[Zawgyi]

Google ကေတာ့ Huawei အေပၚ ထားရွိခဲ့ဖူးတဲ့ သံေယာဇဥ္ေတြကို စတင္ျဖတ္ေတာက္ေနပါၿပီ။ ဒီေန႔ ထြက္ေပၚလာတဲ့ သတင္းေတြအရ Google ဟာ Huawei Mate X နဲ႔ P30 Pro စမတ္ဖုန္းေတြကို Android.com ကေန ျဖဳတ္ခ်လိုက္ၿပီလို႔ သိရပါတယ္။

Google အေနနဲ႔ သူတို႔ရဲ႕ Android.com ဝက္ဆိုက္မွာ ေဖာ္ျပထားတဲ့ Huawei Mate X ကို “5G phones are first on Android ” ဆိုတဲ့ ေခါင္းစဥ္ေအာက္က ျဖဳတ္ခ်ခဲ့ၿပီး Huawei P30 Pro ကို “Cameras that catch the shot” ဆိုတဲ့ ေခါင္းစဥ္ေအာက္က ျဖဳတ္ခ်ခဲ့တာ ျဖစ္ပါတယ္။ ျဖဳတ္မခ်ခင္ အခ်ိန္တုန္းကေတာ့ Huawei Mate X ကို Samsung Galaxy S10 5G, LG V50 ThinQ 5G, Xiaomi Mi Mix 3 တို႔နဲ႔အတူ ႏႈိင္းယွဥ္ေဖာ္ျပခဲ့ၿပီး၊ Huawei P30 Pro ကို Google Pixel 3, Moto G7, OnePlus 6T တို႔နဲ႔အတူ ႏႈိင္းယွဥ္ေဖာ္ျပခဲ့တာ ျဖစ္ပါတယ္။

Huawei Mate X ဆိုရင္ တရားဝင္ မိတ္ဆက္ထားၿပီးသား Foldable စမတ္ဖုန္းျဖစ္ေပမယ့္ လက္ရွိအခ်ိန္ထိ ေစ်းကြက္ထဲကို မေရာက္ရွိေသးပါဘူး။ အရင္တုန္းကေတာ့ ဇြန္လထဲမွာ စတင္ေရာင္းခ်မယ္လို႔ သတင္းထြက္ခဲ့ဖူးပါတယ္။ ဒါေပမယ့္ လက္ရွိျဖစ္ေပၚေနတဲ့ ျပႆနာေတြေၾကာင့္ Huawei Mate X ရဲ႕ အနာဂတ္ဟာ ဘယ္လိုျဖစ္မလဲဆိုတာ ႀကိဳတင္မွန္းဆလို႔ မရေသးပါဘူး။

Ref: 9To5Google

[Unicode]

Huawei P30 Pro နဲ့ Mate X တို့ကို Android.com ကနေ ဖြုတ်ချလိုက်ပြီ

Google ကတော့ Huawei အပေါ် ထားရှိခဲ့ဖူးတဲ့ သံယောဇဥ်တွေကို စတင်ဖြတ်တောက်နေပါပြီ။ ဒီနေ့ ထွက်ပေါ်လာတဲ့ သတင်းတွေအရ Google ဟာ Huawei Mate X နဲ့ P30 Pro စမတ်ဖုန်းတွေကို Android.com ကနေ ဖြုတ်ချလိုက်ပြီလို့ သိရပါတယ်။

Google အနေနဲ့ သူတို့ရဲ့ Android.com ဝက်ဆိုက်မှာ ဖော်ပြထားတဲ့ Huawei Mate X ကို “5G phones are first on Android ” ဆိုတဲ့ ခေါင်းစဥ်အောက်က ဖြုတ်ချခဲ့ပြီး Huawei P30 Pro ကို “Cameras that catch the shot” ဆိုတဲ့ ခေါင်းစဥ်အောက်က ဖြုတ်ချခဲ့တာ ဖြစ်ပါတယ်။ ဖြုတ်မချခင် အချိန်တုန်းကတော့ Huawei Mate X ကို Samsung Galaxy S10 5G, LG V50 ThinQ 5G, Xiaomi Mi Mix 3 တို့နဲ့အတူ နှိုင်းယှဥ်ဖော်ပြခဲ့ပြီး၊ Huawei P30 Pro ကို Google Pixel 3, Moto G7, OnePlus 6T တို့နဲ့အတူ နှိုင်းယှဥ်ဖော်ပြခဲ့တာ ဖြစ်ပါတယ်။

Huawei Mate X ဆိုရင် တရားဝင် မိတ်ဆက်ထားပြီးသား Foldable စမတ်ဖုန်းဖြစ်ပေမယ့် လက်ရှိအချိန်ထိ စျေးကွက်ထဲကို မရောက်ရှိသေးပါဘူး။ အရင်တုန်းကတော့ ဇွန်လထဲမှာ စတင်ရောင်းချမယ်လို့ သတင်းထွက်ခဲ့ဖူးပါတယ်။ ဒါပေမယ့် လက်ရှိဖြစ်ပေါ်နေတဲ့ ပြဿနာတွေကြောင့် Huawei Mate X ရဲ့ အနာဂတ်ဟာ ဘယ်လိုဖြစ်မလဲဆိုတာ ကြိုတင်မှန်းဆလို့ မရသေးပါဘူး။

Ref: 9To5Google