Huawei က P60 Series ကို ကြေညာလိုက်ပြီး P60, P60 Pro နဲ့ P60 Art တို့ ပါလာပါတယ်။ P60 Art ကတော့ ဒီဇိုင်း အထူးခြားဆုံး ဖြစ်ပြီး အလွန်လှပပါတယ်။

Huawei P60 series introduced with variable aperture lens, two-way satellite messaging and 88W charging

ဖုန်း အားလုံးမှာ တူညီတဲ့ 6.67” LTPO OLED FHD+ မျက်နှာပြင် တပ်ဆင်ထားပြီး 1-120Hz Refresh Rate ပါပါတယ်။ မျက်နှာပြင်ကို Kunlun Glass နဲ့ ကာကွယ်ထားပြီး မျက်နှာပြင်အောက်လက်ဗွေရာ ကိရိယာပါပါတယ်။

Huawei P60 series introduced with variable aperture lens, two-way satellite messaging and 88W charging

P60 Series မှာ ကင်မရာတွေက အလန်းဆုံး ဖြစ်ပြီး ဖုန်း အားလုံးမှာ တူညီတဲ့ RYYB Sensor နဲ့ OIS ပါတဲ့ 48MP Main ကင်မရာ တပ်ဆင်ထားပါတယ်။ Sensor မှာ ရှုခင်းကို အခြေပြုကာ အလိုအလျှောက် ပြောင်းလဲပေးနိုင်တဲ့ f/1.4-f/4.0 Ten-speed Variable Aperture ပါပါတယ်။

Huawei P60 series introduced with variable aperture lens, two-way satellite messaging and 88W charging

ဒီနည်းလမ်းက ပတ်ဝန်းကျင်ကို မူတည်ကာ အလင်းရောင် ပမာဏများစွာ ဖမ်းယူပေးနိုင်ပါတယ်။ Huawei က RYYB Sensor ရဲ့ အလင်းရောင် ဖမ်းယူပေးတဲ့ စွမ်းရည်ဟာ စမတ်ဖုန်း လောကမှာ အမြင့်ဆုံးလို့ ပြောပါတယ်။ Main ကင်မရာဟာ 4K Video ရိုက်ကူးပေးနိုင်ပါတယ်။

Huawei P60 series introduced with variable aperture lens, two-way satellite messaging and 88W charging

Ultrawide Sensor အကြောင်းပြောရရင် P60 နဲ့ P60 Pro မှာ တူညီတဲ့ 13MP f/2.2 Aperture နဲ့ P60 Art မှာ 40MP f/2.2 Aperture တပ်ဆင်ထားပါတယ်။ Telephoto Lens အကြောင်းပြောရရင် P60 မှာ 12MP f/3.4 Aperture, OIS , 125mm Equivalent Lens ပါပါတယ်။ P60 Pro နဲ့ P60 Art မှာ 48MP Telephoto , OIS, 90mm Equivalent Lens တပ်ဆင်ထားပြီး 3.5x Optical နဲ့ 100x Digital Zoom ထောက်ပံ့ပါတယ်။

 

P60 Pro နဲ့ P60 Pro Art ရဲ့ Telephoto Lens မှာ f/2.1 Aperture ပါလာပြီး တခြား ကုမ္ပဏီတွေရဲ့ ကင်မရာတွေထက် Night Shot တွေမှာ ပိုမိုကောင်းမွန်ပါတယ်။ Huawei က 48MP Telephoto Lens အသစ်ဟာ စမတ်ဖုန်း လောကမှာ အလင်းရောင်အများဆုံး ဖမ်းယူပေးနိုင်တယ်လို့ ညွှန်းထားပါတယ်။ အဲဒီ Sensor မှာ Three-axis Stabilization ထောက်ပံ့ထားပါတယ်။

Huawei P60 Art color options

P60 Sereis မှာ Huawei XD Fusion Pro Texture Engine ပါလာပြီး လူ့မျက်လုံးနဲ့ ကြည့်သလိုနီးပါး တူညီတဲ့ Object Texture တွေကို ထုတ်လုပ်ပေးနိုင်ပါတယ်။

P60 ဖုန်း အားလုံးမှာ အရင်နှစ်ထုတ် LTE ပဲရတဲ့ Snapdragon 8+ 4G Chipset မောင်းနှင်ထားပါတယ်။

P60 Series ရဲ့ ထူးခြားတဲ့ စွမ်းရည်က ဂြိုလ်တု ဆက်သွယ်ရေး ဖြစ်ပြီး Beidou ဂြိုလ်တုတွေကနေ Message တွေ ပေးပို့၊ ရယူနိုင်ပါတယ်။ ဖုန်း လိုင်းမမိတဲ့ အချိန်မှာ ဂြိုလ်တုဆက်သွယ်ရေးနဲ့ Message တွေ ပေးပို့၊ ရယူ နိုင်တာဖြစ်ပြီး ဒီလုပ်ဆောင်ချက်ကို တရုတ်မှာပဲ သုံးနိုင်ပါတယ်။

P60 နဲ့ P60 Pro မှာ 4,815mAh Battery ပါလာပြီး P60 မှာ 66W Wired Charging နဲ့ Pro မှာ 88W ထည့်ထားပါတယ်။ ဖုန်း ၂ လုံးစလုံးမှာ 50W Wireless Charging ပါပါတယ်။ P60 Art မှာ အနည်းငယ်ပိုကြီးတဲ့ 5,100mAh Battery တပ်ထားပြီး Silicon-carbon ဖြစ်တဲ့အတွက် Lithium-ion ထက် စွမ်းအင် ပိုမိုသိမ်းဆည်းနိုင်ပါတယ်။ ဖုန်း အားလုံးမှာ Harmony OS 3.1 မောင်းနှင်ထားပြီး IP68 စံနှုန်း ပါပါတယ်။

P60 နဲ့ P60 Pro အတွက် Feather Purple, Feather Black , Emerald နဲ့ Limited Rococo White အရောင်တွေ ထုတ်လုပ်ထားပြီး P60 Art အတွက် Blue Sea နဲ့ Quicksand Gold အရောင်တွေ ရွေးချယ်နိုင်ပါတယ်။

P60 ရဲ့ 128GB ကို ၆၅၇ ဒေါ်လာနဲ့ 512GB ကို ၈၇၇ ဒေါ်လာ သတ်မှတ်ထားပါတယ်။

P60 Pro ရဲ့ 256GB ကို ၁,၀၂၃ ဒေါ်လာနဲ့ 512GB ကို ၁,၁၇၀ ဒေါ်လာ သတ်မှတ်ထားပါတယ်။

P60 Art ရဲ့ 512GB ကို ၁,၃၁၆ ဒေါ်လာနဲ့ 1TB ကို ၁,၆၁၀ ဒေါ်လာ ကျသင့်မှာပါ။

P60 နဲ့ P60 Pro ကို တရုတ်မှာ မတ်လ ၃၀ ရက်နေ့နဲ့ P60 Art ကို ဧပြီလ ၇ ရက်နေ့ ရောင်းမှာဖြစ်ပြီး နိုင်ငံတကာမှာ ရောင်းမယ့်သတင်းကို မသိရသေးပါဘူး။

Ref : gsmarena