[Unicode]

Huawei က ၂၀၂၀ အစမှာ စွမ်းရည်မြင့် P40 , P40 Pro တို့နဲ့ ပွဲကြမ်းတော့မှာပါ။ ပြီးခဲ့တဲ့ ၁ ပတ်ကပဲ P40 ရဲ့ Mint Green အရောင် မော်ဒယ်ရဲ့ ဓါတ်ပုံထွက်ပေါ်လာပါတယ်။ အခုတော့ Waqar Khan ဆိုသူက P40 Pro ရဲ့ ဓါတ်ပုံနဲ့ ဗီဒီယိုတွေကို မျှဝေလိုက်ပါတယ်။ ဒါပေမယ့် အဲဒီ ဓါတ်ပုံနဲ့ ဗီဒီယိုတွေဟာ အစစ်တွေ မဟုတ်ဘဲ အရင်‌ပေါက်ကြားထွက်ပေါ်ခဲ့ဖူးတဲ့ ဖုန်း ဓါတ်ပုံတွေကို အခြေခံပြီး ဒီဇိုင်းဆွဲထားတာပါ။

ဓါတ်ပုံတွေအရ P40 Pro မှာ ထောင့်လေးဘက် စလုံးက ကွေးညွှတ်နေပါတယ်။ မျက်နှာပြင်အောက် လက်ဗွေရာ ကိရိယာ ပါလာတဲ့အတွက် AMOLED မျက်နှာပြင် ဖြစ်မှာပါ။ Huawei က အရင်နှစ်ထုတ် P30 Series တွေရဲ့ Waterdrop Notch အစား P40 Series တွေမှာ ဆဲလ်ဖီး ကင်မရာ ၂ လုံးအတွက် ဆေးတောင့်ပုံ Dual Punch Hole ကို သုံးထားပါတယ်။ Huawei ရဲ့ Signature ဖြစ်တဲ့ အနီရောင် ပါဝါ ခလုတ်နဲ့ ကင်မရာနားက Leica စာသားတွေကို ဓါတ်ပုံမှာ တွေ့ရပါတယ်။

Huawei P40 Pro နဲ့ ပတ်သက်ပြီး သတင်း အမျိုးမျိုး ထွက်နေပြီး မတူညီတဲ့ ဓါတ်ပုံ ၂ မျိုး တွေ့နေရပါတယ်။ ပထမ ၁ မျိုးကို Android Headlines က မျှဝေထားတာဖြစ်ပြီး ကင်မရာ ၄ လုံးပါပါတယ်။ နောက် ၁ မျိုးကို Evleaks က မျှဝေထားတာဖြစ်ပြီး ကင်မရာ ၅ လုံးတောင် ပါလာပါတယ်။ အဲဒီအတွက် ကင်မရာ ၅ လုံးပါတဲ့ ဖုန်းဟာ Huawei P40 Plus or P40 Premium ဖြစ်မယ်လို့လည်း သတင်းထွက်နေပါတယ်။

Huawei P40 Premium မှာ 24mm ပင်မ ကင်မရာနဲ့ 10x Optical Zoom ပါမယ်လို့ သတင်းထွက်နေပါတယ်။ Kirin 990 SoC , 12GB RAM နဲ့ 5,000mAh ဘက်ထရီတွေ ပါလာနိုင်ပါတယ်။ 50W SuperCharge နဲ့ Wired/ Wireless Dual Flash Charging တွေ ထည့်သွင်းထားနိုင်ပါတယ်။ Android 10 အခြေပြု EMUI 10 ပါလာနိုင်ပေမယ့် Google Mobile Services တွေ မပါလာနိုင်ပါဘူး။ မကြာခင်က ဖြန့်ချိထားတဲ့ Huawei Mobile Services ထည့်သွင်းထားမှာပါ။

Ref : gizchina

[Zawgyi]

Huawei P40 Pro ရဲ႕ ဓါတ္ပုံနဲ႔ ဗီဒီယို ထြက္ေပၚလာ

Huawei က ၂၀၂၀ အစမွာ စြမ္းရည္ျမင့္ P40 , P40 Pro တို႔နဲ႔ ပြဲၾကမ္းေတာ့မွာပါ။ ၿပီးခဲ့တဲ့ ၁ ပတ္ကပဲ P40 ရဲ႕ Mint Green အေရာင္ ေမာ္ဒယ္ရဲ႕ ဓါတ္ပုံထြက္ေပၚလာပါတယ္။ အခုေတာ့ Waqar Khan ဆိုသူက P40 Pro ရဲ႕ ဓါတ္ပုံနဲ႔ ဗီဒီယိုေတြကို မွ်ေဝလိုက္ပါတယ္။ ဒါေပမယ့္ အဲဒီ ဓါတ္ပုံနဲ႔ ဗီဒီယိုေတြဟာ အစစ္ေတြ မဟုတ္ဘဲ အရင္‌ေပါက္ၾကားထြက္ေပၚခဲ့ဖူးတဲ့ ဖုန္း ဓါတ္ပုံေတြကို အေျခခံၿပီး ဒီဇိုင္းဆြဲထားတာပါ။

ဓါတ္ပုံေတြအရ P40 Pro မွာ ေထာင့္ေလးဘက္ စလုံးက ေကြးၫႊတ္ေနပါတယ္။ မ်က္ႏွာျပင္ေအာက္ လက္ေဗြရာ ကိရိယာ ပါလာတဲ့အတြက္ AMOLED မ်က္ႏွာျပင္ ျဖစ္မွာပါ။ Huawei က အရင္ႏွစ္ထုတ္ P30 Series ေတြရဲ႕ Waterdrop Notch အစား P40 Series ေတြမွာ ဆဲလ္ဖီး ကင္မရာ ၂ လုံးအတြက္ ေဆးေတာင့္ပုံ Dual Punch Hole ကို သုံးထားပါတယ္။ Huawei ရဲ႕ Signature ျဖစ္တဲ့ အနီေရာင္ ပါဝါ ခလုတ္နဲ႔ ကင္မရာနားက Leica စာသားေတြကို ဓါတ္ပုံမွာ ေတြ႕ရပါတယ္။

Huawei P40 Pro နဲ႔ ပတ္သက္ၿပီး သတင္း အမ်ိဳးမ်ိဳး ထြက္ေနၿပီး မတူညီတဲ့ ဓါတ္ပုံ ၂ မ်ိဳး ေတြ႕ေနရပါတယ္။ ပထမ ၁ မ်ိဳးကို Android Headlines က မွ်ေဝထားတာျဖစ္ၿပီး ကင္မရာ ၄ လုံးပါပါတယ္။ ေနာက္ ၁ မ်ိဳးကို Evleaks က မွ်ေဝထားတာျဖစ္ၿပီး ကင္မရာ ၅ လုံးေတာင္ ပါလာပါတယ္။ အဲဒီအတြက္ ကင္မရာ ၅ လုံးပါတဲ့ ဖုန္းဟာ Huawei P40 Plus or P40 Premium ျဖစ္မယ္လို႔လည္း သတင္းထြက္ေနပါတယ္။

Huawei P40 Premium မွာ 24mm ပင္မ ကင္မရာနဲ႔ 10x Optical Zoom ပါမယ္လို႔ သတင္းထြက္ေနပါတယ္။ Kirin 990 SoC , 12GB RAM နဲ႔ 5,000mAh ဘက္ထရီေတြ ပါလာႏိုင္ပါတယ္။ 50W SuperCharge နဲ႔ Wired/ Wireless Dual Flash Charging ေတြ ထည့္သြင္းထားႏိုင္ပါတယ္။ Android 10 အေျချပဳ EMUI 10 ပါလာႏိုင္ေပမယ့္ Google Mobile Services ေတြ မပါလာႏိုင္ပါဘူး။ မၾကာခင္က ျဖန႔္ခ်ိထားတဲ့ Huawei Mobile Services ထည့္သြင္းထားမွာပါ။

Ref : gizchina