Huawei က P40 Series စမတ်ဖုန်း အသစ် ၁ လုံးကို ကြေညာလိုက်ပြီး ဥရောပမှာ ရောင်းချပေးမှာ ဖြစ်ပါတယ်။ အဲဒီ စမတ်ဖုန်းဟာ အရင်က ကြေညာထားတဲ့ nova 7 SE နဲ့ အတူတူပါပဲ။ ၄၀၀ ယူရို သတ်မှတ်ထားပြီး မြန်မာငွေ ၆ သိန်းလောက်ကျသင့်မှာ ဖြစ်ပါတယ်။ ဈေးအချိုဆုံး 5G စမတ်ဖုန်းထဲက ၁ လုံး အဖြစ် ဥရောပကို ရောက်ရှိလာမှာ ဖြစ်ပါတယ်။ ကြိုတင်မှာယူနိုင်ပြီ ဖြစ်ပြီး မေလ ၂၉ ရက်နေ့မှာ ရောင်းချမှာပါ။

Huawei P40 Lite 5G မှာ ၆.၅ လက်မ FHD+ IPS မျက်နှာပြင် တပ်ဆင်ထားပြီး Punch Hole မှာ 16MP ဆဲလ်ဖီး ကင်မရာ ပါလာပါတယ်။ အနောက်ဘက်မှာ 64MP Main , 8MP Ultrawide , 2MP Depth နဲ့ 2MP Macro ကင်မရာ ၄ လုံး ထည့်သွင်းထားပါတယ်။

Huawei P40 Lite 5G မှာ Kirin 820 5G Chipset မောင်းနှင်ထားပြီး 6GB RAM နဲ့ 128GB Storage ပါပါတယ်။ Huawei ရဲ့ NM Memory Card နဲ့ Storage မြှင့်တင်နိုင်ပါတယ်။ 4,000mAh ဘက်ထရီ ပါလာပြီး Android အခြေပြု EMUI 10.1 မောင်းနှင်ထားပါတယ်။ Google Play Services တော့ မပါပါဘူး။

Ref : gsmarena