Huawei က P60 Series ကို ကြေညာဖို့ ပြင်ဆင်နေပြီး အဲဒီဖုန်းတွေနဲ့အတူ Huawei FreeBuds Pro 2+ TWS နားကြပ်ကိုပါ ချပြမှာပါ။ အခုတော့ Huawei ဟာ MWC Bercelona 2023 မှာ P60 Series ကို ကြေညာမယ်လို့ သတင်းထွက်လာပါတယ်။

Huawei P60 series

တရုတ် လူမှုကွန်ရက် ဝီဘိုမှာ Huawei P60 Series ရဲ့ သတင်းအချက်အလက်တွေကို Tipster တွေက ပို့စ်တင်ထားကြပါတယ်။ Tipster ၁ ယောက်က Huawei ဟာ P60 Series ရဲ့ ဒီဇိုင်းကို အချောသတ် ဖန်တီးပြီးပြီလို့ ရေးသားထားပါတယ်။ ကုမ္ပဏီဟာ ကင်မရာတွေကို အဆင့်မြှင့်ထားပြီး အနောက်ဘက်ကို သားရေနဲ့ ဖုံးအုပ်ထားမှာပါ။ တခြား သတင်းအရင်းအမြစ် ၁ ခုက Huawei ဟာ အဲဒီဖုန်းတွေကို MWC 2023 မှာ ကြေညာမယ်လို့ ပြောပါတယ်။

Huawei P60 series

Huawei ဟာ အရည်အသွေးမြင့် ကင်မရာတွေကို ထုတ်လုပ်တဲ့အတွက် နာမည်ကြီးပြီး P60 Series မှာလည်း ကင်မရာတွေ တော်တော်ကောင်းမှာ သေချာပါတယ်။ ပေါက်ကြားသတင်းတွေအရ Main , Wide Angle နဲ့ Telephoto ကင်မရာ ၃ လုံးကို အနောက်ဘက်မှာ တပ်ဆင်ထားနိုင်ပါတယ်။ လက်ရှိ ဈေးကွက်ထဲက စမတ်ဖုန်းတွေထဲမှာ ကင်မရာ အကောင်းဆုံးတွေထဲ ပါဝင်လာနိုင်ပါတယ်။

Huawei က P60 Series ကြေညာမယ့် နေ့ကို တရားဝင် မပြောသေးပါဘူး။ Mobile World Congress (MWC) 2023 ကို ဖေဖော်ဝါရီလ ၂၇ ရက်ကနေ မတ်လ ၂ ရက်နေ့အထိ ကျင်းပမှာ ဖြစ်ပြီး Huawei က အဲဒီပွဲမှာ စွမ်းရည်မြင့် P60 Series ကို ကြေညာမလားဆိုတာ ဆက်လက် စောင့်ကြည့်ရမှာပါ။

Ref : gizmochina