5G နဲ့အတူ ကင်မရာလုပ်ဆောင်ချက် မြင့်မားတဲ့ဖုန်းတွေအဖြစ် စင်မြင့်ပေါ်ရောက်ရှိလာတဲ့ P40 Series

HUAWEI Consumer Business Group ရဲ့ အမှူဆောင် အရာရှိချုပ်ဖြစ်သူ “Richard Yu” က နောက်ဆုံးပေါ် Flagship စမတ်ဖုန်းတွေဖြစ်တဲ့ HUAWEI P40 ၊ HUAWEI P40 Pro နဲ့ HUAWEI P40+ တွေကို မတ်လ ၂၆ ရက်နေ့မှာ မိတ်ဆက်ပေးခဲ့ပါတယ်။

ဒီ Launch Event မှာ P40 Series ရဲ့ စိတ်ဝင်စားစရာ အချက်တွေကို ကြေညာပေးခဲ့သလို ထူးခြားချက်တွေကိုလည်း အောက်ပါအတိုင်း ဖော်ပြလိုက်ပါတယ်။

Premium စမတ်ဖုန်းတွေလို ကြွရွလှပတဲ့ဒီဇိုင်းအဖြစ် ထွက်ရှိလာတဲ့ P40 Series

HUAWEI P40 Pro နဲ့ HUAWEI P40 Pro+ တွေဟာ HUAWEI ရဲ့ Quad-curve Overflow Display အသုံးပြုထားပါတယ်။ ရေအပြည့် ဖြည့်ထားတဲ့ ခွက်ပေါ်မှာ တည်ငြိမ်နေတဲ့ ရေရွှေ့လျှားမှုပုံစံအတိုင်း မြင်တွေ့ရတဲ့ P40 Series Display ဟာ Bezel လည်း သေးသွယ်တဲ့အပြင် ဖုန်းအနားသတ်တွေကိုပါ ဘောင်မဲ့ဒီဇိုင်းဖြစ်အောင် ဖန်တီးထားပါတယ်။

P40 နဲ့ P40 Pro တွေဟာ Glossy Glass ကိုယ်ထည်နဲ့ ရရှိနိုင်မှာဖြစ်ပြီး ရွေးချယ်နိုင်မယ့် အရောင်တွေက Ice White ၊ Deep Sea Blue ဒါမှမဟုတ် အနက်ရောင်တို့ ဖြစ်ပါတယ်။ ဒါ့အပြင် Matte Glass အရောင်နှစ်မျိုးကိုပါ ရွေးချယ်နိုင်မှာဖြစ်ပြီး ထိုအရောင်တွေက Blush Gold နဲ့ Silver Frost အရောင်တွေပါ။

HUAWEI P40 Pro+ မှာတော့ Nanotechnology Nano-tech နည်းပညာနဲ့ ပြုလုပ်ထားတဲ့ Ceramic ကိုယ်ထည်သား အသုံးပြုထားပြီး White Ceramic နဲ့ Black Ceramic လို ဂန္ထဝင်ဆန် အရောင်တွေနဲ့ ရရှိမှာပါ။ P40 Pro+ မှာ တမူထူးခြားချက်အနေနဲ့ ရရှိနိုင်တာက Swarovski Crystals နဲ့ ပုံဖော်ထားမယ့် Limited Edition Glamourous Case ပဲ ဖြစ်ပါတယ်။

ရင်သပ်ရှုမောစရာ Photography ရိုက်ချက်တွေ ရရှိနိုင်မယ့် P40 Series

HUAWEI P40 Pro မှာ Leica Quad Camera အသုံးပြုထားပြီး Ultra-wide Cine Camera လုပ်ဆောင်ချက် ToF Camera ထူးခြားချက်နဲ့အတူ အဆ 50x ဆွဲရိုက်နိုင်တဲ့ SuperSensing Zoom ကင်မရာ စွမ်းရည်တွေ ပိုအဆင့်မြင့်လာပါတယ်။

P40 Pro နဲ့ အဝေးက ပုံရိပ်တွေကို 5x Optical Zoom နဲ့ ရိုက်ကူးနိုင်သလို 10x Hybrid Zoom ပါဝင်တဲ့အပြင် ပထမဆုံးအနေနဲ့ Digital Zoom ကို 50x အထိ ရိုက်လာနိုင်ပါတယ်။ အခုလို Telephoto Camera စွမ်းဆောင်ရည် ပိုကောင်းလာတဲ့ P40 Pro မှာ RYYB Colour Filter အသုံးပြုပေးထားပြီး အလင်းဝင်အား ပိုကောင်းလာတဲ့ အားသာချက်အပြင် Zoom ဆွဲရိုက်တဲ့အခါ အရည်သွေး ပိုကောင်းတဲ့ ပုံရိပ်တွေကို ရရှိစေပါတယ်။

HUAWEI P40 Pro+ မှာဆိုရင် နောက်တစ် Level ထပ်တိုးပေးနိုင်တဲ့ SuperZoom Array နည်းပညာအသုံးပြုထားပြီး 10x True Optical Zoom ထောက်ပံ့ထားသလို Digital Zoom ကို အမြင့်ဆုံး အဆ 100x အထိ ရိုက်နိုင်မှာပါ။

ဒီလိုရိုက်နိုင်တာ P40 Pro+ မှာ Periscope ဒီဇိုင်းအသစ်ကို အသုံးပြုထားတာဖြစ်ပြီး အလင်းတုံ့ပြန်အားကို ၅ ဆ ပိုကောင်းစေသလို အလင်းဝင်အားကို ၁၇၈ ရာခိုင်နှုန်းအထိ တိုးမြှင့်နိုင်တဲ့အတွက် Optical Zoom ကို 10x အထိ ရိုက်နိုင်တာဖြစ်ပါတယ်။

OIS နည်းပညာ အထောက်ပံ့ပါဝင်တဲ့ UltraVision Wide Camera နဲ့ SuperZoom Array Camera တွေကို AI နဲ့ ပေါင်းစပ်ထားပြီး ဓာတ်ပုံနဲ့ ဗီဒီယိုရိုက်တဲ့အခါမျိုးမှာ Stabilization ပိုကောင်းစေမယ့် OIS+AIS နည်းပညာကို AI နဲ့ အားဖြည့်ထားပါသေးတယ်။

HUAWEI P40 Pro နဲ့ P40 Pro+ တွေမှာ 32MP AF Selfie Camera အသုံးပြုထားပြီး IR Depth Camera အကူညီနဲ့ Autofocus ၊ Bokeh ရိုက်ချက်တွေ ပြည့်စုံစေဖို့ ထောက်ပံ့ထားပါတယ်။ အဲ့ဒါကြောင့် Portrait အလှတွေမှာ HUAWEI Device ဆိုတဲ့အတိုင်း ပြောင်မြောက်တဲ့ ရိုက်ချက်နဲ့ ဖန်တီးနိုင်မယ်၊ နောက်အားသာချက်က အလင်းရောင် အားနည်းချိန်မျိုးမှာ IR Camera နဲ့ Face Unlock အသုံးပြုနိုင်ပါတယ်။

HUAWEI P40 Series အားလုံးမှာ HUAWEI Golden Snap လုပ်ဆောင်ချက်ပါဝင်လာပြီး အဆိုပါ Gallery Feature ဟာ AI အကူညီနဲ့ ရွေ့လျားနေတဲ့ ရိုက်ချက်တွေ ရိုက်ကူးတဲ့အခါ အကောင်းဆုံး Shot ကို ရွေးချယ်နိုင်မှာပါ။

AI Remove Passerby နဲ့ AI Remove Reflections လုပ်ဆောင်ချက်တွေက မလိုအပ်တဲ့ ပစ္စည်းတွေနဲ့ လူတွေကို Picture Frame ထဲက ဖယ်ရှားပေးနိုင်မှာဖြစ်ပြီး ပုံရိပ်မှာ အလင်းပြန်နေတာမျိုးကိုလည်း ဖျောက်ပစ်နိုင်တဲ့အတွက် ပိုမိုကောင်းမွန်တဲ့ ရိုက်ချက်တွေကို ရရှိစေမှာပါ။

ပိုမိုကောင်းမွန်တဲ့ Video လုပ်ဆောင်နိုင်စွမ်းရှိ P40 Series

ပြီးခဲ့တဲ့နှစ်တုန်းက Mate 30 Pro ရဲ့ SuperSensing Cine Camera လုပ်ဆောင်ချက်ကို အသားပေးတဲ့အနေနဲ့ သုံးစွဲသူတွေကို Challenge တစ်ခုလုပ်ပေးခဲ့ပါတယ်။ ဒီ Challenge ကတော့ HUAWEI စမတ်ဖုန်းနဲ့ ရိုက်ကူးထားတဲ့ ဗီဒီယိုအတိုပြိုင်ပွဲ HUAWEI Film Awards ပဲဖြစ်ပါတယ်။

အခု HUAWEI P40 Pro နဲ့ P40 Pro+ မှာ အသုံးပြုထားတဲ့ 40MP Ultra-wide Cine Camera ဟာ 3:2 Aspect Ratio ထောက်ပံ့ထားပြီး 18mm နဲ့ ညီမျှတဲ့ Focal Length နဲ့ 1/1.54” အရွယ်စားရှိတဲ့ Sensor ပိုင်ဆိုင်ထားပြီ ဖြစ်ပါတယ်။

SedecimPixel Fusion နည်းပညာကလည်း 16-in-1 Pixel Binning စနစ်ကို ထောက်ပံ့တဲ့အတွက် 4.48μm နဲ့ညီမျှတဲ့ Pixel Size ရရှိစေပါတယ်။ ဒါကြောင့်လည်း Light Sensitivity ပိုင်ကောင်းသလို ISO 512,000 အထိ ထောက်ပံ့လာပါတယ်။ Ultra Slow-motion ဗီဒီယို ရိုက်ချက်တွေမှာလည်း 7,680fps နှုန်းနဲ့ ရိုက်ကူးနိုင်ပါတယ်။

အလင်းရောင် အားနည်းချိန်မှာလည်း Camera Lens တွေ ပိုပြီးတော့ Powerful ဖြစ်လာတဲ့အတွက်ကြောင့် Ultra Slow-motion လုပ်ဆောင်ချက်အပြင် Real-time Bokeh ရိုက်ချက် ၊ 4K Time-lapse Videography အပိုင်းတွေ ပိုကောင်းလာပါတယ်။

အခုလို Video ပိုင်းလုပ်ဆောင်ချက်တွေအပြင် Audio Zoom Feature လည်း ပါဝင်လာခဲ့ပြီး စမတ်ဖုန်းနဲ့ အသံဖမ်းတဲ့အခါ ပိုမိုတိကျပြတ်သားပြီး အရည်သွေးကောင်းမွန်စွာနဲ့ ဖမ်းယူနိုင်မှာ ဖြစ်ပါတယ်။

5G နဲ့အတူ စွမ်းဆောင်ရည်ပိုင်းမှာလည်း ပိုမိုမြန်ဆန်လာတဲ့ P40 Series

5G နည်းပညာမှာ ဦးဆောင်နေတဲ့ HUAWEI က P40 Series မှာလည်း 5G ကွန်ရက်စနစ်ကို ထည့်သွင်းပြီးသား ဖြစ်ပါတယ်။ 160MHz Wi-Fi 6 နည်းပညာကိုလည်း အသုံးပြုထားပြီး သီအိုရီအရ အမြန်ဆန်ဆုံး မြန်နှုန်းဖြစ်မယ့် Peak 2,400Mbps ချိတ်ဆက်မှုကို ထောက်ပံ့ထားပါတယ်။

မြန်ဆန်တယ်ဆိုတဲ့အထဲမှာ စမတ်ဖုန်းရဲ့ Charging Speed လဲ ပါတယ်

HUAWEI P40 Pro+ မှာ Industrial Leading နည်းပညာဖြစ်တဲ့ 40W Wireless SuperCharge နည်းပညာ အသုံးပြုထားပါတယ်။ အပူစွန့်ထုတ်မှုအပိုင်းတွက် Bespoke 4-in-1 SuperCooling စနစ်ပါဝင်ပါတယ်။

Full HD Video Call နဲ့အတူ Feature ပိုမိုစုံလင်လာတဲ့ EMUI 10.1

EMUI 10.1 ဟာ Feature မျိုးစုံကို တစ်စုတစည်းထဲ ဖော်ဆောင်ပေးထားတာဖြစ်ပြီး ပြည့်စုံကောင်းမွန်တဲ့ AI စနစ်နဲ့ ထောက်ပံ့ထားပါတယ်။

HUAWEI MeeTime မှာတော့ Video Call ကို 1080p Full HD အထိ ထောက်ပံ့ထားပြီး အလင်းရောင်အားနည်းချိန်မှာလည်း ပိုမိုကြည်လင်ပြတ်သားတဲ့ အရည်သွေးနဲ့ P40 Series အားလုံးမှာ အသုံးပြုနိုင်ပါတယ်။ သုံးစွဲသူတွေအနေနဲ့လည်း Video Call ပြောတဲ့အခါ Screen Sharing Feature အသုံးပြုနိုင်မှာဖြစ်ပါတယ်။

Video Streaming Service ပါဝင်လာဦးမယ့် HUAWEI Video

မတ်လအကုန်ကနေစပြီးတော့ HUAWEI Video မှာ Video Streaming ဝန်ဆောင်မှု ပါဝင်လာမှာဖြစ်ပြီး အသုံးပြုနိုင်မယ့် Channel တွေက The Explorers ၊ DailyMotion ၊ BBC News ၊ MangoTV ၊ Stingray Qello ၊ ToonGoggles နဲ့ TVB တို့ပါ။ အဆိုပါ Streaming Service ကို အိန္ဒိယ ၊ ဟောင်ကောင် ၊ ဂျပန်၊ မလေးရှား၊ ဖိလစ်ပိုင်၊ စင်္ကာပူနဲ့ ထိုင်းနိုင်ငံတွေမှာ စတင်အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

HUAWEI Video အသုံးပြုသူတွေအနေနဲ့ ဆိုရင်တော့ MangoTV ကနေ တစ်လစာ အခမဲ့သုံးစွဲခွင့် Redeem လုပ်နိုင်မှာဖြစ်ပြီး P40 Series Customers တွေဆိုရင်တော့ စင်္ကာပူ ၊ ထိုင်း၊ ဖိလစ်ပိုင်နဲ့ ဂျပန်နိုင်ငံတွေမှာ TVB VIP အနေနဲ့ ၃ လစာ Special Service ရရှိမှာ ဖြစ်ပါတယ်။

HUAWEI Assistant Feature သစ်ဖြစ်လာတဲ့ SmartCare

သုံးစွဲသူတွေ သိထားပြီးတဲ့အတိုင်း HUAWEI Assistant ဆိုတာက ဖုန်းမှာပါတဲ့ Personalized Content တွေကို ဖော်ပြပေးတဲ့ ဝန်ဆောင်မှုဖြစ်ပြီး Newsfeed ၊ App Shortcuts ၊ Files နဲ့ Documents တွေကို အလွယ်တကူ ရှာပေးနိုင်တဲ့ လုပ်ဆောင်ချက်တွေကို Page တစ်ခုထဲမှာ သီးသန့်အသုံးပြုနိုင်တာ ဖြစ်ပါတယ်။

ဒီဝန်ဆောင်မှုဟာ Screen ကို ညာဖက် ပွတ်ဆွဲလိုက်တာနဲ့ အလုပ်လုပ်မှာဖြစ်ပြီး အသစ်ပါဝင်လာတဲ့ SmartCare Feature ကတော့ Stocks နဲ့ Sports Card Services တို့ ထည့်သွင်းပေးထားပြီ ဖြစ်ပါတယ်။ သုံးစွဲသူတွေအနေနဲ့ Stock စျေးနှုန်း၊ Financial News ၊ Market Insights နဲ့ အားကစားဆိုင်ရာ ပွဲအစီစဥ်တွေနဲ့ ပွဲရလာဒ် သုံးသပ်ချက်တွေကိုပါ Overview ပုံစံနဲ့ သိရှိနိုင်မှာ ဖြစ်ပါတယ်။

အဆိုပါ SmartCare ရဲ့ Card Service ကို EMUI 10.1 အသုံးပြုထားတဲ့ HUAWEI စမတ်ဖုန်းတွေမှာ ရရှိနိုင်မှာ ဖြစ်ပါတယ်။ SmartCare ကို ဘယ်လိုအသုံးပြုနိုင်မလဲဆိုရင် အရင်ဆုံး ဖုန်း Screen ကို ညာဖက် ပွတ်ဆွဲလိုက်ပြီး HUAWEI Assistant ကို ခေါ်လိုက်ပါ။ အဲ့ဒီထဲကမှ Account ဆီသွားပြီး SmartCare Button ကို နှိပ်လိုက်တာနဲ့ Stock ဒါမှမဟုတ် Sport Services နှစ်သက်ရာ ရွေးချယ်ပြီး Activate လုပ်နိုင်မှာ ဖြစ်ပါတယ်။

P40 Series နဲ့အတူ မိတ်ဆက်သွားတဲ့ HUAWEI WATCH GT2e ၊ HUAWEI Sound X နဲ့ 2020 ဆောင်းအကုန်၊ နွေအကူးရာသီအတွက် ထုတ်လုပ်ထားတဲ့ HUAWEI X GENTLE MONSTER Eyeware တို့ပဲ ဖြစ်ပါတယ်။

အခုဆိုရင်တော့ ကိုယ်ပိုင် Ecosystem အဖြစ် HUAWEI ပြောင်းလဲနေတာ လျှို့ဝှက်ချက် မဟုတ်တော့သလို 1+8+N Strategy ပုံစံနဲ့ ဖန်တီးနေပါတယ်။ HUAWEI WATCh GT2 နဲ့ Smart Eyeware လို ထုတ်ကုန်မျိုးက စျေးကွက်မှာ နာမည်ကောင်းရထားသလို Ecosystem အတွင်းမှာ ပါဝင်နေတဲ့ HUAWEI ထုတ်ကုန်တွေဟာ အမြဲတစေ ကျေနပ်စရာ အချက်တွေ ပါဝင်နေပါတယ်။
ထုတ်ကုန်သစ် မိတ်ဆက်ပွဲအကြောင်း အသေးစိတ် သိရှိလိုပါက HUAWEI Official Websites အတွင်း Log in ဝင်ပြီး လေ့လာနိုင်ပါတယ်။

Source – HUAWEI