Huawei P40 Lite ကို တစ်စစီ ဖြုတ်ပြတဲ့ ဗီဒီယို ၁ ခု ထွက်ပေါ်လာပြီး ဖုန်းရဲ့ အတွင်းပိုင်းကို လေ့လာခွင့်ရခဲ့ပါတယ်။ ဗီဒီယိုအစမှာ အနောက်ဘက်က ပလတ်စတစ် ကာဗာကို အရင်ဆုံး ဖြုတ်ပြတာကို မြင်ရပါတယ်။

ဖုန်းရဲ့ Motherboard ကနေ သတ္တု ဖရိမ်ကို အပူ ကူးသွားစေဖို့ Thermal Paste ကို အသုံးပြုထားတဲ့အတွက် Kirin 810 Chipset ကို အပူမလွန်ကဲစေပါဘူး။ Thermal Paste ကို သတ္တု အကာအကွယ်တွေနဲ့ချိတ်ဆက်နိုင်အောင် တခြား Chips တွေမှာလည်း အသုံးပြုထားပြီး ဒီနည်းလမ်းက အပူကို လျှော့ချပေးပါတယ်။

စိတ်ဝင်စားစရာကောင်းတာက Huawei P40 Lite ဟာ ရေစိုခံ စမတ်ဖုန်း မဟုတ်ပေမယ့် USB-C Port နဲ့ 3.5mm Headphone Jack အနားမှာ ရာဘာ အကွပ်တွေ တပ်ဆင်ထားတာပါ။ ဗီဒီယိုအရ အဲဒီ စမတ်ဖုန်းကို ဖြုတ်ရတာ လွယ်ကူပါတယ်။ Motherboard နဲ့ ဘက်ထရီကို ဖြုတ်ပြီးရင် မျက်နှာပြင်ကို လဲလှယ်နိုင်ပါတယ်။

Huawei က P40 Series ရဲ့ ပထမဆုံး ဖုန်းဖြစ်တဲ့ P40 Lite ကို ဥရောပမှာ ဖေဖော်ဝါရီလက ရောင်းပေးလိုက်ပါပြီ။ စပိန်မှာအစောဆုံး ရောင်းပေးခဲ့တာ ဖြစ်ပြီး စွမ်းဆောင်ရည်သင့် အမျိုးအစား ဖြစ်ပါတယ်။ တရုတ်မှာ အဲဒီ ဖုန်းကို Huawei nova 6 SE နဲ့ မလေးရှားမှာ Huawei nova 7i နာမည်တွေနဲ့ ရောင်းချပေးထားတာ ဖြစ်ပါတယ်။ ဥရောပမှာ ၂၉၉ ယူရို သတ်မှတ်ထားပြီး မြန်မာငွေ ၄ သိန်း ၆ သောင်းလောက်ရှိပါတယ်။

Ref : gsmarena