Huawei Mate 30 Pro ရဲ့ ရုပ်ဆိုးဆိုး Notch ကို P40 Pro နဲ့ P40 Pro Premium မှာ မထည့်သွင်းတော့ပေမယ့် Face Unlock ပိုလုံခြုံစေဖို့ အရှေ့ဘက်မှာ 3D ToF Sensor တပ်ဆင်ထားမယ်လို့ သိရပါတယ်။ 3D ToF ဟာ ငွေပေးချေတာတွေ ပြုလုပ်ရင် ရိုးရိုး ကင်မရာ အခြေပြု Face Unlock တွေထက် ပိုလုံခြုံပါတယ်။ 3D ToF ကြောင့် Dual Punch Hole ဟာ အနည်းငယ်ကျယ်သွားမှာ ဖြစ်ပြီး Evleaks ကမျှဝေထားတဲ့ Huawei P40 ဓါတ်ပုံတွေကို အောက်မှာ လေ့လာနိုင်ပါတယ်။

Huawei P40 Pro နဲ့ P40 Premium မှာ 32MP ဆဲလ်ဖီး ကင်မရာနဲ့ ToF Sensor ကို Punch Hole မှာ တပ်ဆင်ထားမှာ ဖြစ်ပါတယ်။ Gesture Motion Sensor , Ambient Light နဲ့ Proximity Sensors တွေကို မျက်နှာပြင်အောက် ဒါမှမဟုတ် မျက်နှာပြင် အထက်မှာ ထည့်သွင်းထားနိုင်ပါတယ်။

Pro နဲ့ Premium မော်ဒယ်တွေရဲ့ အရှေ့ဘက်က ဟာ့ဒ်ဝဲတွေဟာ တူညီမှာ ဖြစ်ပြီး ကွဲပြားမှာက အနောက်ကင်မရာတွေ ဖြစ်ပါတယ်။ Huawei P40 Premium မှာ အပို Telephoto နောက် ၁ လုံးပါလာတဲ့အတွက် စုစုပေါင်း ကင်မရာ ၅ လုံး ဖြစ်လာမှာပါ။ Pro မော်ဒယ်မှာ Zoom ကင်မရာ ၁ လုံးပဲပါတဲ့အတွက် စုစုပေါင်း ၄ လုံးပဲ ရှိပါတယ်။ P40 မှာတော့ ၃ လုံးပဲပါလာမယ်လို့ သတင်းထွက်နေပါတယ်။ Premium ကနေ ရိုက်ကူးထားတဲ့ ဓါတ်ပုံတွေ ပြီးခဲ့တဲ့ ရက်ပိုင်းက ပေါက်ကြားထွက်လာပါသေးတယ်။

Ref : gsmarena