Unicode

လက်ရှိအချိန်မှာ နောက်လာမယ့် ၂၀၂၀ ခုနှစ်အတွက် Flagship ဖုန်းတွေဖြစ်လာမယ့် Samsung Galaxy S11 Series ဖုန်းတွေက ဆက်တိုက်သတင်းတွေပေါက်ကြားနေပေမယ့် Huawei ရဲ့ P Series ဖုန်းသစ်တွေဖြစ်လာမယ့် P40 ဖုန်းတွေနဲ့ ပတ်သတ်ပြီး ဘာသတင်းမှ ပေါက်ကြားထားခြင်းမရှိသေးပါဘူး။

ဒါပေမယ့် အခုအချိန်မှာတော့ Huawei P40 ဖုန်းရဲ့ ဘေးဘက် Design ကို ဖော်ပြထားတဲ့ Render ဓါတ်ပုံတစ်ပုံထွက်ရှိလာပြီပဲဖြစ်ပါတယ်။ အဆိုပါ ဓါတ်ပုံအရ ယခင် P30 Series ဖုန်းတွေထက် သေးငယ်တဲ့ Camera Bump အပြင် ပုံမှန် Power Button နဲ့ Volume Keys တွေကို တွေ့မြင်ခဲ့ရပါတယ်။ အဲ့ဒါကြောင့် Huawei P40 ဟာ Mate 30 Pro လိုမျိုး Waterfall Display နဲ့ Virtual Volume Keys တွေပါဝင်မှာမဟုတ်တဲ့ပုံစံပါပဲ။

Huawei P Series စမတ်ဖုန်းတွေဟာ ပုံမှန်အားဖြင့် Galaxy S Series ဖုန်းတွေမိတ်ဆက်ပြီး ရက်သတ္တပတ်ပိုင်းအတွင်း မိတ်ဆက်တတ်တဲ့အတွက် ဒီ Huawei P40 Series ဖုန်းတွေဟာလည်း လာမယ့်နှစ် မတ်လဝန်းကျင်မှာ မိတ်ဆက်လာနိုင်ခြေရှိနေပါတယ်။

Huawei P30 Pro

အဆိုပါ Huawei P40 Series ဖုန်းတွေနဲ့ပတ်သတ်ပြီး ဘာသတင်းမှထွက်ရှိထားခြင်းမရှိသေးပေမယ့်လည်း ဖြစ်နိုင်တာကတော့ Kirin 990 5G SoC ကို အသုံးပြုလာမှာဖြစ်ပြီး Dual Punch-Hole Design နဲ့ 6.57″ QHD+ AMOLED Display ပါဝင်လာမယ်လို့ ယူဆရပါတယ်။

Huawei P30 Pro

ပုံမှန်အားဖြင့် Huawei P Series စမတ်ဖုန်းတွေဟာ Camera ပိုင်းကို အဓိကထားတဲ့ စမတ်ဖုန်းတွေဖြစ်တဲ့အတွက် အခုလာမယ့် Huawei P40 Series စမတ်ဖုန်းတွေကလည်း အနည်းဆုံး Quad Camera Setup ပါဝင်လာမယ့်အပြင် ယခင် P30 Series ဖုန်းတွေထက်ပိုပြီး ကောင်းတဲ့ Feature တွေပါဝင်လာမှာကတေ့ာ ကျိန်းသေသလောက်ရှိနေပါတယ်။

Ref – Giz China

Zawgyi

လက္ရွိအခ်ိန္မွာ ေနာက္လာမယ့္ ၂၀၂၀ ခုႏွစ္အတြက္ Flagship ဖုန္းေတြျဖစ္လာမယ့္ Samsung Galaxy S11 Series ဖုန္းေတြက ဆက္တိုက္သတင္းေတြေပါက္ၾကားေနေပမယ့္ Huawei ရဲ႕ P Series ဖုန္းသစ္ေတြျဖစ္လာမယ့္ P40 ဖုန္းေတြနဲ႔ ပတ္သတ္ၿပီး ဘာသတင္းမွ ေပါက္ၾကားထားျခင္းမရွိေသးပါဘူး။

ဒါေပမယ့္ အခုအခ်ိန္မွာေတာ့ Huawei P40 ဖုန္းရဲ႕ ေဘးဘက္ Design ကို ေဖာ္ျပထားတဲ့ Render ဓါတ္ပုံတစ္ပုံထြက္ရွိလာၿပီပဲျဖစ္ပါတယ္။ အဆိုပါ ဓါတ္ပုံအရ ယခင္ P30 Series ဖုန္းေတြထက္ ေသးငယ္တဲ့ Camera Bump အျပင္ ပုံမွန္ Power Button နဲ႔ Volume Keys ေတြကို ေတြ႕ျမင္ခဲ့ရပါတယ္။ အဲ့ဒါေၾကာင့္ Huawei P40 ဟာ Mate 30 Pro လိုမ်ိဳး Waterfall Display နဲ႔ Virtual Volume Keys ေတြပါဝင္မွာမဟုတ္တဲ့ပုံစံပါပဲ။

Huawei P Series စမတ္ဖုန္းေတြဟာ ပုံမွန္အားျဖင့္ Galaxy S Series ဖုန္းေတြမိတ္ဆက္ၿပီး ရက္သတၱပတ္ပိုင္းအတြင္း မိတ္ဆက္တတ္တဲ့အတြက္ ဒီ Huawei P40 Series ဖုန္းေတြဟာလည္း လာမယ့္ႏွစ္ မတ္လဝန္းက်င္မွာ မိတ္ဆက္လာႏိုင္ေျခရွိေနပါတယ္။

Huawei P30 Pro

အဆိုပါ Huawei P40 Series ဖုန္းေတြနဲ႔ပတ္သတ္ၿပီး ဘာသတင္းမွထြက္ရွိထားျခင္းမရွိေသးေပမယ့္လည္း ျဖစ္ႏိုင္တာကေတာ့ Kirin 990 5G SoC ကို အသုံးျပဳလာမွာျဖစ္ၿပီး Dual Punch-Hole Design နဲ႔ 6.57″ QHD+ AMOLED Display ပါဝင္လာမယ္လို႔ ယူဆရပါတယ္။

Huawei P30 Pro

ပုံမွန္အားျဖင့္ Huawei P Series စမတ္ဖုန္းေတြဟာ Camera ပိုင္းကို အဓိကထားတဲ့ စမတ္ဖုန္းေတြျဖစ္တဲ့အတြက္ အခုလာမယ့္ Huawei P40 Series စမတ္ဖုန္းေတြကလည္း အနည္းဆုံး Quad Camera Setup ပါဝင္လာမယ့္အျပင္ ယခင္ P30 Series ဖုန္းေတြထက္ပိုၿပီး ေကာင္းတဲ့ Feature ေတြပါဝင္လာမွာကေတ့ာ က်ိန္းေသသေလာက္ရွိေနပါတယ္။

Ref – Giz China