[Zawgyi]

Huawei ဟာ P30 အတြက္ အေရာင္သစ္ႏွစ္မ်ိဳးကို ထပ္မံထုတ္လုပ္မွာျဖစ္ၿပီး ဒီအေရာင္သစ္နဲ႔ ဒီဇိုင္းေတြကို ဥေရာပဆိုင္ရာ မူပိုင္ခြင့္႐ုံးဆီ ေလွ်ာက္တင္ထားတယ္လို႔ သိရပါတယ္။ လက္ရွိေတြ႕ျမင္ရတဲ့ မူပိုင္ခြင့္႐ုပ္ပုံေတြမွာေတာ့ Huawei P30 ရဲ႕ အေရာင္တြဲစပ္မႈဟာ ကုမၸဏီရဲ႕ ပုံမွန္အေရာင္တြဲစပ္မႈဒီဇိုင္းေတြကေန ကြဲထြက္ေနတာပဲ ျဖစ္ပါတယ္။

Huawei က အခုတင္လိုက္တဲ့ အေရာင္သစ္နဲ႔ ဒီဇိုင္းႏွစ္ခုထဲက တစ္ခုက Gradient နီးနီး ျဖစ္ေပမယ့္ အျခားဒီဇိုင္းကေတာ့ အေရာင္ႏွစ္မ်ိဳးကို တစ္ကန႔္စီအသုံးျပဳထားတာပါ။ အနီးစပ္ဆုံးေျပာရရင္ေတာ့ Pixel 2 XL ရဲ႕ Panda ဗားရွင္းနဲ႔ ဆင္တူတယ္လို႔ပဲ ေျပာရမွာပါ။

Gradient အမ်ိဳးအစားကေတာ့ P30 ရဲ႕ Breathing Crystal ရဲ႕ မူကြဲလို႔ ဆိုႏိုင္ပါတယ္။ အနီးကပ္ေသခ်ာၾကည့္မယ္ဆိုရင္ေတာ့ အေရာင္အႏုအရင့္ကို တစ္ကန႔္စီထားၿပီးေပါင္းစပ္ထားတာ ျမင္ေတြ႕ရပါလိမ့္မယ္။ ေက်ာဘက္ထိပ္ပိုင္းရဲ႕ သုံးပုံတစ္ပုံကေတာ့ သီးသန႔္ကြဲျပားေနတဲ့ အကန႔္တစ္ကန႔္လို ျဖစ္ေနပါတယ္။ ဘယ္လိုပဲျဖစ္ျဖစ္ ဒီလိုတြဲစပ္ထားတာကေတာ့ သိမ္ေမြ႕တယ္လို႔ ဆိုရမွာပါ။

Huawei ရဲ႕ မူပိုင္ခြင့္ေလွ်ာက္ထားမႈက လြန္ခဲ့တဲ့ေမလေႏွာင္းပိုင္းကတည္းက ျဖစ္ပါတယ္။ ဒါေပမယ့္ မူပိုင္ခြင့္အေၾကာင္း သိရတာကေတာ့ ၾသဂုတ္လ ေႏွာင္းပိုင္းေရာက္မွပါ။ ဒါေၾကာင့္ Huawei အေနနဲ႔ IFA မွာ ဒီအေရာင္သစ္ေတြကို ေၾကညာမယ္လို႔ ယူဆရပါတယ္။ Huawei P30 Pro ကိုလည္း အေရာင္သစ္နဲ႔ ရရွိႏိုင္မလားဆိုတာကေတာ့ ရွင္းရွင္းလင္းလင္း မသိရေသးပါဘူး။

Ref: GSM Arena

[Unicode]

အရောင်နှစ်မျိုးတွဲစပ်ဒီဇိုင်းနဲ့ P30 ကို မူပိုင်ခွင့်တင်ထားတဲ့ Huawei

Huawei ဟာ P30 အတွက် အရောင်သစ်နှစ်မျိုးကို ထပ်မံထုတ်လုပ်မှာဖြစ်ပြီး ဒီအရောင်သစ်နဲ့ ဒီဇိုင်းတွေကို ဥရောပဆိုင်ရာ မူပိုင်ခွင့်ရုံးဆီ လျှောက်တင်ထားတယ်လို့ သိရပါတယ်။ လက်ရှိတွေ့မြင်ရတဲ့ မူပိုင်ခွင့်ရုပ်ပုံတွေမှာတော့ Huawei P30 ရဲ့ အရောင်တွဲစပ်မှုဟာ ကုမ္ပဏီရဲ့ ပုံမှန်အရောင်တွဲစပ်မှုဒီဇိုင်းတွေကနေ ကွဲထွက်နေတာပဲ ဖြစ်ပါတယ်။

Huawei က အခုတင်လိုက်တဲ့ အရောင်သစ်နဲ့ ဒီဇိုင်းနှစ်ခုထဲက တစ်ခုက Gradient နီးနီး ဖြစ်ပေမယ့် အခြားဒီဇိုင်းကတော့ အရောင်နှစ်မျိုးကို တစ်ကန့်စီအသုံးပြုထားတာပါ။ အနီးစပ်ဆုံးပြောရရင်တော့ Pixel 2 XL ရဲ့ Panda ဗားရှင်းနဲ့ ဆင်တူတယ်လို့ပဲ ပြောရမှာပါ။

Gradient အမျိုးအစားကတော့ P30 ရဲ့ Breathing Crystal ရဲ့ မူကွဲလို့ ဆိုနိုင်ပါတယ်။ အနီးကပ်သေချာကြည့်မယ်ဆိုရင်တော့ အရောင်အနုအရင့်ကို တစ်ကန့်စီထားပြီးပေါင်းစပ်ထားတာ မြင်တွေ့ရပါလိမ့်မယ်။ ကျောဘက်ထိပ်ပိုင်းရဲ့ သုံးပုံတစ်ပုံကတော့ သီးသန့်ကွဲပြားနေတဲ့ အကန့်တစ်ကန့်လို ဖြစ်နေပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဒီလိုတွဲစပ်ထားတာကတော့ သိမ်မွေ့တယ်လို့ ဆိုရမှာပါ။

Huawei ရဲ့ မူပိုင်ခွင့်လျှောက်ထားမှုက လွန်ခဲ့တဲ့မေလနှောင်းပိုင်းကတည်းက ဖြစ်ပါတယ်။ ဒါပေမယ့် မူပိုင်ခွင့်အကြောင်း သိရတာကတော့ သြဂုတ်လ နှောင်းပိုင်းရောက်မှပါ။ ဒါကြောင့် Huawei အနေနဲ့ IFA မှာ ဒီအရောင်သစ်တွေကို ကြေညာမယ်လို့ ယူဆရပါတယ်။ Huawei P30 Pro ကိုလည်း အရောင်သစ်နဲ့ ရရှိနိုင်မလားဆိုတာကတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

Ref: GSM Arena