတဲ့ ၆.၁လက်မ မျက်နှာပြင် အကျယ်ရှိ သာမန် Flat OLED Display အမျိူးအစားကို အသုံးပြုထားပြီး P30 Pro မှာတော့ Resolution 1080 x 2340 pixels ရှိတဲ့ ၆.၄၇လက်မ မျက်နှာပြင် အကျယ်ရှိ Curved OLED Display အမျိူးအစားကို အသုံးပြုထားပါတယ်။ မော်ဒယ် ၂မျိူးစလုံးဟာ 19.5:9 Aspect ratio Display တွေဖြစ်ကြပြီး DCI-P3 Color Gamut ကိုလည်း ထောက်ပံ့ပေးထားပါတယ်။

Ref : Gizmochina