Huawei P40 lite 5G ဟာ မကြာခင်အချိန်အတွင်း P40 မိသားစုဝင်တွေနဲ့ ပေါင်းစည်းတော့မှာ ဖြစ်ပါတယ်။ ဒါဟာ nova 7 SE ကို နာမည်ပြောင်းထားတာလို့ ဆိုရမှာဖြစ်တဲ့အပြင် ဥရောပဈေးကွက်မှာပဲ ရရှိမယ်ဆိုတဲ့အချက်ပါ။ Huawei P40 Lite တုန်းကလည်း nova 6 SE ကို နာမည်ပြောင်းထားတာလားလို့ မေးခွန်းထုတ်ခဲ့ရပါသေးတယ်။

Huawei P40 lite 5G မော်ဒယ်ဟာ Kirin 820 5G chipset ကို အသုံးပြုထားပါတယ်။ အဓိကကင်မရာဟာ 64MP sensor ဖြစ်ပြီး 4K ဗီဒီယိုတွေလည်း ရိုက်ကူးနိုင်မှာ ဖြစ်ပါတယ်။ သေးငယ်တဲ့ကွာခြားမှုအဖြစ် 6.4-inch မျက်နှာပြင်အစား 6.5-inch မျက်နှာပြင် ဖြစ်သွားတာပါ။ နှစ်မျိုးစလုံးကတော့ 1080p+ IPS LCD တွေပါပဲ။

Huawei P40 lite 5G ဟာ တန်ဖိုးဘယ်လောက် ဖြစ်မလဲဆိုတာကို မသိရသေးပါဘူး။ P40 Lite (LTE) ဟာ စတင်မိတ်ဆက်တုန်းက ယူရို ၄၃၀ (၆ သိန်းခွဲဝန်းကျင်) ဖြစ်ပေမယ့် အခုအချိန်မှာတော့ ဈေးကျသွားပြီး ယူရို ၂၇၀ (၄ သိန်းဝန်းကျင်) ဖြစ်နေပါတယ်။ ဒါကြောင့် ခန့်မှန်းချက်တွေအရ P40 lite 5G ဟာ ယူရို ၅၀၀ အောက် (၇သိန်းခွဲအောက်) ဖြစ်နိုင်ဖွယ်ရှိတယ်လို့ သိရပါတယ်။

Huawei P40 lite 5G ကို ဖြန့်ချိမယ့် နေ့ရက်၊ အချိန်၊ ဈေးနှုန်း စတာတွေကိုတရားဝင်မသိရသေးပေမယ့် Crush Green, Space Silver နဲ့ Midnight Black ဆိုပြီး အရောင်သုံးမျိုး ရွေးချယ်နိုင်မယ်လို့တော့ သတင်းထွက်ထားပါတယ်။ Huawei P40 lite 5G ကို ဥရောပဈေးကွက်မှာ ဖြန့်ချိမှာဖြစ်ပေမယ့် Google apps တွေတော့ ပါဝင်လာမှာ မဟုတ်ပါဘူး။

Ref: GSM Arena