Huawei ကနေ P40 Series စမတ်ဖုန်းသစ်တွေကို လာမယ့် မတ်လ ၂၆ ရက်နေ့မှာ မိတ်ဆက်သွားမှာဖြစ်ပါတယ်။ အခုတော့ အဆိုပါ Huawei P40 Series ဖုန်းတွေထဲက Huawei P40 Pro 5G ဖုန်းရဲ့ Benchmark တွေဟာ Geekbench Benchmark Website မှာ ပေါက်ကြားလာခဲ့ပါတယ်။

အဆိုပါ Huawei P40 Pro 5G ဖုန်းဟာ Model Number အနေနဲ့ ELS-NX9 အဖြစ် ထွက်ရှိလာမှာဖြစ်ပြီး RAM 8GB အပြင် Android 10 OS ကိုပါ ထည့်သွင်းထားမှာပါ။ Processor ပိုင်းကိုတော့ ဖော်ပြခဲ့ခြင်းမရှိပေမယ့် Huawei ရဲ့ Kirin 990 SoC ကိုပဲ ထည့်သွင်းထားမှာဖြစ်ပါတယ်။

Geekbench Benchmark တွေအရလည်း Single-Core Score 776 Marks ရရှိပြီးတော့ Multi-core Score အနေနဲ့ 3182 Marks ရရှိခဲ့တဲ့အတွက် မနှစ်တုန်းက မိတ်ဆက်ခဲ့တဲ့ Huawei Mate 30 Pro ဖုန်းထက်တော့ သိသိသာသာ Performance ကွာသွားတာကို မတွေ့ရှိရပါဘူး။

ဘာပဲဖြစ်ဖြစ် Huawei ကနေ P40 Series ဖုန်းတွေကို Huawei P40 Pro 5G အပြင် ပုံမှန် Huawei P40 ဖုန်းနဲ့ Huawei P40 Premium Edition ဆိုပြီး စုစုပေါင်း ၃ မျိုးအထိ မိတ်ဆက်သွားမှာလည်းဖြစ်ပါတယ်။

Ref – GSM Arena