Huawei ရဲ့ P40 နဲ့ P40 Pro တို့ကို လာမယ့် မတ်လ ၂၆ ရက်နေ့ဆိုရင် ပြင်သစ်နိုင်ငံပဲရစ်မြို့မှာ မိတ်ဆက်မှာ ဖြစ်ပါတယ်။ ဒီ Flagship တွေနဲ့ပတ်သက်တဲ့ သတင်းအချက်အလက်တွေက အစောပိုင်းကတည်းက ပေါက်ကြားထွက်ပေါ်ပြီးသားဆိုပေမယ့် အခုလည်း အချက်အလက်အချို့ ထပ်ပြီး ထွက်ပေါ်လာခဲ့ပြန်ပါတယ်။

တရုတ် 3C ကတစ်ဆင့် မြင်တွေ့ရတာကတော့ P40 နဲ့ P40 Pro တို့ရဲ့ အားသွင်းအမြန်နှုန်းတွေ အကြောင်းပဲ ဖြစ်ပါတယ်။ P40 (မော်ဒယ်နံပါတ် ANA-AN00 နဲ့ ANA-TN00) တို့ဟာ 22.5W အားသွင်းနှုန်းဖြစ်ပြီး Pro အမျိုးအစားကတော့ (မော်ဒယ်နံပါတ် ELS-AN00 နဲ့ ELS-TN00) 40W ကို ထောက်ပံ့ပေးထားတာ ဖြစ်ပါတယ်။ အကယ်၍ ကောလာဟလတွေသာ အမှန်ဆိုရင်တော့ P40 ကို မျှော်လင့်ထားတာထက် ပိုမြန်တဲ့အားသွင်းနှုန်းနဲ့ အသုံးပြုနိုင်ဖွယ်ရှိပါတယ်။

ပြီးခဲ့တဲ့တစ်ပတ်က TENAA မှာမြင်တွေ့ရတာကတော့ P40 Vanilla နဲ့ Pro အမျိုးအစားနှစ်မျိုးစလုံးဟာ Dual-SIM ကိုထောက်ပံ့ပေးပြီး Dual Mode 5G ကိုလည်း ထောက်ပံ့ပေးထားတာ ဖြစ်ပါတယ်။ P40 မှာတော့ 54MP အဓိကကင်မရာနဲ့ 40MP cine ကင်မရာ၊ 3x optical zoom နဲ့ 8MP telephoto ကင်မရာတို့ ပါဝင်မယ်လို့ သတင်းထွက်ထားတာ ဖြစ်ပါတယ်။

P40 Pro ကတော့ 5x optical zoom နဲ့ပိုပြီးကောင်းတဲ့ Telephoto module ကို မျှော်လင့်နိုင်တယ်လို့ ဆိုပါတယ်။ P 40 Premium ကတော့ ကျောဘက်ကင်မရာ ၅ လုံးအပြင် 10x Optical zoom လည်း ပါဝင်လာမယ်လို့ သတင်းထွက်ထားတာပါ။ P 40 မော်ဒယ်သုံးမျိုးစလုံးဟာ Wi-Fi 6+ connectivity တွေ ထောက်ပံ့ပေးမှာဖြစ်ပြီး P30 lineup ထက် ဈေးနှုန်းသက်သာလာဖွယ်ရှိတယ်လို့လည်း သိရပါတယ်။

Ref: GSM Arena