[Zawgyi]

Huawei ရဲ႕ P30 နဲ႔ P30 Pro စမတ္ဖုန္းသစ္ေတြကို လာမယ့္မတ္လ ၂၆ ရက္ေန႔မွာ မိတ္ဆက္သြားမယ္လို႔ သတင္းထြက္ေနၿပီး Black, Aurora နဲ႔ Ice White ဆုိတဲ့ အေရာင္သုံးမ်ဳိးနဲ႔ ရရွိႏုိင္မွာျဖစ္ပါတယ္။ ဒါေပမယ့္ ဂ်ာမန္ဝက္ဆုိက္တစ္ခုမွ ထြက္ေပၚလာတဲ့ ဓါတ္ပုံေတြအရ P30 Pro ဖုန္းကေတာ့ Sunrise Red ဆုိတဲ့ ကာလာအသစ္တစ္ခုနဲ႔ပါ ထြက္လာမယ္လို႔ သိရပါတယ္။

Huawei P30 Pro ဟန္းဆက္ရဲ႕ Sunrise Red Edition မွာေတာ့ လိေမၼာ္ေရာင္ဘက္ေရာက္တဲ့ အနီေရာင္ေျပးကို ေက်ာဘက္အေပၚမွေအာက္သုိ႔ အေရာင္ပုိရင့္ၿပီး သက္ဆင္းသြားတာကို ေတြ႕ရမွာပါ။ အဆုိပါ ဝက္ဆုိက္ဟာ P30 Pro ဖုန္းမွာ 3.5mm Audio Jack အေပါက္လည္း မပါဘူးလို႔ ေဖာ္ျပခဲ့တဲ့အတြက္ ဝယ္သူယူ ေတြဟာ USB-C ေထာက္ပံ့ေပးတဲ့ Headphone သုိ႔မဟုတ္ ဘလူးတုသ္နားၾကပ္တုိ႔ကို အားျပဳရမယ့္ ပုံစံပါပဲ။

Huawei P30 Pro ဖုန္းမွာ အဓိက Feature တစ္ခုက ေနာက္ဘက္ကင္မရာေလးလုံးတြဲပဲျဖစ္ၿပီး 40 MP + 20 MP + 8 MP + ToF 3D ကင္မရာအတြဲကို အသုံးျပဳလာမွာပါ။ Huawei ကုမၸဏီက P30 Pro ဖုန္းရဲ႕ 5x Zoom ရုိက္ကူးႏုိင္စြမ္းကို အသားေပးေၾကာ္ျငာလာၿပီး ေရွ႕ဘက္ဆယ္ဖီကင္မရာကလည္း 32 MP ျဖစ္ပါတယ္။

အတြင္းပိုင္းမွာ Kirin 980 ခ်စ္ပ္ဆက္ကို 8 GB RAM မန္မုိရီနဲ႔ တြဲဖက္လာမယ့္ ဟန္းဆက္မွာ Storage ပမာဏကေတာ့ အနည္းဆုံး 128 GB မွ စတင္မွာပါ။ လာမယ့္ မတ္လ ၂၆ ရက္ေန႔မွာ ျပင္သစ္ႏုိင္ငံမွာလည္း တၿပိဳင္တည္း မိတ္ဆက္ပြဲက်င္းပသြားမယ္ဆုိေတာ့ ႏုိင္ငံတကာေစ်းကြက္ကိုလည္း တရုတ္ျပည္တြင္းနည္းတူ ျဖန္႔ခ်ိလာႏိုင္ပါတယ္။

Ref – GSM Arena

[Unicode]

Huawei ရဲ့ P30 နဲ့ P30 Pro စမတ်ဖုန်းသစ်တွေကို လာမယ့်မတ်လ ၂၆ ရက်နေ့မှာ မိတ်ဆက်သွားမယ်လို့ သတင်းထွက်နေပြီး Black, Aurora နဲ့ Ice White ဆိုတဲ့ အရောင်သုံးမျိုးနဲ့ ရရှိနိုင်မှာဖြစ်ပါတယ်။ ဒါပေမယ့် ဂျာမန်ဝက်ဆိုက်တစ်ခုမှ ထွက်ပေါ်လာတဲ့ ဓါတ်ပုံတွေအရ P30 Pro ဖုန်းကတော့ Sunrise Red ဆိုတဲ့ ကာလာအသစ်တစ်ခုနဲ့ပါ ထွက်လာမယ်လို့ သိရပါတယ်။

Huawei P30 Pro ဟန်းဆက်ရဲ့ Sunrise Red Edition မှာတော့ လိမ္မော်ရောင်ဘက်ရောက်တဲ့ အနီရောင်ပြေးကို ကျောဘက်အပေါ်မှအောက်သို့ အရောင်ပိုရင့်ပြီး သက်ဆင်းသွားတာကို တွေ့ရမှာပါ။ အဆိုပါ ဝက်ဆိုက်ဟာ P30 Pro ဖုန်းမှာ 3.5mm Audio Jack အပေါက်လည်း မပါဘူးလို့ ဖော်ပြခဲ့တဲ့အတွက် ဝယ်သူယူ တွေဟာ USB-C ထောက်ပံ့ပေးတဲ့ Headphone သို့မဟုတ် ဘလူးတုသ်နားကြပ်တို့ကို အားပြုရမယ့် ပုံစံပါပဲ။

Huawei P30 Pro ဖုန်းမှာ အဓိက Feature တစ်ခုက နောက်ဘက်ကင်မရာလေးလုံးတွဲပဲဖြစ်ပြီး 40 MP + 20 MP + 8 MP + ToF 3D ကင်မရာအတွဲကို အသုံးပြုလာမှာပါ။ Huawei ကုမ္ပဏီက P30 Pro ဖုန်းရဲ့ 5x Zoom ရိုက်ကူးနိုင်စွမ်းကို အသားပေးကြော်ငြာလာပြီး ရှေ့ဘက်ဆယ်ဖီကင်မရာကလည်း 32 MP ဖြစ်ပါတယ်။

အတွင်းပိုင်းမှာ Kirin 980 ချစ်ပ်ဆက်ကို 8 GB RAM မန်မိုရီနဲ့ တွဲဖက်လာမယ့် ဟန်းဆက်မှာ Storage ပမာဏကတော့ အနည်းဆုံး 128 GB မှ စတင်မှာပါ။ လာမယ့် မတ်လ ၂၆ ရက်နေ့မှာ ပြင်သစ်နိုင်ငံမှာလည်း တပြိုင်တည်း မိတ်ဆက်ပွဲကျင်းပသွားမယ်ဆိုတော့ နိုင်ငံတကာဈေးကွက်ကိုလည်း တရုတ်ပြည်တွင်းနည်းတူ ဖြန့်ချိလာနိုင်ပါတယ်။

Ref – GSM Arena