Zawgyi

Burmese Ghouls လို႔ဆုိလုိက္ရင္ ၂၀၁၈ ခုႏွစ္အတြင္းမွာ ျမန္မာႏုိင္ငံရဲ႕ ဂုဏ္ေဆာင္ Mobile Legends အသင္းတစ္သင္းလို႔ ေျပးျမင္မိၾကမွာပါ။ အခုခ်ိန္မွာေတာ့ MLBB သာမကဘဲ PUBG Mobile နဲ႔ Arena of Valor အသင္းေတြပါ ထပ္မံတုိးခ်ဲ႕ထားတဲ့ Burmese Ghouls ဟာ နည္းပညာကုမၸဏီႀကီး Huawei နဲ႔ ပထမဆုံးအႀကိမ္ တရားဝင္လက္တြဲေၾကာင္းကို ဝမ္းသာစရာ ေၾကညာလိုက္ပါတယ္။

Huawei ကုမၸဏီဟာ ျမန္မာျပည္တြင္းမွာ Esports ၿပိဳင္ပြဲမ်ားစြာ က်င္းပေပးခဲ့ၿပီး သူတုိ႔က်င္းပခဲ့တဲ့ Huawei Nova MLBB ၿပိဳင္ပြဲနဲ႔ PUBG Mobile ၿပိဳင္ပြဲေတြမွာ Burmese Ghouls အသင္းေတြကပဲ ဗုိလ္စြဲခဲ့တာ ျဖစ္ပါတယ္။ ဒါေၾကာင့္လည္း အခုလို လက္တြဲကူညီေပးဖုိ႔ ဆုံးျဖတ္ခဲ့တာ ျဖစ္ႏုိင္ပါတယ္။

Burmese Ghouls အသင္းဟာ လက္ရွိမွာ ၂၀၁၉ ခုႏွစ္ ဖိလစ္ပိုင္ဆီးဂိမ္းမွာ ေရႊတံဆိပ္ေပးမယ့္ အားကစားနည္းအျဖစ္ ပါဝင္လာတဲ့ MLBB နဲ႔ AoV ဂိမ္းေတြအတြက္ကိုလည္း MESL ၿပိဳင္ပြဲမွာ ဝင္ေရာက္ယွဥ္ၿပိဳင္ေနၿပီး ေနာက္ဆုံးရႈံးထြက္အဆင့္ေတြကို တက္ေရာက္ႏုိင္ခဲ့ပါတယ္။ ဖိလစ္ပိုင္ဆီးဂိမ္းမွာ Esports ကုိအားကစားအျဖစ္ တရားဝင္သတ္မွတ္လာၿပီး ပထမဆုံးအႀကိမ္အျဖစ္ ေရႊတံဆိပ္ေျခာက္ခု ေပးအပ္မွာ ျဖစ္ေပမယ့္ လက္ရွိအရမ္းေခတ္စားေနတဲ့ PUBG Mobile ကိုေတာ့ ထည့္သြင္းထားျခင္းမရွိပါဘူး။

Burmese Ghouls ဟာ Mobile Legends မွာ ေစာစီးစြာ ဖြဲ႕စည္းယွဥ္ၿပိဳင္ေနခဲ့တဲ့ ျပည္တြင္းအသင္း တစ္ခုျဖစ္ၿပီး ၂၀၁၈ ခုႏွစ္က MSC MM Qualifier နီးလာတဲ့အခါမွာ သူတုိ႔ကို Esports အဖြဲ႕အစည္းတစ္ခုအျဖစ္ Game Cast Network Myanmar (GCN) ကေန ေခၚယူခဲ့ပါတယ္။ အဲ့ဒီေနာက္မွာလည္း ျပည္တြင္းၿပိဳင္ပြဲေတြမွာ ေအာင္ျမင္မႈမ်ားစြာ ရယူထားခဲ့တဲ့အသင္းျဖစ္ပါတယ္။

Huawei Consumer စီးပြားေရးလုပ္ငန္းစုရဲ႕ မားကက္တင္းဒါရုိက္တာတစ္ေယာက္ျဖစ္တဲ့ မခင္ရတနာဝင္းမွ “ကၽြန္မတုိ႔ Huawei ဟာ လုပ္ငန္းလုပ္ေဆာင္ေနတဲ့ လူမႈဝန္းက်င္အတြက္ ပိုမုိတုိးတက္ေကာင္းမြန္တဲ့ ဝန္ေဆာင္မႈေတြကိုပဲ ဖန္တီးသယ္ေဆာင္လာဖို႔ စိတ္ဆုံးျဖတ္ထားတာပါ။ ကၽြန္မတုိ႔ လုပ္ငန္းလုပ္ကိုင္ေနတဲ့ေစ်းကြက္ ပတ္ဝန္းက်င္အတြင္းမွာ ေနရာယူျဖစ္ပ်က္ေနတဲ့အေျပာင္းအလဲေတြကို အျမဲေလ့လာေနတာျဖစ္တဲ့အတြက္ ဒီျမန္မာျပည္ေစ်းကြက္အတြင္းကို Esports စတင္ေရာက္ရွိလာတဲ့ အခ်ိန္မွာပဲ အခ်ိန္တုိအတြင္းမွာ အေကာင္းဆုံးအေနအထားေရာက္လာမယ္လို႔ ခန္႔မွန္းခဲ့ၾကပါတယ္။ ဒါ့ေၾကာင့္ အဲဒီအခ်ိန္တည္းက ေထာက္ပံ့မႈေတြကို စတင္ေပးအပ္ခဲ့ၿပီး အခုလိုမ်ဳိး Burmese Ghouls နဲ႔လည္း ပူးေပါင္းမႈကို ျပဳလုပ္ခဲ့တာျဖစ္ပါတယ္” လို႔ေျပာၾကားခဲ့ပါတယ္။

Unicode

Burmese Ghouls လို့ဆိုလိုက်ရင် ၂၀၁၈ ခုနှစ်အတွင်းမှာ မြန်မာနိုင်ငံရဲ့ ဂုဏ်ဆောင် Mobile Legends အသင်းတစ်သင်းလို့ ပြေးမြင်မိကြမှာပါ။ အခုချိန်မှာတော့ MLBB သာမကဘဲ PUBG Mobile နဲ့ Arena of Valor အသင်းတွေပါ ထပ်မံတိုးချဲ့ထားတဲ့ Burmese Ghouls ဟာ နည်းပညာကုမ္ပဏီကြီး Huawei နဲ့ ပထမဆုံးအကြိမ် တရားဝင်လက်တွဲကြောင်းကို ယနေ့မှာ ဝမ်းသာစရာကြေညာာလိုက်ပါတယ်။

Huawei ကုမ္ပဏီဟာ မြန်မာပြည်တွင်းမှာ Esports ပြိုင်ပွဲများစွာ ကျင်းပပေးခဲ့ပြီး သူတို့ကျင်းပခဲ့တဲ့ Huawei Nova MLBB ပြိုင်ပွဲနဲ့ PUBG Mobile ပြိုင်ပွဲတွေမှာ Burmese Ghouls အသင်းတွေကပဲ ဗိုလ်စွဲခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့်လည်း အခုလို လက်တွဲကူညီပေးဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်နိုင်ပါတယ်။

Burmese Ghouls အသင်းဟာ လက်ရှိမှာ ၂၀၁၉ ခုနှစ် ဖိလစ်ပိုင်ဆီးဂိမ်းမှာ ရွှေတံဆိပ်ပေးမယ့် အားကစားနည်းအဖြစ် ပါဝင်လာတဲ့ MLBB နဲ့ AoV ဂိမ်းတွေအတွက်ကိုလည်း MESL ပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်နေပြီး နောက်ဆုံးရှုံးထွက်အဆင့်တွေကို တက်ရောက်နိုင်ခဲ့ပါတယ်။ ဖိလစ်ပိုင်ဆီးဂိမ်းမှာ Esports ကိုအားကစားအဖြစ် တရားဝင်သတ်မှတ်လာပြီး ပထမဆုံးအကြိမ်အဖြစ် ရွှေတံဆိပ်ခြောက်ခု ပေးအပ်မှာ ဖြစ်ပေမယ့် လက်ရှိအရမ်းခေတ်စားနေတဲ့ PUBG Mobile ကိုတော့ ထည့်သွင်းထားခြင်းမရှိပါဘူး။

Burmese Ghouls ဟာ Mobile Legends မှာ စောစီးစွာ ဖွဲ့စည်းယှဉ်ပြိုင်နေခဲ့တဲ့ ပြည်တွင်းအသင်း တစ်ခုဖြစ်ပြီး ၂၀၁၈ ခုနှစ်က MSC MM Qualifier နီးလာတဲ့အခါမှာ သူတို့ကို Esports အဖွဲ့အစည်းတစ်ခုအဖြစ် Game Cast Network Myanmar (GCN) ကနေ ခေါ်ယူခဲ့ပါတယ်။ အဲ့ဒီနောက်မှာလည်း ပြည်တွင်းပြိုင်ပွဲတွေမှာ အောင်မြင်မှုများစွာ ရယူထားခဲ့တဲ့အသင်းဖြစ်ပါတယ်။

Huawei Consumer စီးပွားရေးလုပ်ငန်းစုရဲ့ မားကက်တင်းဒါရိုက်တာတစ်ယောက်ဖြစ်တဲ့ မခင်ရတနာဝင်းမှ “ကျွန်မတို့ Huawei ဟာ လုပ်ငန်းလုပ်ဆောင်နေတဲ့ လူမှုဝန်းကျင်အတွက် ပိုမိုတိုးတက်ကောင်းမွန်တဲ့ ဝန်ဆောင်မှုတွေကိုပဲ ဖန်တီးသယ်ဆောင်လာဖို့ စိတ်ဆုံးဖြတ်ထားတာပါ။ ကျွန်မတို့ လုပ်ငန်းလုပ်ကိုင်နေတဲ့ဈေးကွက် ပတ်ဝန်းကျင်အတွင်းမှာ နေရာယူဖြစ်ပျက်နေတဲ့အပြောင်းအလဲတွေကို အမြဲလေ့လာနေတာဖြစ်တဲ့အတွက် ဒီမြန်မာပြည်ဈေးကွက်အတွင်းကို Esports စတင်ရောက်ရှိလာတဲ့ အချိန်မှာပဲ အချိန်တိုအတွင်းမှာ အကောင်းဆုံးအနေအထားရောက်လာမယ်လို့ ခန့်မှန်းခဲ့ကြပါတယ်။ ဒါ့ကြောင့် အဲဒီအချိန်တည်းက ထောက်ပံ့မှုတွေကို စတင်ပေးအပ်ခဲ့ပြီး အခုလိုမျိုး Burmese Ghouls နဲ့လည်း ပူးပေါင်းမှုကို ပြုလုပ်ခဲ့တာဖြစ်ပါတယ်” လို့ပြောကြားခဲ့ပါတယ်။