Unicode

Huawei ကုမ္ပဏီဟာ သူတို့ရဲ့စမတ်ဖုန်းထုတ်ကုန်တွေကို ဈေးကွက်အပေါ်လိုက်ပြီး နာမည်နဲ့ Specs အပြောင်းအလဲပြုလုပ်လေ့ရှိကြောင်း အများသိပြီးသားပါ။ ယနေ့မှာ ထပ်မံထွက်ပေါ်လာတဲ့ Leak တစ်ခုအရတော့ Huawei ကနေ P40 Lite အဖြစ် မိတ်ဆက်လာမယ့် ဟန်းဆက်ဟာ အများရှေ့ကိုရောက်ပြီးသား ထုတ်ကုန်တစ်ခုဖြစ်နေတယ် ဆိုတာပါပဲ။

အဲဒီ့ဖုန်းကတော့ Nova 6 SE ပဲဖြစ်ပြီး လွန်ခဲ့တဲ့တစ်ပတ်ကမှ မိတ်ဆက်ထားတဲ့ဖုန်းဟာ P40 Lite အမည်ကိုပါ ခံယူပြီး မတူညီတဲ့ဈေးကွက်တွေကို ဝင်ရောက်ဦးမှာဖြစ်ပါတယ်။ Leak ဖြစ်လာတဲ့ရင်းမြစ်မှာ P40 Lite ရဲ့ နောက်ဘက်ဒီဇိုင်း အပါအဝင် ဓါတ်ပုံကိုမြင်တွေ့ရပြီး Nova 6 SE ရဲ့ ကာလာခွဲတွေထဲက တစ်ခုဖြစ်တဲ့ အနက်ရောင်နဲ့ ဒီဇိုင်းကို မြင်ရမှာပါ။ အနည်းဆုံးတော့ Huawei ဟာ မူရင်း Nova 6 SE နဲ့မတူညီတဲ့ ကာလာကွဲများဖြင့် P40 Lite ကို ထပ်မံ မိတ်ဆက်လာဖို့ မျှော်လင့်ရပါတယ်။

Nova 6 SE ဖုန်းမှာ 6.4” လက်မ FHD+ LCD Display သုံးစွဲထားကာ ဘယ်ဘက်အပေါ်ထောင့်မှာ Punch-hole တစ်ခုပါဝင်ပါတယ်။ အတွင်းမှာ Kirin 810 ပရိုဆက်ဆာနဲ့အတူ 8/128 GB မန်မိုရီ Combo ပါဝင်လာမယ်လို့ဆိုပါတယ်။ နောက်ဘက်ကင်မရာက 48MP နဲ့ဦးဆောင်လာပြီး 8MP Ultra-wide Lens တစ်ခု၊ 2MP Macro ကင်မရာနဲ့ 2MP Depth Sensor တို့ ပါဝင်မှာဖြစ်ပါတယ်။ ရှေ့ဘက်မှာတော့ Punch-hole ထဲမှာ 16MP Selfie ကင်မရာလေး ထည့်သွင်းလာမှာပါ။\

Nova 6 SE ဟန်းဆက်မှာ 4,200 mAh ဘက္ထရီနဲ့ 40W အားအမြန်သွင်းစနစ်တို့လည်း ပါဝင်မှာဖြစ်ပါတယ်။ Fingerprint ကို ဘေးဘက်မှာ ထည့်သွင်းလာပြီး Audio Jack, USB Type-C Port နဲ့ Dual-SIM ထောက်ပံ့မှုတို့လည်း ပါဝင်ပါတယ်။ ဒီဖုန်းဟာ Android 10 ကို အခြေခံထားတဲ့ EMUI 10 တိုက်ရိုက်သုံးစွဲနိုင်မှာပါ။

P40 Lite စမတ်ဖုန်းဟာ အများမျှော်လင့်နေတဲ့ P40 နဲ့ အတူထွက်ပေါ်လာနိုင်ပြီး Nova 6 Se ထက် စုံလင်တဲ့ မန်မိုရီရွေးချယ်မှုနဲ့ ကာလာကွဲတွေ ပါဝင်လာမယ်လို့ ယူဆရပါတယ်။

Ref – Gizmo China

Zawgyi

Huawei ကုမၸဏီဟာ သူတုိ႔ရဲ႕စမတ္ဖုန္းထုတ္ကုန္ေတြကို ေစ်းကြက္အေပၚလုိက္ၿပီး နာမည္နဲ႔ Specs အေျပာင္းအလဲျပဳလုပ္ေလ့ရွိေၾကာင္း အမ်ားသိၿပီးသားပါ။ ယေန႔မွာ ထပ္မံထြက္ေပၚလာတဲ့ Leak တစ္ခုအရေတာ့ Huawei ကေန P40 Lite အျဖစ္ မိတ္ဆက္လာမယ့္ ဟန္းဆက္ဟာ အမ်ားေရွ႕ကိုေရာက္ၿပီးသား ထုတ္ကုန္တစ္ခုျဖစ္ေနတယ္ ဆုိတာပါပဲ။

အဲဒီ့ဖုန္းကေတာ့ Nova 6 SE ပဲျဖစ္ၿပီး လြန္ခဲ့တဲ့တစ္ပတ္ကမွ မိတ္ဆက္ထားတဲ့ဖုန္းဟာ P40 Lite အမည္ကိုပါ ခံယူၿပီး မတူညီတဲ့ေစ်းကြက္ေတြကို ဝင္ေရာက္ဦးမွာျဖစ္ပါတယ္။ Leak ျဖစ္လာတဲ့ရင္းျမစ္မွာ P40 Lite ရဲ႕ ေနာက္ဘက္ဒီဇုိင္း အပါအဝင္ ဓါတ္ပုံကိုျမင္ေတြ႕ရၿပီး Nova 6 SE ရဲ႕ ကာလာခြဲေတြထဲက တစ္ခုျဖစ္တဲ့ အနက္ေရာင္နဲ႔ ဒီဇုိင္းကို ျမင္ရမွာပါ။ အနည္းဆုံးေတာ့ Huawei ဟာ မူရင္း Nova 6 SE နဲ႔မတူညီတဲ့ ကာလာကြဲမ်ားျဖင့္ P40 Lite ကို ထပ္မံ မိတ္ဆက္လာဖို႔ ေမွ်ာ္လင့္ရပါတယ္။

Nova 6 SE ဖုန္းမွွာ 6.4” လက္မ FHD+ LCD Display သုံးစြဲထားကာ ဘယ္ဘက္အေပၚေထာင့္မွာ Punch-hole တစ္ခုပါဝင္ပါတယ္။ အတြင္းမွာ Kirin 810 ပရုိဆက္ဆာနဲ႔အတူ 8/128 GB မန္မုိရီ Combo ပါဝင္လာမယ္လို႔ဆုိပါတယ္။ ေနာက္ဘက္ကင္မရာက 48MP နဲ႔ဦးေဆာင္လာၿပီး 8MP Ultra-wide Lens တစ္ခု၊ 2MP Macro ကင္မရာနဲ႔ 2MP Depth Sensor တုိ႔ ပါဝင္မွွာျဖစ္ပါတယ္။ ေရွ႕ဘက္မွာေတာ့ Punch-hole ထဲမွာ 16MP Selfie ကင္မရာေလး ထည့္သြင္းလာမွာပါ။

Nova 6 SE ဟန္းဆက္မွာ 4,200 mAh ဘကၳရီနဲ႔ 40W အားအျမန္သြင္းစနစ္တုိ႔လည္း ပါဝင္မွာျဖစ္ပါတယ္။ Fingerprint ကို ေဘးဘက္မွာ ထည့္သြင္းလာၿပီး Audio Jack, USB Type-C Port နဲ႔ Dual-SIM ေထာက္ပံ့မႈတုိ႔လည္း ပါဝင္ပါတယ္။ ဒီဖုန္းဟာ Android 10 ကို အေျခခံထားတဲ့ EMUI 10 တုိက္ရုိက္သုံးစြဲႏုိင္မွာပါ။

P40 Lite စမတ္ဖုန္းဟာ အမ်ားေမွ်ာ္လင့္ေနတဲ့ P40 နဲ႔ အတူထြက္ေပၚလာႏုိင္ၿပီး Nova 6 Se ထက္ စုံလင္တဲ့ မန္မုိရီေရြးခ်ယ္မႈနဲ႔ ကာလာကြဲေတြ ပါဝင္လာမယ္လို႔ ယူဆရပါတယ္။

Ref – Gizmo China