DXOMARK မှ ၂၀၂၃ ၏ အကောင်းဆုံး စမတ်ဖုန်း Features များအားရွေးချယ်ပေးသည့် DXOMARK Awards 2023 အားကြေညာသွားခဲ့ရာ HUAWEI P60 Pro မှ DXOMARK Smartphone Camera Ranking တွင် အမှတ်အများဆုံးဖြင့် ပထမနေရာကို ရရှိခဲ့သည်။ လတ်တလောတွင်လည်း TIPA Awards 2023 မှပေးအပ်သော ၂၀၂၃ တွင် အကောင်းဆုံးစမတ်ဖုန်းဓါတ်ပုံဆု (Best Photo Smartphone) အားလည်း HUAWEI P60 Pro မှရရှိခဲ့ပါသည်။

DXOMARK သည် ကင်မရာနှင့် ကင်မရာပစ္စည်းများအား အမှတ်နှင့် အဆင့်သတ်မှတ်ပေးသည့် အသိအမှတ်ပြု အဖွဲ့အစည်း တစ်ခုဖြစ်သည်။ ၎င်း၏ စမ်းသပ်ချက်များမှာ သိပ္ပံနည်းကျ တိုင်းတာယူဆချက်ပေါင်းများစွာအား အခြေခံထားပြီး ကျွမ်းကျင်သူများမှ အကျယ်တဝင့် အသိအမှတ်ပြုထားသည်။ ၎င်း၏ နောက်ဆုံး လေ့လာဆန်းစစ်ချက်များအရ HUAWEI P60 Pro ၏ ကင်မရာလုပ်ဆောင်နိုင်စွမ်းနှင့် ပက်သတ်ပြီး စုစုပေါင်း ၁၅၆ မှတ်ရရှိခဲ့သည်။

HUAWEI P60 Pro ၏ စိတ်ဝင်စားဖို့အကောင်းဆုံးအချက်မှာ Ultra Lighting Camera ဆိုသည့် နာမည်၏နောက်ကွယ်မှ အကြောင်းပြချက်ဖြစ်သည့် အလင်းရောင်တွင် အဓိကထားခြင်းဖြစ်သည်။ အဓိက ကင်မရာအား Large-aperture high-transmittance မှန်ဘီလူး အုပ်စုများနှင့် RYYB SuperSensing Sensor တို့ဖြင့် တပ်ဆင်ထားသည့်အတွက် အမှောင်ထဲတွင်တောင် အသေးစိတ်ကျသော ပုံများအား ရိုက်ကူးနိုင်မည်ဖြစ်သည်။

Flagship စမတ်ဖုန်းများ၏ telephoto ကင်မရာများတွင် တော်တော်များများ တွေ့ရသည့် အလင်းရောင်ရရှိမှု မလုံလောက်ခြင်း ပြဿနာအားဖြေရှင်းရန် HUAWEI P60 Pro ၏ telephoto ကင်မရာတွင် အလင်းရောင်နည်းသည့် အခြေအနေနှင့် ညဘက်ရိုက်သည့်အခါတွင် အဆင်ပြေစေရန် Ultra Lighting မှန်ဘီလူးများအားထည့်သွင်းထားသည်။

HUAWEI P60 Pro ၏ super Moon Scene Feature သည် ညဘက်တွင် စမတ်ဖုန်းကင်မရာများဖြင့် ရိုက်ရန် အခက်အခဲရှိသည့် ဓါတ်ပုံဆရာများအတွက် အကောင်းဆုံး Feature တစ်ခုဖြစ်သည်။ HAUWEI P60 Pro နှင့်ပက်သတ်ပြီး သတင်းကောင်းမှာ လဓါတ်ပုံများအား ခလုတ်တစ်ချက်နှိပ်ရုံဖြင့် လွယ်ကူစွာ ရိုက်ကူးနိုင်ပြီဖြစ်သည်။

HUAWEI P60 Pro တွင် Macro photography ပါဝင်ပြီး Long Travel Slide Zoom မှန်ဘီလူးများပါ ထပ်မံထည့်သွင်းထားသည့်အတွက် အကွားအဝေးချိန်ရာတွင် အတိုးအလျော့များကို အလွယ်တကူချိန်ညှိနိုင်သည်။ Telephoto ကင်မရာသည် အဝေးမှာရှိသော အရာဝတ္ထုများအား အနီးကပ်ဆွဲယူရိုက်ကူးသည့် အခါတွင် ကြည်လင်ပြတ်သားစေပါသည်။

HUAWEI P60 Pro အား ဒီဇိုင်းပြုလုပ်ထားသော အင်ဂျင်နီယာများမှ လက်တွေ့ဘဝမှ အရာဝတ္ထုများနှင့် တူညီစေရန် နောက်ဆုံးပေါ် Texture Engine ပါဝင်သော XD Fusion Pro Algorithms အားထည့်သွင်း ထုတ်လုပ်ထားသည်။ လက်ဝတ်ရတနာများ၊ မှန်ဖြင့်ပြုလုပ်ထားသော အသုံးအဆောင်ပစ္စည်းများနှင့် မတူညီသောအရာများမှ ပြုလုပ်ထားသည့် နေ့စဉ်သုံးပစ္စည်းများအား ဓါတ်ပုံရိုက်ရာတွင် Texture Engine မှ AI machine learning ဖြင့်တည်ဆောက်ထားသော Deep Neutral Network မှ သတင်းအချက်အလက်များအား ထုတ်ပေးပြီး အသေးစိတ်တူညီသော ဓါတ်ပုံများအား ရရှိစေပါသည်။

HUAWEI P60 Pro တွင် F2.4 aperture ပါရှိသည့် 13MP Wide Angle Selfie ကင်မရာပါရှိပြီး 4K video ထုတ်ပေးနိုင်သည်။ ၎င်းအရှေ့တွင်ထုတ်ထားသောဖုန်းများကဲ့သို့ HUAWEI P60 Pro ၏ အရှေ့ဘက်ကင်မရာသည် Focus ပြတ်သားပြီး ကြည်လင်သော အသေးစိတ်ပုံရိပ်များအားရိုက်ကူးနိုင်စေသည်။

ယခင် Huawei P Series များ၏ကင်မရာများတွင် multi-camera fusion technology အား မိတ်ဆက်ခဲ့ပြီး Dual camera ခေတ်ကို ဦးဆောင်ခဲ့စဉ်ကတည်းက Huawei P Series သည် မိုးဘိုင်းဓါတ်ပုံပညာ ဖွံ့ဖြိုးတိုးတက်မှုအား ဦိးဆောင်ခဲ့ခြင်းဖြစ်သည်။ P Series ၏ Generation များနှင့်အတူ Huawei သည် ၎င်းတို့၏ စဉ်ဆက်မပြတ် အသစ်တီထွင်ဖန်တီးထားသော နည်းပညာများအား အံ့အားသင့်စေခဲ့ပါသည်။ မြန်မာနိုင်ငံရှိ ဓါတ်ပုံဆရာများနှင့် သုံးစွဲသူများလည်း HUAWEI P60 Pro အား ယခုလအတွင်းမကြာခင် တွေ့မြင်ရတော့မှာပဲဖြစ်သည်။

Source: HUAWEI