Huawei က P40 Series ကို နိုင်ငံတကာမှာ ရောင်းမယ်လို့ ကြေညာထားခဲ့ပြီး အဲဒီဖုန်းတွေမှာ Google GMS မပါဘဲ HMS ပဲ ထည့်သွင်းထားမှာ ဖြစ်ပါတယ်။ အဲဒီအတွက် Google Play Store မသုံးနိုင်ဘဲ Huawei AppGallery ပဲ သုံးနိုင်မှာပါ။

Huawei P40 Pro 5G (8GB+256GB) ကို ဂျပန်မှာ ပထမဆုံး ရောင်းမှာ ဖြစ်ပြီး ၁၀၈,၈၀၀ ယန်း သတ်မှတ်ထားပါတယ်။ မြန်မာငွေ ၁၄ သိန်းလောက်ကျသင့်မှာ ဖြစ်ပါတယ်။ တရုတ်မှာ ၆,၄၈၈ ယွမ်နဲ့ ရောင်းပေးထားပြီး မြန်မာငွေ ၁၃ သိန်းလောက်ပဲရှိတဲ့အတွက် ဂျပန်မှာ ဈေးပိုကြီးနေပါတယ်။ အဲဒီဖုန်းမှာ ၆.၅၈ လက်မ OLED မျက်နှာပြင်( 2640×1200) ၊ 90Hz Refresh Rate ၊ Kirin 990 5G Chip ၊ 8GB RAM ၊ 128GB/256 UFS 3.0 Storage နဲ့ 4,200mAh ဘက်ထရီတွေ ထည့်သွင်းထားပါတယ်။

Huawei က P40 Pro+ ကို ဥရောပနဲ့ ဗြိတိန်မှာ ဒီလ ၂၅ ရက်နေ့ ရောင်းပေးမယ်လို့ ကြေညာထားပြီး ၁,၃၉၉ ယူရိုနဲ့ ၁,၂၉၉ ပေါင် အသီးသီး သတ်မှတ်ထားပါတယ်။ မြန်မာငွေ ၂၂ သိန်းနဲ့ ၂၂ သိန်း ၈ သောင်းလောက် ရှိမှာပါ။ Huawei P40 Pro+ (Extreme Edition) မှာ အနောက်ကင်မရာ ၅ လုံးတောင်ပါပြီး 52MP Main Sony IMX700 CMOS Sensor အပို ပါလာပါတယ်။

တခြား Specs တွေက P40 Pro နဲ့ တူပြီး ၆.၅၈ လက်မ Flex OLED မျက်နှာပြင်၊ 90Hz Refresh Rate ၊ Kirin 990 5G SoC ၊ 8GB RAM နဲ့ 256/512GB Storage တွေ ထည့်ထားပါတယ်။ မျက်နှာပြင်အောက် လက်ဗွေရာ ကိရိယာ၊ IP68 Rating တွေ ပံ့ပိုးထားပြီး 40W Supercharge နဲ့ 40W Wireless Supercharge ပါတဲ့ 4,200mAh ဘက်ထရီ ပါလာပါတယ်။

Ref : gizchina