[Zawgyi]

အခုဆိုရင္ Huawei ဟာ သူတို႔ရဲ႕ Flagship စမတ္ဖုန္းေတြျဖစ္တဲ့ P30 Series ကို လာမယ့္ မတ္လ ၂၆ရက္ေန႔မွာ မိတ္ဆက္ႏိုင္ဖို႔အတြက္ ျပင္ဆင္ေနၿပီ ျဖစ္ပါတယ္။ အဆိုပါ P30 Series မွာ Huawei P30, P30 Pro နဲ႔ P30 Lite တို႔ ပါဝင္မွာျဖစ္ၿပီး P30 Lite ေခၚ Nova 4e ကိုေတာ့ မနက္ျဖန္ မတ္လ ၁၄ရက္ေန႔မွာ ဦးစြာ မိတ္ဆက္သြားမယ္လို႔ ေမွ်ာ္လင့္ရပါတယ္။

ဒီေန႔မွာေတာ့ Huawei P30 Series ထဲက အျမင့္ဆုံးနဲ႔ အလန္းဆုံး ေမာ္ဒယ္ျဖစ္လာမယ့္ P30 Pro ဟာ ေမာ္ဒယ္နံပါတ္ VOG-L29 အမည္ျဖင့္ AnTuTu နဲ႔ Geekbench ဝက္ဆိုက္ေတြမွာ ေပၚထြက္လာခဲ့ပါတယ္။ HiSilicon Kirin 980 SoC ကို အသုံးျပဳထားမယ့္ Huawei P30 Pro ဟာ AnTuTu မွာ စုစုေပါင္းရမွတ္ ၂၈၆,၁၅၂ မွတ္ ပိုင္ဆိုင္ထားၿပီး Geekbench မွာေတာ့ Single-core ရမွတ္ ၃၂၈၉ မွတ္နဲ႔ Multi-core ရမွတ္ ၉၈၁၇မွတ္ ပိုင္ဆိုင္ထားပါတယ္။

Benchmark ရလဒ္ေတြအရဆိုရင္ P30 Pro ရဲ႕ ရမွတ္ေတြဟာ အားရစရာမေကာင္းပါဘူး။ ဒါေပမယ့္လည္း Benchmark ဝက္ဆိုက္ေတြေပၚကို ဝင္ေရာက္လည္ပတ္ခဲ့တဲ့ P30 Pro ဟာ ေစ်းကြက္ထဲကို တကယ္ဝင္ေရာက္လာမယ့္ စမတ္ဖုန္းလား ဒါမွမဟုတ္ Prototype အလုံးနဲ႔ စမ္းသပ္ထားတာလားဆိုတာကို တိတိက်က် မသိရေသးတဲ့အတြက္ ရမွတ္ေတြကို အတည္တက် မွတ္ယူထားလို႔ မရေသးပါဘူး။

Huawei P30 Pro မွာ 32MP Front-facing Camera ပါဝင္လာႏိုင္ၿပီး 40MP Camera ကို ေနာက္ေက်ာဘက္မွာ Main Camera အျဖစ္ တပ္ဆင္ထားႏိုင္ပါတယ္။ 6.5” Curved OLED Display နဲ႔အတူ In-display Fingerprint Sensor ကို အသုံးျပဳထားႏိုင္ၿပီး 40W အျမန္အားသြင္းစနစ္ ပါဝင္လာမယ္လို႔ သိရပါတယ္။

Ref: Gizmochina

[Unicode]

Huawei P30 Pro ရဲ့ AnTuTu နဲ့ Geekbench ရလဒ်များ ပေါက်ကြားထွက်ပေါ်

အခုဆိုရင် Huawei ဟာ သူတို့ရဲ့ Flagship စမတ်ဖုန်းတွေဖြစ်တဲ့ P30 Series ကို လာမယ့် မတ်လ ၂၆ရက်နေ့မှာ မိတ်ဆက်နိုင်ဖို့အတွက် ပြင်ဆင်နေပြီ ဖြစ်ပါတယ်။ အဆိုပါ P30 Series မှာ Huawei P30, P30 Pro နဲ့ P30 Lite တို့ ပါဝင်မှာဖြစ်ပြီး P30 Lite ခေါ် Nova 4e ကိုတော့ မနက်ဖြန် မတ်လ ၁၄ရက်နေ့မှာ ဦးစွာ မိတ်ဆက်သွားမယ်လို့ မျှော်လင့်ရပါတယ်။

ဒီနေ့မှာတော့ Huawei P30 Series ထဲက အမြင့်ဆုံးနဲ့ အလန်းဆုံး မော်ဒယ်ဖြစ်လာမယ့် P30 Pro ဟာ မော်ဒယ်နံပါတ် VOG-L29 အမည်ဖြင့် AnTuTu နဲ့ Geekbench ဝက်ဆိုက်တွေမှာ ပေါ်ထွက်လာခဲ့ပါတယ်။ HiSilicon Kirin 980 SoC ကို အသုံးပြုထားမယ့် Huawei P30 Pro ဟာ AnTuTu မှာ စုစုပေါင်းရမှတ် ၂၈၆,၁၅၂ မှတ် ပိုင်ဆိုင်ထားပြီး Geekbench မှာတော့ Single-core ရမှတ် ၃၂၈၉ မှတ်နဲ့ Multi-core ရမှတ် ၉၈၁၇မှတ် ပိုင်ဆိုင်ထားပါတယ်။

Benchmark ရလဒ်တွေအရဆိုရင် P30 Pro ရဲ့ ရမှတ်တွေဟာ အားရစရာမကောင်းပါဘူး။ ဒါပေမယ့်လည်း Benchmark ဝက်ဆိုက်တွေပေါ်ကို ဝင်ရောက်လည်ပတ်ခဲ့တဲ့ P30 Pro ဟာ စျေးကွက်ထဲကို တကယ်ဝင်ရောက်လာမယ့် စမတ်ဖုန်းလား ဒါမှမဟုတ် Prototype အလုံးနဲ့ စမ်းသပ်ထားတာလားဆိုတာကို တိတိကျကျ မသိရသေးတဲ့အတွက် ရမှတ်တွေကို အတည်တကျ မှတ်ယူထားလို့ မရသေးပါဘူး။

Huawei P30 Pro မှာ 32MP Front-facing Camera ပါဝင်လာနိုင်ပြီး 40MP Camera ကို နောက်ကျောဘက်မှာ Main Camera အဖြစ် တပ်ဆင်ထားနိုင်ပါတယ်။ 6.5” Curved OLED Display နဲ့အတူ In-display Fingerprint Sensor ကို အသုံးပြုထားနိုင်ပြီး 40W အမြန်အားသွင်းစနစ် ပါဝင်လာမယ်လို့ သိရပါတယ်။

Ref: Gizmochina