[Unicode]

Huawei က လာမယ့်နှစ် မတ်လကုန်မှာ နောက်မျိုးဆက် စွမ်းရည်မြင့် ဖုန်းတွေကို ပဲရစ်မှာ ပြသမယ်လို့ ကြေညာလိုက်ပါတယ်။ အဲဒီ ဖုန်းတွေက Huawei P40 နဲ့ P40 Pro တို့ ဖြစ်ပြီး Android 10 အခြေပြု EMUI 10 နဲ့ Huawei Mobile Services တွေ ပါလာမှာပါ။ Google Services တွေ ပါလာမှာ မဟုတ်ပါဘူး။ ဒီသတင်းကို Huawei Consumer ဌာနရဲ့ အကြီးအကဲ Richard Yu ကိုယ်တိုင် ပြောလိုက်တဲ့အတွက် တိကျခိုင်မာပါတယ်။

သူက ဘယ်တုန်းကမှ မမြင်ဖူးတဲ့ အလန်းစား ဒီဇိုင်းနဲ့ အဆင့်မြင့် ဓါတ်ပုံ အရည်အသွေးတွေ ပါလာမယ်လို့ ကတိပေးလိုက်ပါတယ်။ ဒါ့အပြင် Chipset ရဲ့ စွမ်းရည်နဲ့ ဘက်ထရီ သက်တမ်းတွေကလည်း အရမ်းမိုက်လာမှာပါ။ P40 Series တွေမှာ Kirin 990 5G Chipset ပါလာနိုင်ပြီး Mate 40 ကျမှ Kirin 1020 ထည့်ထားနိုင်ပါတယ်။

P40 Series တွေကို ထုံးစံအတိုင်း Carriers နဲ့ Stores တွေကနေ ရောင်းမှာပါ။ P30 Generation နဲ့ ကွာခြားတာက Google Apps တွေ မပါလာတော့ဘဲ Huawei ရဲ့ Software တွေနဲ့ အစားထိုးထားတာပါ။ Mate 30 Pro နဲ့ Huawei Mobile Services တွေကို ဥရောပမှာ အကန့်အသတ်နဲ့ ရောင်းချပေးထားပါတယ်။ အခုတော့ Huawei က ကုမ္ပဏီရဲ့ကိုယ်ပိုင် App Store အတွက် အလန်းစား App တွေ ဖန်တီးပေးမယ့် App Developers တွေကို စည်းရုံးနိုင်ဖို့ လများစွာ အချိန်ရနေပါတယ်။

Huawei ရဲ့ ကိုယ်ပိုင် OS ဖြစ်တဲ့ HarmonyOS ကို ဖုန်းတွေမှာ ထည့်သွင်းရောင်းချတာ မရှိသေးပါဘူး။ ကုမ္ပဏီက သူ့ စမတ်ဖုန်းတွေအတွက် Android ကို ဆက်သုံးချင်တယ်လို့ မကြာခင်က ပြောထားပါတယ်။ ဒါပေမယ့် အနာဂတ်မှာ HarmonyOS ပါတဲ့ စမတ် ကိရိယာတွေကို ပိုမို ထုတ်လုပ်ရောင်းချမယ်လို့ ပြောပါတယ်။

Ref : gsmarena

[Zawgyi]

မတ္လမွာ Huawei P40 Series ကို ပဲရစ္မွာ ေၾကညာမည္

Huawei က လာမယ့္ႏွစ္ မတ္လကုန္မွာ ေနာက္မ်ိဳးဆက္ စြမ္းရည္ျမင့္ ဖုန္းေတြကို ပဲရစ္မွာ ျပသမယ္လို႔ ေၾကညာလိုက္ပါတယ္။ အဲဒီ ဖုန္းေတြက Huawei P40 နဲ႔ P40 Pro တို႔ ျဖစ္ၿပီး Android 10 အေျချပဳ EMUI 10 နဲ႔ Huawei Mobile Services ေတြ ပါလာမွာပါ။ Google Services ေတြ ပါလာမွာ မဟုတ္ပါဘူး။ ဒီသတင္းကို Huawei Consumer ဌာနရဲ႕ အႀကီးအကဲ Richard Yu ကိုယ္တိုင္ ေျပာလိုက္တဲ့အတြက္ တိက်ခိုင္မာပါတယ္။

သူက ဘယ္တုန္းကမွ မျမင္ဖူးတဲ့ အလန္းစား ဒီဇိုင္းနဲ႔ အဆင့္ျမင့္ ဓါတ္ပံု အရည္အေသြးေတြ ပါလာမယ္လို႔ ကတိေပးလိုက္ပါတယ္။ ဒါ့အျပင္ Chipset ရဲ႕ စြမ္းရည္နဲ႔ ဘက္ထရီ သက္တမ္းေတြကလည္း အရမ္းမိုက္လာမွာပါ။ P40 Series ေတြမွာ Kirin 990 5G Chipset ပါလာႏုိင္ၿပီး Mate 40 က်မွ Kirin 1020 ထည့္ထားႏုိင္ပါတယ္။

P40 Series ေတြကို ထံုးစံအတိုင္း Carriers နဲ႔ Stores ေတြကေန ေရာင္းမွာပါ။ P30 Generation နဲ႔ ကြာျခားတာက Google Apps ေတြ မပါလာေတာ့ဘဲ Huawei ရဲ႕ Software ေတြနဲ႔ အစားထိုးထားတာပါ။ Mate 30 Pro နဲ႔ Huawei Mobile Services ေတြကို ဥေရာပမွာ အကန္႔အသတ္နဲ႔ ေရာင္းခ်ေပးထားပါတယ္။ အခုေတာ့ Huawei က ကုမၸဏီရဲ႕ကိုယ္ပိုင္ App Store အတြက္ အလန္းစား App ေတြ ဖန္တီးေပးမယ့္ App Developers ေတြကို စည္းရံုးႏိုင္ဖို႔ လမ်ားစြာ အခ်ိန္ရေနပါတယ္။

Huawei ရဲ႕ ကိုယ္ပိုင္ OS ျဖစ္တဲ့ HarmonyOS ကို ဖုန္းေတြမွာ ထည့္သြင္းေရာင္းခ်တာ မရွိေသးပါဘူး။ ကုမၸဏီက သူ႔ စမတ္ဖုန္းေတြအတြက္ Android ကို ဆက္သံုးခ်င္တယ္လို႔ မၾကာခင္က ေျပာထားပါတယ္။ ဒါေပမယ့္ အနာဂတ္မွာ HarmonyOS ပါတဲ့ စမတ္ ကိရိယာေတြကို ပိုမို ထုတ္လုပ္ေရာင္းခ်မယ္လို႔ ေျပာပါတယ္။

Ref : gsmarena