Huawei ကနေ ပြီးခဲ့တဲ့ရက်သတ္တပတ်တုန်းက Flagship ဖုန်းသစ်တွေဖြစ်တဲ့ Huawei P40 Series ဖုန်းတွေကို မိတ်ဆက်ခဲ့ပါတယ်။ အဲ့ဒီထဲမှာ Huawei P40 ဟာ ပုံမှန် Flat Display ကိုပဲ အသုံးပြုထားပြီးတော့ ကျန်တဲ့ P40 Pro နဲ့ P40 Pro+ ဖုန်းတွေမှာတော့ Quad Curved Over-flow Display ကို အသုံးပြုထားတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းတုန်းက Huawei ရဲ့ P40 Series ဖုန်းတွေဟာ Display အနေနဲ့ BOE ကနေပဲ ရယူတာဖြစ်တယ်လို့ သတင်းတွေထွက်ရှိခဲ့ပါသေးတယ်။ ဒါပေမယ့် TheELec သတင်းဌာနကနေ အခုနောက်ဆုံးဖော်ပြလိုက်တဲ့ Report အရ BOE Display တွေကိုပဲ အသုံးပြုတာမဟုတ်တဲ့ပုံစံပါပဲ။

ဘာကြောင့်လည်းဆိုရင် အဆိုပါ Report အရ Huawei P40 ဖုန်းတစ်မျိုးထဲကပဲ BOE ကနေ ထုတ်ပေးထားတဲ့ OLED Display တွေကို အသုံးပြုထားတာဖြစ်ပြီး P40 Pro ဖုန်းကတော့ BOE အပြင် LG နဲ့ Samsung Display တွေကိုပါ ကြုံရာကိုအသုံးပြုထားတယ်လို့ ဖော်ပြထားတာဖြစ်ပါတယ်။

ပိုပြီးထူးခြားတဲ့အချက်ကတော့ Huawei P40 Series ဖုန်းတွေထဲမှာ အကောင်းဆုံးဖြစ်တဲ့ Huawei P40 Pro+ ဖုန်းအတွက်ကတော့ Samsung ရဲ့ OLED Display တွေကိုပဲ သီးသန့်အသုံးပြုထားတာဖြစ်တယ်လို့ ဖော်ပြခဲ့တာဖြစ်ပါတယ်။ အဲ့ဒီအတွက် P40 Pro+ က ပုံမှန် P40 Pro နဲ့ Screen Size ရော Resolution ရော တူညီတယ်ဆိုပေမယ့် အရည်အသွေးပိုင်းမှာ အနည်းငယ်ကွာခြားနိုင်ပါတယ်။

Huawei P40 ဖုန်းဟာ 6.1″ Screen Size နဲ့ 1080x2340px Resolution ရှိမှာဖြစ်ပြီး P40 Pro နဲ့ P40 Pro ကတော့ 6.58″ Screen Size နဲ့ 1200x2640px Resolution ရှိမှာဖြစ်ပါတယ်။

Ref – GSM Arena