Huawei ဟာ စမတ်ဖုန်း Camera Design ပိုင်းမှာ ပုံစံတစ်မျိုးထဲအသုံးပြုနေတာမဟုတ်ဘဲ Design အမျိုးမျိုးကို အသုံးပြုနေတာဖြစ်ပါတယ်။ ဥပမာ Huawei P Series ဖုန်းတွေရဲ့ Camera Design က Mate Series ဖုန်းတွေနဲ့ မတူသလိုမျိုးပဲ Mid Range ဖုန်းတွေရဲ့ Camera Design ကိုလည်း ကွဲထွက်နေအောင် ထုတ်လုပ်နေတာဖြစ်ပါတယ်။

အခုလည်း Huawei ကနေ လက်ရှိ တခြားသော စမတ်ဖုန်းတွေကနေ ကွဲပြားနေတဲ့ Camera Design တစ်ခုကို မူပိုင်ခွင့်ရယူလိုက်ပါပြီ။ ဒါကတော့ Quad Camera Setup ဘေးမှာ အချိန်နဲ့ Notification ကို ဖော်ပြနိုင်တဲ့ Display အသေးတစ်ခုကိုပါ ထည့်သွင်းလာမှာပဲဖြစ်ပါတယ်။

အဆိုပါ မူပိုင်ခွင့်ကို LetsGoDigital ကနေ တွေ့ရှိခဲ့တာဖြစ်ပြီး တရုတ်နိုင်ငံရဲ့ National Intellectual Property Administration ကနေ ပြီးခဲ့တဲ့ရက်သတ္တပတ်တုန်းက ထုတ်ပြန်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ ဒါပေမယ့် မူပိုင်ခွင့်ရယူတဲ့အဆင့်မှာပဲရှိနေသေးတဲ့အတွက် အဆိုပါ Design နဲ့ စမတ်ဖုန်းဘယ်အချိန်မှာ မိတ်ဆက်လာမလဲဆိုတာကိုတော့ မသိရှိရသေးပါဘူး။

အခုလိုမျိုး Camera Setup ဘေးနားမှာ Secondary Display ထည့်သွင်းထားတဲ့စမတ်ဖုန်းကို ယခင်တုန်းက Meizu ကနေ Pro 7 နာမည်နဲ့ မိတ်ဆက်ခဲ့ဖူးသလို လက်ရှိရောင်းချနေတဲ့ Samsung Galaxy Z Flip ဖုန်းမှာလည်း Camera ဘေးမှာ အချိန်နဲ့ Notification ကိုပြနိုင်တဲ့ Display အသေးတစ်ခုကို ထည့်သွင်းထားတာဖြစ်ပါတယ်။ အဲ့ဒီအတွက် Huawei အနေနဲ့ အခုလိုမျိုး Camera Setup ဘေးမှာ Secondary Display ကို ထည့်သွင်းထားမယ်ဆိုပေမယ့် တခြားဘယ်လိုမျိုး Feature တွေကိုပါ အသုံးပြုနိုင်မလဲဆိုတာကိုတေ့ာ ဆက်လက်စောင့်ကြည့်ရမှာပါ။

Ref – Android Authority