ဝီဘိုက ဘလော့ဂါ ၁ ယောက်က Huawei P50 Series ရဲ့ သတင်းအချက်အလက် တချို့ကို မျှဝေလိုက်ပါတယ်။ သူဟာ ကုမ္ပဏီရဲ့ Internal Tester ၁ ယောက်လို့ ပြောပြီး ရိုးရိုး Huawei P50 မှာ 90Hz Refresh Rate နဲ့ စွမ်းရည်မြင့် မော်ဒယ်မှာ 120Hz Refresh Rate ထည့်သွင်းထားမယ်လို့ ပြောပါတယ်။ Kirin 9000 နဲ့ 9000e Chip တွေ အသီးသီး ပါလာနိုင်ခြေရှိပြီး မျက်နှာပြင်အထက် အလယ်မှာ Punch Hole ထည့်သွင်းထားမှာပါ။

Huawei P50

ဒါ့အပြင် မျက်နှာပြင် အရည်အသွေးဟာလည်း Xiaomi Mi 11 ထက် မနိမ့်ဘဲ အနောက်မှာ Leica Film ကင်မရာတွေ အသုံးပြုထားမယ်လို့ သတင်းထွက်လာပါတယ်။ ပင်မ ကင်မရာဟာ Huawei Mate 40 နဲ့ တူညီနိုင်ပေမယ့် Binocular Zoom က အဆ ၂၀၀ အထိ မြင့်တက်သွားမှာပါ။

Huawei P50

ရိုးရိုး P50 မှာ 66W Wired Fast Charging + 50W Wireless Fast Charging တွေ ထည့်သွင်းထားနိုင်သလို 135W Fast Charging လည်း ပါလာမယ်လို့ သတင်းထွက်နေပါတယ်။ ဘက်ထရီ ပမာဏအကြောင်းကို မသိရသေးပါဘူး။

Harmony OS 2.0 မပါလာဘူးလို့ သတင်းထွက်နေတဲ့အတွက် EMUI 11 မောင်းနှင်ထားမှာပါ။ အရင်သတင်းတွေအရ P50 Global အတွက် Version ၂ မျိုး ထုတ်လုပ်ထားမှာ ဖြစ်ပြီး Android နဲ့ Huawei Harmony OS တွေ ထည့်သွင်းထားမယ်လို့ သိရပါတယ်။

တခြား သတင်းတွေအရ P50 Series မှာ Surround စပီကာာ ၄ လုံးနဲ့ အဆင့်မြှင့်ထားတဲ့ Vibration Motor ပါလာနိုင်ပါတယ်။ မကြာခင်က P50 ရဲ့ ဓါတ်ပုံများစွာ ထွက်ပေါ်လာခဲ့ပေမယ့် ရိုးရိုး မော်ဒယ်ကလွဲပြီး အတုတွေ ဖြစ်နေပါတယ်။ အရောင်မျိုးစုံ ထွက်လာမှာ ဖြစ်ပေမယ့် သားရေ မော်ဒယ် မထွက်လာနိုင်ပါဘူး။ Mate 40 ထက် ပိုပါးလွှာ ပေါ့ပါးလာမှာပါ။

Ref : gizchina