[Zawgyi]

HUAWEI Consumer Business Group (Myanmar) မွ ႀကီးမႈးၿပီး HUAWEI P Series အသုံးျပဳသူမ်ားအတြက္ Mobile Photography Workshop တစ္ခုအား ေမလ ၆ ရက္ေန႔ ႏွင့္ ၇ ရက္ေန႔တြင္ ရွမ္းျပည္နယ္ ၊ ကေလာၿမိဳ႕ ၌ ျပဳလုပ္က်င္းပခဲ့သည္။

အဆိုပါ Mobile Photography Workshop သို႔ ပါဝင္လိုသူမ်ားမွာ HUAWEI P30 Series ျဖင့္ ႐ိုက္ကူးထားေသာ Low Light ဓာတ္ပုံမ်ား အရင္ဆုံး ေပးပို႔ခဲ့ရၿပီး အဆိုပါ ေပးပို႔သူမ်ားထဲမွ အေယာက္ ၂၀ အား ေ႐ြးခ်ယ္ကာ ကေလာသို႔ စရိတ္ၿငိမ္း ေခၚေဆာင္သြားျခင္းျဖစ္သည္။

အဆိုပါ Mobile Photography Workshop တြင္ ဓာတ္ပုံပညာရွင္ ကိုေအာင္ျပည့္စိုး မွ မိုဘိုင္းဓာတ္ပုံ ႐ိုက္ကူးျခင္း ၊ Pro Mode ျဖင့္ ဓာတ္ပုံ႐ိုက္ကူးျခင္း အစရွိေသာ ပညာရပ္မ်ား ႏွင့္ ဓာတ္ပုံ႐ိုက္ကူးရာတြင္ သိသည့္ သိထိုက္သည့္ Tips and Tricks မ်ားအား စာေတြ႕ျဖင့္ အရင္ ေဝမွ်ရွင္းလင္းခဲ့သည္။

စာေတြ႕ျဖင့္ ရွင္းလင္းၿပီးေနာက္ Mobile Photography Workshop က်င္းပရာေနရာျဖစ္သည့္ ပတ္တူေတာင္ေပၚတြင္ ဓာတ္ပုံပညာရွင္ ကိုေအာင္ျပည့္စိုး မွ Landscape ဓာတ္ပုံ႐ိုက္ကူးျခင္း ၊ Low-Light ဓာတ္ပုံ႐ိုက္ကူးျခင္း ၊ Star Trails ဓာတ္ပုံ႐ိုက္ကူးျခင္း ၊ Light Painting အစရွိသည့္ ပညာရပ္မ်ားအား ေဝမွ်ခဲ့သည္။ ညဖက္ေရာက္သည့္အခါ ကိုေအာင္ျပည့္စိုး မွ ဦးေဆာင္ၿပီး လိုက္ပါလာသည့္သူ ႏွင့္အတူ HUAWEI P30 Pro တစ္လုံးတည္း အသုံးျပဳကာ ေကာင္းကင္ယံတြင္ ျဖစ္ေပၚေနေသာ ၾကယ္တာရာမ်ား ၊ နဂါးေငြ႕တန္းမ်ား အစရွိသည့္ မက္ေမာဖြယ္ ေကာင္းသည့္ ပုံရိပ္မ်ားအားလည္း အတူတစ္ကြ ႐ိုက္ကူးခဲ့ၾကသည္။

HUAWEI P30 Series သည္ ေဈးကြက္ထဲသို႔ စတင္ဝင္ေရာက္သည့္ အခ်ိန္မွ စတင္ကာ ၎၏ တစ္မူထူးျခားသည့္ ကင္မရာပိုင္းဆိုင္ရာ လုပ္ေဆာင္ခ်က္မ်ားေၾကာင့္ လူႀကိဳက္မ်ားလွ်က္ရွိၿပီး လက္ရွိတြင္ လည္း DxOMark တြင္ အမွတ္ေပါင္း ၁၁၂ မွတ္ျဖင့္ ထိပ္ဆုံးမွ ဦးေဆာင္ကာ ရပ္တည္လွ်က္ရွိသည္။

HUAWEI P30 Series ႏွင့္ အျခားေသာ HUAWEI Flagship စမတ္ဖုန္းမ်ားတြင္ ပါဝင္ေလ့ရွိေသာ ကင္မရာပိုင္းဆိုင္ရာ လုပ္ေဆာင္ခ်က္မ်ားအား အဓိက အသုံးျပဳကာ ေကာင္းကင္ယံတြင္ ျဖစ္ေပၚေနသည့္ ၾကယ္တာရာမ်ား ႏွင့္ နဂါးေငြ႕တန္းမ်ားအား အျခားေသာ ကင္မရာအေထာက္အပံ့မ်ား အသုံးမျပဳဘဲ ႐ိုက္ကူးခဲ့ၾကၿပီး ဓာတ္ပုံပညာရပ္ပိုင္းဆိုင္ရာ စည္းမ်ဥ္းစည္းကမ္းမ်ားအား ျပန္လည္ေရးသားခဲ့ၾကသည္။

ယခုကဲ့သို႔ Mobile Photography ျပဳလုပ္ျဖစ္ပုံ ႏွင့္ ပတ္သက္ၿပီး HUAWEI Consumer Business Group ၏ Marketing Director တစ္ဦးျဖစ္သည့္ မခင္ရတနာဝင္း မွ “ကြၽန္မတို႔ အေနနဲ႔ Mobile Photography Workshop ကို ျပဳလုပ္တာက ပထမဆုံး အႀကိမ္ေတာ့ မဟုတ္ပါဘူး။ အရင္ႏွစ္ေတြတုန္းကလည္း ျပဳလုပ္ဖူးပါတယ္။ အရင္ႏွစ္ေတြတုန္းကေတာ့ အျခား Theme ေတြ နဲ႔ ျပဳလုပ္ခဲ့တာပါ။ ဒီႏွစ္ကေတာ့ Low-Light Feature ကို အဓိက အေလးေပးတဲ့ workshop ကို ျပဳလုပ္ခဲ့တာပါ။ ၿပီးေတာ့ ဒီႏွစ္မွာလည္း ကြၽန္မတို႔ HUAWEI စမတ္ဖုန္း တစ္လုံးတည္းနဲ႔ ဘယ္ေလာက္ေတာင္ ေကာင္းမြန္တဲ့ ပုံရိပ္ေတြကို ဖမ္းယူႏိုင္တယ္ဆိုတာ ကို ပိုၿပီးေတာ့ သက္ေသျပႏိုင္ခဲ့ပါတယ္။ ကြၽန္မတို႔ HUAWEI P Series ဖုန္းေတြဟာဆိုရင္ Low-Light Photography နဲ႔ ပတ္သက္ၿပီးေတာ့ လူသိမ်ားပါတယ္။ ၿပီးေတာ့ Leica နဲ႔ ပူးေပါင္းထားတာျဖစ္တဲ့ အတြက္လည္း အေကာင္းဆုံးေသာဆိုတဲ့ ဓာတ္ပုံ ပုံရိပ္ေတြကို ေပးစြမ္းႏိုင္တာ အားလုံးလည္း သိပါတယ္။ ကြၽန္မတို႔ သြားေရာက္႐ိုက္ကူးခဲ့တဲ့ ပတ္တူ ေတာင္မွာဆိုရင္လည္း ညဖက္ ဘာအလင္းေရာင္ မွ မရွိတဲ့ အခ်ိန္မွာ HUAWEI P30 Pro တစ္လုံးတည္းနဲ႔ အခုလိုမ်ိဳး လွပတဲ့ ပုံရိပ္ေတြကို ႐ိုက္ကူးႏိုင္ခဲ့တာျဖစ္ပါတယ္။ ဒါကလည္း HUAWEI P30 Series မွာ ပါတဲ့ ႀကီးမားတဲ့ ကင္မရာ ဆင္ဆာ ၊ Lens ေတြ ေၾကာင့္ ႐ိုက္ကူးႏိုင္တာဘဲ ျဖစ္ပါတယ္။ စမတ္ဖုန္း တစ္လုံးကေန လုပ္ေဆာင္ႏိုင္တယ္ဆိုတဲ့ ေဘာင္ေတြထပ္ကို ေက်ာ္ၿပီး HUAWEI P30 Series ဟာ စည္းမ်ဥ္းစည္းကမ္း အသစ္ကို ေရးမွတ္ႏိုင္ခဲ့တာျဖစ္ပါတယ္။” ဟု ေျပာၾကားခဲ့သည္။

၂၀၁၇ ခုႏွစ္တြင္ HUAWEI ၏ R&D လုပ္ငန္းစဥ္ ၌ ဝင္ေရာက္လုပ္ကိုင္သူေပါင္း ၈၀,၀၀၀ ေက်ာ္ ရွိၿပီး ၎မွာ ကုမၸဏီ စုစုေပါင္း ဝန္ထမ္းဦးေရ ၏ ၄၅% ေသာ အေရအတြက္ ႏွင့္ ညီမွ်သည္။ R&D လုပ္ငန္းစဥ္အတြက္ တ႐ုတ္ယြမ္ေငြေပါင္း ၈၉.၆ ဘီလီယံ ေက်ာ္အား အသုံးျပဳလွ်က္ရွိၿပီး ၎မွာ ကုမၸဏီ ဝင္ေငြ၏ ၁၄.၉% အား အသုံးျပဳေနျခင္းျဖစ္သည္။ လြန္ခဲ့သည့္ ဆယ္စုႏွစ္အတြင္း R&D အတြက္ အသုံးျပဳခဲ့သည့္ ကုန္က်စရိတ္ေပါင္းမွာ တ႐ုတ္ယြမ္ေငြ ၃၉.၄၀ ဘီလီယံ ခန႔္ရွိသည္။ European Commission မွ ထုတ္ျပန္သည့္ ထုတ္ျပန္ခ်က္ အရ HUAWEI သည္ R&D လုပ္ငန္းစဥ္ ႏွင့္ နယ္ပယ္ တြင္ နံပါတ္ ၆ ေနရာတြင္ ရပ္တည္လွ်က္ရွိကာ ၎မွာ Apple ထက္ သာလြန္သည့္ ေနရာတြင္ ရပ္တည္ေနႏိုင္ျခင္းျဖစ္သည္။ HUAWEI သည္ မူပိုင္ခြင့္ေပါင္း ၇၄,၃၀၇ အား ျဖည့္သြင္းခဲ့ၿပီး ၉၀% မွာ တီထြင္ဆန္းသစ္မႈ ႏွင့္ ပတ္သက္သည့္ မူပိုင္ခြင့္ ျဖစ္သည္။

စဥ္ဆက္မျပတ္သည့္ ရင္းႏွီးျမႇဳပ္ႏွံ႔မႈ ႏွင့္ နည္းပညာပိုင္းဆိုင္ရာ တီထြင္ဆန္းသစ္မႈမ်ားသည္ HUAWEI ၏ အဓိက အင္အားႀကီးမားလာရသည့္ အခ်က္မ်ားထဲမွာ အဓိက အခ်က္တစ္ခ်က္ျဖစ္သည္။ ၂၀၁၈ ခုႏွစ္တြင္ HUAWEI သည္ ဥေရာပ ၌ ဒုတိယအမ်ားဆုံး မူပိုင္ခြင့္ ရွိသည့္ ကုမၸဏီတစ္ခုအျဖစ္ ရပ္တည္လွ်က္ရွိသည္။

[Unicode]

HUAWEI P30 Series နှင့်အတူ ကြယ်တာရာများဆီသို့ အရောက်သွားခဲ့ကြသူများ

HUAWEI Consumer Business Group (Myanmar) မှ ကြီးမှုးပြီး HUAWEI P Series အသုံးပြုသူများအတွက် Mobile Photography Workshop တစ်ခုအား မေလ ၆ ရက်နေ့ နှင့် ၇ ရက်နေ့တွင် ရှမ်းပြည်နယ် ၊ ကလောမြို့ ၌ ပြုလုပ်ကျင်းပခဲ့သည်။

အဆိုပါ Mobile Photography Workshop သို့ ပါဝင်လိုသူများမှာ HUAWEI P30 Series ဖြင့် ရိုက်ကူးထားသော Low Light ဓာတ်ပုံများ အရင်ဆုံး ပေးပို့ခဲ့ရပြီး အဆိုပါ ပေးပို့သူများထဲမှ အယောက် ၂၀ အား ရွေးချယ်ကာ ကလောသို့ စရိတ်ငြိမ်း ခေါ်ဆောင်သွားခြင်းဖြစ်သည်။

အဆိုပါ Mobile Photography Workshop တွင် ဓာတ်ပုံပညာရှင် ကိုအောင်ပြည့်စိုး မှ မိုဘိုင်းဓာတ်ပုံ ရိုက်ကူးခြင်း ၊ Pro Mode ဖြင့် ဓာတ်ပုံရိုက်ကူးခြင်း အစရှိသော ပညာရပ်များ နှင့် ဓာတ်ပုံရိုက်ကူးရာတွင် သိသည့် သိထိုက်သည့် Tips and Tricks များအား စာတွေ့ဖြင့် အရင် ဝေမျှရှင်းလင်းခဲ့သည်။

စာတွေ့ဖြင့် ရှင်းလင်းပြီးနောက် Mobile Photography Workshop ကျင်းပရာနေရာဖြစ်သည့် ပတ်တူတောင်ပေါ်တွင် ဓာတ်ပုံပညာရှင် ကိုအောင်ပြည့်စိုး မှ Landscape ဓာတ်ပုံရိုက်ကူးခြင်း ၊ Low-Light ဓာတ်ပုံရိုက်ကူးခြင်း ၊ Star Trails ဓာတ်ပုံရိုက်ကူးခြင်း ၊ Light Painting အစရှိသည့် ပညာရပ်များအား ဝေမျှခဲ့သည်။ ညဖက်ရောက်သည့်အခါ ကိုအောင်ပြည့်စိုး မှ ဦးဆောင်ပြီး လိုက်ပါလာသည့်သူ နှင့်အတူ HUAWEI P30 Pro တစ်လုံးတည်း အသုံးပြုကာ ကောင်းကင်ယံတွင် ဖြစ်ပေါ်နေသော ကြယ်တာရာများ ၊ နဂါးငွေ့တန်းများ အစရှိသည့် မက်မောဖွယ် ကောင်းသည့် ပုံရိပ်များအားလည်း အတူတစ်ကွ ရိုက်ကူးခဲ့ကြသည်။

HUAWEI P30 Series သည် ဈေးကွက်ထဲသို့ စတင်ဝင်ရောက်သည့် အချိန်မှ စတင်ကာ ၎င်း၏ တစ်မူထူးခြားသည့် ကင်မရာပိုင်းဆိုင်ရာ လုပ်ဆောင်ချက်များကြောင့် လူကြိုက်များလျှက်ရှိပြီး လက်ရှိတွင် လည်း DxOMark တွင် အမှတ်ပေါင်း ၁၁၂ မှတ်ဖြင့် ထိပ်ဆုံးမှ ဦးဆောင်ကာ ရပ်တည်လျှက်ရှိသည်။

HUAWEI P30 Series နှင့် အခြားသော HUAWEI Flagship စမတ်ဖုန်းများတွင် ပါဝင်လေ့ရှိသော ကင်မရာပိုင်းဆိုင်ရာ လုပ်ဆောင်ချက်များအား အဓိက အသုံးပြုကာ ကောင်းကင်ယံတွင် ဖြစ်ပေါ်နေသည့် ကြယ်တာရာများ နှင့် နဂါးငွေ့တန်းများအား အခြားသော ကင်မရာအထောက်အပံ့များ အသုံးမပြုဘဲ ရိုက်ကူးခဲ့ကြပြီး ဓာတ်ပုံပညာရပ်ပိုင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများအား ပြန်လည်ရေးသားခဲ့ကြသည်။

ယခုကဲ့သို့ Mobile Photography ပြုလုပ်ဖြစ်ပုံ နှင့် ပတ်သက်ပြီး HUAWEI Consumer Business Group ၏ Marketing Director တစ်ဦးဖြစ်သည့် မခင်ရတနာဝင်း မှ “ကျွန်မတို့ အနေနဲ့ Mobile Photography Workshop ကို ပြုလုပ်တာက ပထမဆုံး အကြိမ်တော့ မဟုတ်ပါဘူး။ အရင်နှစ်တွေတုန်းကလည်း ပြုလုပ်ဖူးပါတယ်။ အရင်နှစ်တွေတုန်းကတော့ အခြား Theme တွေ နဲ့ ပြုလုပ်ခဲ့တာပါ။ ဒီနှစ်ကတော့ Low-Light Feature ကို အဓိက အလေးပေးတဲ့ workshop ကို ပြုလုပ်ခဲ့တာပါ။ ပြီးတော့ ဒီနှစ်မှာလည်း ကျွန်မတို့ HUAWEI စမတ်ဖုန်း တစ်လုံးတည်းနဲ့ ဘယ်လောက်တောင် ကောင်းမွန်တဲ့ ပုံရိပ်တွေကို ဖမ်းယူနိုင်တယ်ဆိုတာ ကို ပိုပြီးတော့ သက်သေပြနိုင်ခဲ့ပါတယ်။ ကျွန်မတို့ HUAWEI P Series ဖုန်းတွေဟာဆိုရင် Low-Light Photography နဲ့ ပတ်သက်ပြီးတော့ လူသိများပါတယ်။ ပြီးတော့ Leica နဲ့ ပူးပေါင်းထားတာဖြစ်တဲ့ အတွက်လည်း အကောင်းဆုံးသောဆိုတဲ့ ဓာတ်ပုံ ပုံရိပ်တွေကို ပေးစွမ်းနိုင်တာ အားလုံးလည်း သိပါတယ်။ ကျွန်မတို့ သွားရောက်ရိုက်ကူးခဲ့တဲ့ ပတ်တူ တောင်မှာဆိုရင်လည်း ညဖက် ဘာအလင်းရောင် မှ မရှိတဲ့ အချိန်မှာ HUAWEI P30 Pro တစ်လုံးတည်းနဲ့ အခုလိုမျိုး လှပတဲ့ ပုံရိပ်တွေကို ရိုက်ကူးနိုင်ခဲ့တာဖြစ်ပါတယ်။ ဒါကလည်း HUAWEI P30 Series မှာ ပါတဲ့ ကြီးမားတဲ့ ကင်မရာ ဆင်ဆာ ၊ Lens တွေ ကြောင့် ရိုက်ကူးနိုင်တာဘဲ ဖြစ်ပါတယ်။ စမတ်ဖုန်း တစ်လုံးကနေ လုပ်ဆောင်နိုင်တယ်ဆိုတဲ့ ဘောင်တွေထပ်ကို ကျော်ပြီး HUAWEI P30 Series ဟာ စည်းမျဉ်းစည်းကမ်း အသစ်ကို ရေးမှတ်နိုင်ခဲ့တာဖြစ်ပါတယ်။” ဟု ပြောကြားခဲ့သည်။

 

၂၀၁၇ ခုနှစ်တွင် HUAWEI ၏ R&D လုပ်ငန်းစဉ် ၌ ဝင်ရောက်လုပ်ကိုင်သူပေါင်း ၈၀,၀၀၀ ကျော် ရှိပြီး ၎င်းမှာ ကုမ္ပဏီ စုစုပေါင်း ဝန်ထမ်းဦးရေ ၏ ၄၅% သော အရေအတွက် နှင့် ညီမျှသည်။ R&D လုပ်ငန်းစဉ်အတွက် တရုတ်ယွမ်ငွေပေါင်း ၈၉.၆ ဘီလီယံ ကျော်အား အသုံးပြုလျှက်ရှိပြီး ၎င်းမှာ ကုမ္ပဏီ ဝင်ငွေ၏ ၁၄.၉% အား အသုံးပြုနေခြင်းဖြစ်သည်။ လွန်ခဲ့သည့် ဆယ်စုနှစ်အတွင်း R&D အတွက် အသုံးပြုခဲ့သည့် ကုန်ကျစရိတ်ပေါင်းမှာ တရုတ်ယွမ်ငွေ ၃၉.၄၀ ဘီလီယံ ခန့်ရှိသည်။ European Commission မှ ထုတ်ပြန်သည့် ထုတ်ပြန်ချက် အရ HUAWEI သည် R&D လုပ်ငန်းစဉ် နှင့် နယ်ပယ် တွင် နံပါတ် ၆ နေရာတွင် ရပ်တည်လျှက်ရှိကာ ၎င်းမှာ Apple ထက် သာလွန်သည့် နေရာတွင် ရပ်တည်နေနိုင်ခြင်းဖြစ်သည်။ HUAWEI သည် မူပိုင်ခွင့်ပေါင်း ၇၄,၃၀၇ အား ဖြည့်သွင်းခဲ့ပြီး ၉၀% မှာ တီထွင်ဆန်းသစ်မှု နှင့် ပတ်သက်သည့် မူပိုင်ခွင့် ဖြစ်သည်။

စဉ်ဆက်မပြတ်သည့် ရင်းနှီးမြှုပ်နှံ့မှု နှင့် နည်းပညာပိုင်းဆိုင်ရာ တီထွင်ဆန်းသစ်မှုများသည် HUAWEI ၏ အဓိက အင်အားကြီးမားလာရသည့် အချက်များထဲမှာ အဓိက အချက်တစ်ချက်ဖြစ်သည်။ ၂၀၁၈ ခုနှစ်တွင် HUAWEI သည် ဥရောပ ၌ ဒုတိယအများဆုံး မူပိုင်ခွင့် ရှိသည့် ကုမ္ပဏီတစ်ခုအဖြစ် ရပ်တည်လျှက်ရှိသည်။